ဘာသာျပန္၊ မတ္လ(၂) ။ ။ အိႏၵိယႏိုင္ငံမွာ အသက္(၃၅)ႏွစ္အရြယ္ရွိ ဟာနန္႔ အန္ရာ(၀္) ၀ါရီကာ ဆိုတဲ့လူက မိသားစုဝင္ (၁၄)ဦးကို လုပ္ႀကံလိုက္တာေၾကာင့္ အသက္(၅)လအရြယ္ကေလးတစ္ဦး အပါအဝင္ ကေလး (၇) ဦးလည္း ေသဆံုးသြားခဲ့ ရပါတယ္။
ျဖစ္စဥ္ကေတာ့ တန္နီၿမိဳ႕က ေနအိမ္မွာ မိသားစုရဲ႕ဓေလ့ထံုးစံပြဲ ျပဳလုပ္ဖို႔အတြက္ မိသားစုေတြ အားလံုး အရပ္ရပ္မွလာၿပီး စုေနၾကတာျဖစ္ပါတယ္။
ဟာနန္႔ အန္ရာ(၀္) ၀ါရီကာ က အစားအေသာက္ေတြထဲ အိပ္ေဆးထည့္ၿပီးေနာက္ အားလံုး သတိေမ့သြားတဲ့အခ်ိန္မွာ တစ္ေယာက္ခ်င္းစီကို လည္လွီးသတ္လိုက္တာျဖစ္ၿပီး ကိုယ့္ကိုကိုယ္လည္း သတ္ေသလိုက္တာျဖစ္တယ္လို႔ သိရပါတယ္။
ဒါေပမဲ့ မိသားစုထဲက ဟာနန္႔ အန္ရာ(၀္) ၀ါရီကာရဲ႕ ညီမျဖစ္သူတစ္ေယာက္ေတာ့ ကံေကာင္းစြာနဲ႔ အသက္ေဘးက လြတ္လာခဲ့တာပါ။
သူမက ထြက္ေျပးၿပီး အိမ္နီးနားခ်င္းဆီမွာ ပုန္းေအာင္းေနတာကို ရဲတပ္ဖြဲ႔က ေတြ႔ၿပီးကူညီႏုိင္ခဲ့တာပါ။ ယခုလက္ရွိမွာေတာ့ သူမဟာ ေၾကာက္ရြံ႕ေနတုန္းျဖစ္တာေၾကာင့္ ဘာမွ ထြက္ဆိုခ်က္ မေပးႏုိင္ေသးပါဘူး။
ဟာနန္႔ အန္ရာ(၀္) ၀ါရီကာဟာ မြမ္ဘိုင္းၿမိဳ႕မွာ အလုပ္လုပ္ေနတာျဖစ္ၿပီး ေငြေရးေၾကးေရး အခက္အခဲလည္း မရိွဘူးလို႔ သိရပါတယ္။
သူ႔အေနနဲ႔ ဘာေၾကာင့္ ဒီေလာက္ရက္စက္တဲ့အမႈကို က်ဴးလြန္ခဲ့သလဲဆိုတာကို ရဲတပ္ဖြဲ႕က စစ္ေဆးေနဆဲလို႔ သိရပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; dna india
*****************
( unicode )
ဘာသာပြန်၊ မတ်လ(၂)။ အိန္ဒိယနိုင်ငံမှာ အသက်(၃၅)နှစ်အရွယ်ရှိ ဟာနန့် အန်ရာ(ဝ်) ဝါရီကာ ဆိုတဲ့လူက မိသားစုဝင် (၁၄)ဦးကို လုပ်ကြံလိုက်တာကြောင့် အသက်(၅)လအရွယ်ကလေးတစ်ဦး အပါအဝင် ကလေး (၇) ဦးလည်း သေဆုံးသွားခဲ့ ရပါတယ်။
ဖြစ်စဉ်ကတော့ တန်နီမြို့က နေအိမ်မှာ မိသားစုရဲ့ဓလေ့ထုံးစံပွဲ ပြုလုပ်ဖို့အတွက် မိသားစုတွေ အားလုံး အရပ်ရပ်မှလာပြီး စုနကြေတာဖြစ်ပါတယ်။
ဟာနန့် အန်ရာ(ဝ်) ဝါရီကာ က အစားအသောက်တွေထဲ အိပ်ဆေးထည့်ပြီးနောက် အားလုံး သတိမေ့သွားတဲ့အချိန်မှာ တစ်ယောက်ချင်းစီကို လည်လှီးသတ်လိုက်တာဖြစ်ပြီး ကိုယ့်ကိုကိုယ်လည်း သတ်သေလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မိသားစုထဲက ဟာနန့် အန်ရာ(ဝ်) ဝါရီကာရဲ့ ညီမဖြစ်သူတစ်ယောက်တော့ ကံကောင်းစွာနဲ့ အသက်ဘေးက လွတ်လာခဲ့တာပါ။
သူမက ထွက်ပြေးပြီး အိမ်နီးနားချင်းဆီမှာ ပုန်းအောင်းနေတာကို ရဲတပ်ဖွဲ့က တွေ့ပြီးကူညီနိုင်ခဲ့တာပါ။ ယခုလက်ရှိမှာတော့ သူမဟာ ကြောက်ရွံ့နေတုန်းဖြစ်တာကြောင့် ဘာမှ ထွက်ဆိုချက် မပေးနိုင်သေးပါဘူး။
ဟာနန့် အန်ရာ(ဝ်) ဝါရီကာဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်နေတာဖြစ်ပြီး ငွေရေးကြေးရေး အခက်အခဲလည်း မရှိဘူးလို့ သိရပါတယ်။
သူ့အနေနဲ့ ဘာကြောင့် ဒီလောက်ရက်စက်တဲ့အမှုကို ကျူးလွန်ခဲ့သလဲဆိုတာကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲလို့ သိရပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; dna india