ဘာသာျပန္၊ မတ္လ(၃) ။ ။ လူမ်ိဳးမ်ားအလိုက္ မတူညီတဲ့ ဓေလ့ထံုးစံမ်ားရိွရာမွာ ေတာင္အေမရိကတိုက္ အေမဇုန္ေတာတြင္းက ယာႏိုမာမိ (Yanomami) လူမ်ိဳးစုရဲ႕ ဓေလ့ထံုးစံထဲက သၿဂဳႋလ္တဲ့ ဓေလ့ထံုးစံကေတာ့ ထူးျခားလြန္းတာကို ေတြ႔ရပါတယ္။
ဒီလူမ်ိဳးေတြရဲ႕သၿဂဳႋလ္္တဲ့အခါမွာ လူေသေတြရဲ႕အရိုးျပာေတြကို စြပ္ျပဳတ္ထဲထည့္ၿပီး ေသာက္ၾကရပါတယ္။
ယာႏိုမာမိေတြဟာ ရုပ္အေလာင္းကို မီးရိႈ႕လိုက္ၿပီး ျပာကို စြပ္ျပဳတ္ထဲထည့္ၿပီး ေသဆံုးသူေနထိုင္တဲ့ ေက်းရြာအတြင္းက လူအားလံုးကို တိုက္ေကၽြးရတာပါ။
ဒီလိုလုပ္ရတဲ့အေၾကာင္းရင္းက ယာႏိုမာမိေတြရဲ႕အယူအဆမွာ ေသဆံုးျခင္းဟာ သဘာဝတရားမဟုတ္ဘဲ အျခားလူမ်ိဳးစုတစ္ခုရဲ႕ ေမွာ္ဆရာေတြက တေစၦသရဲေတြကိုလႊတ္ၿပီး သူတို႔လူမ်ိဳးစုကို ေႏွာင့္ယွက္တာလို႔ ယူဆၾကတာျဖစ္ပါတယ္။
ဒါေၾကာင့္ တေစၦသရဲေတြ ေနာက္ထပ္မေႏွာင့္ယွက္ႏုိင္ေအာင္ ရုပ္အေလာင္းကို အခ်ိန္ၾကာျမင့္စြာ မီးသၿဂဳိႋလ္ၿပီး အရိုးျပာကို ခြဲေဝေသာက္သံုးၾကတာပါ။
ဒီလိုလုပ္ရျခင္းဟာ ေသသူရဲ႕ဝိညာဥ္ကို ထိန္းသိမ္းထားတာျဖစ္လို႔ အႏၱရာယ္ကင္းစြာ ဆက္လက္ အသက္ရွင္ ႏိုင္တယ္လို႔ ယံုၾကည္ၾကတာျဖစ္ပါတယ္။
အေလာင္းကို မီးမရိႈ႕ခင္မွာ ရုပ္အေလာင္းကို ေမွာ္ဆရာေနတဲ့ ေတာထဲက တဲေဘးနားမွာသြားထားၿပီး ပုပ္သိုးေဆြးေျမ႕သြားေအာင္ ရက္ေပါင္း(၃၀) ကေန (၄၅)ရက္အထိ ထားၿပီးမွ ထံုးစံအတိုင္း မီးရိႈ႕သၿဂဳႋလ္္တာ ျဖစ္ပါတယ္။
ေနာက္ေတာ့ အရိုးျပာေတြကိုေကာက္ၿပီး အခ်ဥ္ေဖာက္ထားတဲ့ ငွက္ေပ်ာႏွင့္ေရာၿပီး ရြာသားေတြ အားလံုးစုၿပီး ဘူးသီးနဲ႔ ျပဳလုပ္ထားတဲ့ခြက္ထဲမွာ အရိုးျပာစြပ္ကိုထည့္ၿပီး ရြာသားေတြ အလွည့္က်စားၾကတာပါ။
လူမ်ိဳးစုထဲက အမ်ိဳးသားကို အျခားလူမ်ိဳးစုထဲက အသတ္ခံရတယ္ဆိုလွ်င္ အသုဘလုပ္နည္းလည္း ကြာျခားသြားပါတယ္။
ရန္ၿငိဳးေတြကုန္သြားဖို႔အတြက္ အေလာင္းပုပ္သိုးေဆြးေျမ႕သြားေအာင္ ႏွစ္ခ်ီၿပီး ၾကာျမင့္စြာထားပါတယ္။ အေလာင္းပုပ္သိုးေဆြးေျမ႕မသြားေသးရင္ ေသသြားတဲ့ ၀ိညာဥ္ဟာ ေနာက္ဘဝကို မကူးေသးဘူးလို႔ ယံုၾကည္ၾကတာပါ။ အေလာင္းပုပ္သိုးသြားရင္ေတာ့ ေသသြားတဲ့လူရဲ႕အရိုးျပာကို ေသာက္ၾကတယ္။ ဒီအခါမွာေတာ့ လူမ်ိဳးစုထဲကအမ်ိဳးသမီးေတြကိုသာ ေသာက္သံုးေစပါတယ္။ ဒါကေတာ့ ေသဆံုးသူရဲ႕ ၀ိညာဥ္ကို ေနာင္ဘ၀ကို ေအးခ်မ္းစြာပို႔ေပးတာလို႔ ယံုၾကည္ၾကပါတယ္။
ယာႏိုမာမိလူမ်ိဳးစုေတြဟာ ဗင္နီဇြဲလားနဲ႔ ဘရာဇီးႏုိင္ငံႏွစ္ခုၾကားထဲက နယ္စပ္ေဒသ အေမဇုန္ မိုးသစ္ေတာထဲမွာ ေနထိုင္ၾကတာျဖစ္ၿပီးေတာ့ ခန္႔မွန္းေျခအားျဖင့္ သံုးသိန္းခြဲေလာက္ရိွတယ္လို႔ ခန္႔မွန္းထားၾကတာပါ။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; kapook, yanomami-hilfe.de
*****************
( unicode )
ဘာသာပြန်၊ မတ်လ(၃)။ လူမျိုးများအလိုက် မတူညီတဲ့ ဓလေ့ထုံးစံများရှိရာမှာ တောင်အမေရိကတိုက် အမေဇုန်တောတွင်းက ယာနိုမာမိ (Yanomami) လူမျိုးစုရဲ့ ဓလေ့ထုံးစံထဲက သင်္ဂြိုလ်တဲ့ဓလေ့ထုံးစံကတော့ ထူးခြားလွန်းတာကို တွေ့ရပါတယ်။
ဒီလူမျိုးတွေရဲ့သင်္ဂြိုလ်တဲ့အခါမှာ လူသေတွေရဲ့အရိုးပြာတွေကို စွပ်ပြုတ်ထဲထည့်ပြီး သောက်ကြရပါတယ်။
ယာနိုမာမိတွေဟာ ရုပ်အလောင်းကို မီးရှို့လိုက်ပြီး ပြာကို စွပ်ပြုတ်ထဲထည့်ပြီး သေဆုံးသူနေထိုင်တဲ့ ကျေးရွာအတွင်းက လူအားလုံးကို တိုက်ကျွေးရတာပါ။
ဒီလိုလုပ်ရတဲ့အကြောင်းရင်းက ယာနိုမာမိတွေရဲ့အယူအဆမှာ သေဆုံးခြင်းဟာ သဘာဝတရားမဟုတ်ဘဲ အခြားလူမျိုးစုတစ်ခုရဲ့ မှော်ဆရာတွေက တစ္ဆသေရဲတွေကိုလွှတ်ပြီး သူတို့လူမျိုးစုကို နှောင့်ယှက်တာလို့ ယူဆကြတာဖြစ်ပါတယ်။
ဒါကြောင့် တစ္ဆသေရဲတွေ နောက်ထပ်မနှောင့်ယှက်နိုင်အောင် ရုပ်အလောင်းကို အချိန်ကြာမြင့်စွာ မီးသင်္ဂြိုလ်ပြီး အရိုးပြာကို ခွဲဝေသောက်သုံးကြတာပါ။
ဒီလိုလုပ်ရခြင်းဟာ သေသူရဲ့ဝိညာဉ်ကို ထိန်းသိမ်းထားတာဖြစ်လို့ အန္တရာယ်ကင်းစွာ ဆက်လက် အသက်ရှင် နိုင်တယ်လို့ ယုံကြည်ကြတာဖြစ်ပါတယ်။
အလောင်းကို မီးမရှို့ခင်မှာ ရုပ်အလောင်းကို မှော်ဆရာနေတဲ့ တောထဲက တဲဘေးနားမှာသွားထားပြီး ပုပ်သိုးဆွေးမြေ့သွားအောင် ရက်ပေါင်း(၃၀) ကနေ (၄၅)ရက်အထိ ထားပြီးမှ ထုံးစံအတိုင်း မီးရှို့သင်္ဂြိုလ်တာ ဖြစ်ပါတယ်။
နောက်တော့ အရိုးပြာတွေကိုကောက်ပြီး အချဉ်ဖောက်ထားတဲ့ ငှက်ပျောနှင့်ရောပြီး ရွာသားတွေ အားလုံးစုပြီး ဘူးသီးနဲ့ ပြုလုပ်ထားတဲ့ခွက်ထဲမှာ အရိုးပြာစွပ်ကိုထည့်ပြီး ရွာသားတွေ အလှည့်ကျစားကြတာပါ။
လူမျိုးစုထဲက အမျိုးသားကို အခြားလူမျိုးစုထဲက အသတ်ခံရတယ်ဆိုလျှင် အသုဘလုပ်နည်းလည်း ကွာခြားသွားပါတယ်။
ရန်ငြိုးတွေကုန်သွားဖို့အတွက် အလောင်းပုပ်သိုးဆွေးမြေ့သွားအောင် နှစ်ချီပြီး ကြာမြင့်စွာထားပါတယ်။ အလောင်းပုပ်သိုးဆွေးမြေ့မသွားသေးရင် သေသွားတဲ့ ဝိညာဉ်ဟာ နောက်ဘဝကို မကူးသေးဘူးလို့ ယုံကြည်ကြတာပါ။ အလောင်းပုပ်သိုးသွားရင်တော့ သေသွားတဲ့လူရဲ့အရိုးပြာကို
သောက်ကြတယ်။ ဒီအခါမှာတော့ လူမျိုးစုထဲကအမျိုးသမီးတွေကိုသာ သောက်သုံးစေပါတယ်။ ဒါကတော့ သေဆုံးသူရဲ့ ဝိညာဉ်ကို နောင်ဘဝကို အေးချမ်းစွာပို့ပေးတာလို့ ယုံကြည်ကြပါတယ်။
ယာနိုမာမိလူမျိုးစုတွေဟာ ဗင်နီဇွဲလားနဲ့ ဘရာဇီးနိုင်ငံနှစ်ခုကြားထဲက နယ်စပ်ဒေသ အမေဇုန်မိုးသစ်တောထဲမှာ နေထိုင်ကြတာဖြစ်ပြီးတော့ ခန့်မှန်းခြေအားဖြင့် သုံးသိန်းခွဲလောက်ရှိတယ်လို့ ခန့်မှန်းထားကြတာပါ။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; kapook, yanomami-hilfe.de