စစ္ေတြ၊ မတ္လ (၁၈) ရက္ ။ ရခိုင္ျပည္နယ္အတြင္း မူးယစ္ေဆးဝါးေရာင္းဝယ္သူမ်ားသည္၂၀၁၂ ခုႏွစ္ ရခုိင္ျပည္နယ္အတြင္း ပဋိပကၡအၿပီး ထြက္ေပၚလာသည့္ ဒုကၡသည္စခန္းမ်ားျဖစ္သည့္ ဒါးပုိင္၊ ဘုေမ၊ သကၠယ္ျပင္ ရြာမ်ားမွ စခန္းမ်ားကို အမ်ားဆံုး အသံုးျပဳလာသည္ဟု ရခုိင္ျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးေနမ်ိဳးက ေျပာၾကား လိုက္သည္။
“ကၽြန္ေတာ္တုိ႔ ဒါေတြကုိ စီမံခ်က္နဲ႔ ဖမ္းဆီးမယ္ဆုိၿပီး ျပင္ဆင္ေနၾကပါတယ္။ ဒါေတြကုိ လုပ္ကုိင္သူေတြက ဒုကၡသည္စခန္းေနရာေတြကုိ အခ်ိန္းအခ်က္ထားၿပီး လုပ္လာၾကတယ္။ တဖက္မွာလည္း ဘဂၤလားေဒ့ရွ္ဘက္ကုိ ထြက္ေပါက္က အဲဒီဘက္မွာရွိေနတယ္ေလ။”ဟု ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးေနမ်ိဳးက ဆိုသည္။
သကၠယ္ျပင္ ေက်းရြာအုပ္စုျဖစ္သည့္ ဆတ္အုိးရြာတြင္ ၂၀၁၆ ခုႏွစ္ မတ္လ ၁ ရက္ေန႔က က်ပ္သိန္းတစ္ရာေက်ာ္ တန္ဖုိးရွိသည့္ မူးယစ္ေဆးဝါးမ်ားကုိ ဒုကၡသည္တစ္ဦးထံမွ ဖမ္းဆီးရမိခဲ့ေၾကာင္း စစ္ေတြၿမိဳ႕နယ္၊ မူးယစ္ရဲတပ္ဖြဲ႔စုမွ ဦးရီထြန္းသန္႔ထံမွ သိရသည္။
“အဲဒီ ဒုကၡသည္စခန္းေတြဘက္မွာက မူးယစ္ေဆးဝါးေတြက ဒီဘက္ ျပည္မထဲကလည္း စိတ္ၾကြေဆးျပားေတြ ေရာင္းခ်မႈရွိေနသလုိ အဲဒီဘဂၤလားေဒ့ရွ္ဘက္က ဝင္တဲ့ ဖန္စီဒုိင္း၊ ေဆးေျခာက္ရြက္တုိ႔ကုိ ျပည္မဖက္ကုိ တင္သြင္းမႈေတြ ရွိေနပါတယ္။ ကၽြန္ေတာ္တုိ႔ ဖမ္းမိထားတဲ့ သူဆီကေန ကြင္းဆက္ေတြကုိ လုိက္ေနပါတယ္။ ”ဟု ၎ကဆိုသည္။
ရခုိင္ျပည္နယ္တြင္း WY စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရရိွမႈမွာ ၂၀၁၀ ခုႏွစ္တြင္ (၂၁) မႈ၊ ၂၀၁၁ ခုႏွစ္တြင္ (၁၈) မႈ၊ ၂၀၁၂ ခုႏွစ္တြင္ (၁၅) မႈ၊၂၀၁၃ ခုႏွစ္တြင္ (၃၄) မႈ၊ ၂၀၁၄ ခုႏွစ္တြင္ (၁၂) မႈ၊ ၂၀၁၅ ခုႏွစ္တြင္ (၉၁) မႈရိွေၾကာင္း ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕မွႈးရံုးမွ စာရင္းမ်ားအရ သိရသည္။
သတင္း။ ။ RiA
**************
စစ်တွေ၊ မတ်လ (၁၈) ရက်။ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများသည်၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခအပြီး ထွက်ပေါ်လာသည့် ဒုက္ခသည်စခန်းများဖြစ်သည့် ဒါးပိုင်၊ ဘုမေ၊ သက္ကယ်ပြင် ရွာများမှ စခန်းများကို အများဆုံး အသုံးပြုလာသည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြား လိုက်သည်။
“ကျွန်တော်တို့ ဒါတွေကို စီမံချက်နဲ့ ဖမ်းဆီးမယ်ဆိုပြီး ပြင်ဆင်နကြေပါတယ်။ ဒါတွေကို လုပ်ကိုင်သူတွေက ဒုက္ခသည်စခန်းနေရာတွေကို အချိန်းအချက်ထားပြီး လုပ်လာကြတယ်။ တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပေါက်က အဲဒီဘက်မှာရှိနေတယ်လေ။”ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။
သက္ကယ်ပြင် ကျေးရွာအုပ်စုဖြစ်သည့် ဆတ်အိုးရွာတွင် ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့က ကျပ်သိန်းတစ်ရာကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဒုက္ခသည်တစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွမြေို့နယ်၊ မူးယစ်ရဲတပ်ဖွဲ့စုမှ ဦးရီထွန်းသန့်ထံမှ သိရသည်။
“အဲဒီ ဒုက္ခသည်စခန်းတွေဘက်မှာက မူးယစ်ဆေးဝါးတွေက ဒီဘက် ပြည်မထဲကလည်း စိတ်ကြွဆေးပြားတွေ ရောင်းချမှုရှိနေသလို အဲဒီဘင်္ဂလားဒေ့ရှ်ဘက်က ဝင်တဲ့ ဖန်စီဒိုင်း၊ ဆေးခြောက်ရွက်တို့ကို ပြည်မဖက်ကို တင်သွင်းမှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ဖမ်းမိထားတဲ့ သူဆီကနေ ကွင်းဆက်တွေကို လိုက်နေပါတယ်။ ”ဟု၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင်း WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုမှာ ၂၀၁၀ ခုနှစ်တွင် (၂၁) မှု၊ ၂၀၁၁ ခုနှစ်တွင် (၁၈) မှု၊ ၂၀၁၂ ခုနှစ်တွင် (၁၅) မှု၊၂၀၁၃ ခုနှစ်တွင် (၃၄) မှု၊ ၂၀၁၄ ခုနှစ်တွင် (၁၂) မှု၊ ၂၀၁၅ ခုနှစ်တွင် (၉၁) မှုရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးမှ စာရင်းများအရ သိရသည်။
သတင်း။ RiA