လဲခ်ား၊ မတ္လ(၅) ။ ။ ရွမ္းျပည္နယ္၊ ေတာင္ပိုင္း လဲခ်ားၿမိဳ႕ ေဒသတဝိုက္တြင္ ေတာျပဳန္းလာမႈေၾကာင့္ မီးေသြးေစ်းျမင့္လာသျဖင့္ အစားထိုး ေလာင္စာေတာင့္မ်ားအား ေျပာင္းလဲ အသံုးျပဳလာေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
"အဓိကေတာ့ ေတာျပဳန္းသြားတာဗ်။ မီးေသြးဖုတ္တဲ့ေနရာမွာ အသံုးျပဳတဲ့ ထင္းေတြ အခုတ္မ်ားတာရယ္ ေနအိမ္ေဆာက္ဖို႔ သစ္ခုတ္တာတို႔၊ ျခံတိုင္အတြက္ခုတ္တာေတြ မ်ားလာေတာ့ ရွားသြားတာပါ။ ဒါေၾကာင့္ မီးေသြးရွားသြားတာ"ဟု ေဒသခံတစ္ဦးက ေျပာသည္။
လဲခ်ားၿမိဳ႕တြင္ မီးေသြးရွားပါးၿပီး အျခားေဒသမ်ားမွ ေလာင္စာေတာင့္မ်ားကို တင္သြင္းေနရသျဖင့္ မီးေသြးကို အဓိကထား၍ အသံုးျပဳရသည့္ စားေသာက္ဆိုင္ႏွင့္ ေခါက္ဆြဲဆိုင္လုပ္ငန္း အခ်ိဳ႕မွာ ဆိုင္ပိတ္သိမ္းလိုက္ရျခင္းမ်ားလည္းရိွေနေၾကာင္း သိရသည္။
လဲခ်ားၿမိဳ႕တြင္ မီးေသြးေစ်းႏႈန္းမွာ ၂၀၁၅ ခုႏွစ္အတြင္း တစ္အိတ္လွ်င္ က်ပ္(၃၅၀၀)ရွိခဲ့ရာမွ ၂၀၁၆ ခုႏွစ္အတြင္း က်ပ္(၆၅၀၀)အထိ ေစ်းႏွဳန္းျမင့္တက္ခဲ့ၿပီး အလြယ္တကူ ၀ယ္ယူ၍မရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
"အစားထိုးေလာင္စာေတာင့္ဆိုေတာ့ မီးေသြးမွဳန္႔နဲ႔ ရႊံ႕ေစး၊ ဖြဲေတြကို ေပါင္းထားတာပါ။ ေလာင္စာေတာင့္တစ္ခဲကို (၁)နာရီေက်ာ္ၾကာခံတယ္။ ေစ်းႏွဳန္းလည္း သက္သာေတာ့ ဒါကိုေျပာင္း သံုးေနၾကပါၿပီ"ဟု ေလာင္စာေတာင့္ အေရာင္းဒိုင္မွ ေျပာသည္။
လဲခ်ားၿမိဳ႕နယ္အတြင္း လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္ႏွင့္ ၾကက္ေမြးျမဴေရးျခံလုပ္ငန္းမ်ားတြင္ အပူေပးရန္ မီးေသြး အစားထိုး ေလာင္စာေတာင့္မ်ားကို သံုးစြဲမ်ားရွိလာေၾကာင္း သိရသည္။
ေလာင္စာေတာင့္အား မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕နယ္မွ အဓိကမွာယူတင္သြင္းျခင္းျဖစ္ၿပီး အေတာင့္(၃၀)ပါ တစ္အိတ္လွ်င္ က်ပ္ေငြ(၃၅၀၀) က်သင့္ေၾကာင္း သိရသည္။
သတင္း။ ။ ဟံႏိုင္
**********
လဲချား၊ မတ်လ(၅)။ ရှမ်းပြည်နယ်၊ တောင်ပိုင်း လဲချားမြို့ ဒေသတဝိုက်တွင် တောပြုန်းလာမှုကြောင့် မီးသွေးဈေးမြင့်လာသဖြင့် အစားထိုး လောင်စာတောင့်များအား ပြောင်းလဲ အသုံးပြုလာကြောင်း ဒေသခံများထံမှသိရသည်။
"အဓိကတော့ တောပြုန်းသွားတာဗျ။ မီးသွေးဖုတ်တဲ့နေရာမှာ အသုံးပြုတဲ့ ထင်းတွေ အခုတ်များတာရယ် နေအိမ်ဆောက်ဖို့ သစ်ခုတ်တာတို့၊ ခြံတိုင်အတွက်ခုတ်တာတွေ များလာတော့ ရှားသွားတာပါ။ ဒါကြောင့် မီးသွေးရှားသွားတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။
လဲချားမြို့တွင် မီးသွေးရှားပါးပြီး အခြားဒေသများမှ လောင်စာတောင့်များကို တင်သွင်းနေရသဖြင့် မီးသွေးကို အဓိကထား၍ အသုံးပြုရသည့် စားသောက်ဆိုင်နှင့် ခေါက်ဆွဲဆိုင်လုပ်ငန်း အချို့မှာ ဆိုင်ပိတ်သိမ်းလိုက်ရခြင်းများလည်းရှိနေကြောင်း သိရသည်။
လဲချားမြို့တွင် မီးသွေးဈေးနှုန်းမှာ ၂၀၁၅ ခုနှစ်အတွင်း တစ်အိတ်လျှင် ကျပ်(၃၅၀၀)ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်အတွင်း ကျပ်(၆၅၀၀)အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အလွယ်တကူ ဝယ်ယူ၍မရကြောင်း ဒေသခံများထံမှ သိရသည်။
"အစားထိုးလောင်စာတောင့်ဆိုတော့ မီးသွေးမှုန့်နဲ့ ရွှံ့စေး၊ ဖွဲတွေကို ပေါင်းထားတာပါ။ လောင်စာတောင့်တစ်ခဲကို (၁)နာရီကျော်ကြာခံတယ်။ ဈေးနှုန်းလည်း သက်သာတော့ ဒါကိုပြောင်း သုံးနကြေပါပြီ"ဟု လောင်စာတောင့် အရောင်းဒိုင်မှ ပြောသည်။
လဲချားမြို့နယ်အတွင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကြက်မွေးမြူရေးခြံလုပ်ငန်းများတွင် အပူပေးရန် မီးသွေး အစားထိုး လောင်စာတောင့်များကို သုံးစွဲများရှိလာကြောင်း သိရသည်။
လောင်စာတောင့်အား မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှ အဓိကမှာယူတင်သွင်းခြင်းဖြစ်ပြီး အတောင့်(၃၀)ပါ တစ်အိတ်လျှင် ကျပ်ငွေ(၃၅၀၀) ကျသင့်ကြောင်း သိရသည်။
သတင်း။ ဟံနိုင်