ထိုင္းႏုိင္ငံတြင္ အဓမၼျပဳက်င့္ခံရသည့္ ျမန္မာအမ်ိဳးသမီးအေရး ဆႏၵျပသည့္ ျမန္မာလုပ္သား ၄၀၀ အလုပ္ျဖဳတ္ခံရမည္ဟု ၿခိမ္းေျခာက္ခံထားရ

ထိုင္းႏုိင္ငံတြင္ အဓမၼျပဳက်င့္ခံရသည့္ ျမန္မာအမ်ိဳးသမီးအေရး ဆႏၵျပသည့္ ျမန္မာလုပ္သား ၄၀၀ အလုပ္ျဖဳတ္ခံရမည္ဟု ၿခိမ္းေျခာက္ခံထားရ
မတ် 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၉) ရက္ ။   ။ ထုိင္းႏိုင္ငံေတာင္ပိုင္း နခြန္ဆီထမရၿမိဳ႕နယ္၊ က်န္ဒီၿမိဳ႕ သစ္စက္ အေခ်ာထည္စက္ရံုတစ္ခုတြင္ အလုပ္လုပ္ ေနသည့္ ျမန္မာအမ်ိဳးသမီးတစ္ဦးအား ထိုင္းအမ်ိဳးသားႏွစ္ဦးက ေသနတ္ေထာက္ အဓမၼျပဳက်င့္မႈႏွင့္ ပတ္သက္၍ ဆႏၵျပသည့္ ျမန္မာလုပ္သား (၄၀၀)ခန္႔အား အလုပ္ျဖဳတ္မည္ဟု ၿခိမ္းေျခာက္ခံေနရေၾကာင္း သိရသည္။

အဓမၼျပဳက်င့္ခ့ဲရာ မတ္လ(၇)ရက္ေန႔က ျဖစ္ပြားခဲ့ၿပီး ျမန္မာအလုပ္သမား(၄၀၀)ခန္႔က မတ္လ (၈) ရက္ေန႔တြင္ ဆႏၵထုတ္ေဖာ္ၾကသျဖင့္ အလုပ္ျဖဳတ္မည္ဟု ၿခိမ္းေျခာက္ခံရျခင္းျဖစ္ၿပီး ျမန္မာသံရံုး အလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ၀င္(AAC)မဟာမိတ္အဖြဲ႕က အလုပ္သမားမ်ားအား အကူအညီေပးရန္ ႀကိဳးစားေနေၾကာင္း သိရသည္။

" အခု ဆႏၵျပတဲ့ အလုပ္သမားေတြကို အလုပ္ရွင္က အလုပ္ျဖဳတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ထားတယ္။ ဒါေၾကာင့္ AAC မဟာမိတ္အဖြဲ႕သားေတြ အဲဒီ က်န္ဒီၿမိဳ႕ကို ကူညီဖို႔သြားေနပါၿပီ"ဟု (AAC)မဟာမိတ္အဖြဲ႕၀င္ ကိုရဲမင္းက ေျပာသည္။

အဆိုပါ အမ်ိဳးသမီးႏွင့္ ခင္ပြန္းျဖစ္သူသည္ စက္ရံုတစ္ခုတည္းတြင္ အလုပ္လုပ္ေနၾကျခင္းျဖစ္ၿပီး လသားအရြယ္ ကေလးငယ္တစ္ဦးလည္း ရိွေၾကာင္း သိရသည္။

"အခု မုဒိမ္းက်င့္တဲ့ ထုိင္းႏွစ္ေယာက္က အလုပ္ၾကပ္ေတြလို႔ ေျပာတယ္။ လုပ္ငန္းခြင္ထဲမွာလည္း ျမန္မာအလုပ္သမားေတြကို အၿမဲအႏိုင္က်င့္ဗိုလ္က်ေနတဲ့ စက္ရံုလူမိုက္ေတြလို႔ေျပာတယ္"ဟု AAC မဟာမိတ္အဖြဲ႕၀င္ ကိုရဲမင္းက ဆိုသည္။

ဆႏၵျပရာတြင္ ပါ၀င္ေသာ အလုပ္သမား(၄၀၀)အား ဥပေဒမဲ့ အလုပ္ထုတ္ပယ္ျခင္း မခံရရန္ႏွင့္ အဓမၼျပဳက်င့္မႈအတြက္ အမႈမွန္ေပၚေပါက္ရန္ ျမန္မာသံရံုးအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ၀င္(AAC)မဟာမိတ္အဖြဲ႕၀င္မ်ားက သက္ဆိုင္ရာအာဏာပိုင္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း။   ။ ကိုဇက္

*********

 ( unicode )

တာချီလိတ်၊ မတ်လ (၉) ရက်။ ထိုင်းနိုင်ငံတောင်ပိုင်း နခွန်ဆီထမရမြို့နယ်၊ ကျန်ဒီမြို့ သစ်စက် အချောထည်စက်ရုံတစ်ခုတွင် အလုပ်လုပ် နေသည့် မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းအမျိုးသားနှစ်ဦးက သေနတ်ထောက် အဓမ္မပြုကျင့်မှုအား ဆန္ဒပြသည့် မြန်မာလုပ်သား (၄၀၀)ခန့်အား အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

အဓမ္မပြုကျင့်ခဲ့ရာ မတ်လ(၇)ရက်နေ့က ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား(၄၀၀)ခန့်က မတ်လ (၈) ရက်နေ့တွင် ဆန္ဒထုတ်ဖော်ကြသဖြင့် အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ခံရခြင်းဖြစ်ပြီး မြန်မာသံရုံး အလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီဝင်(AAC)မဟာမိတ်အဖွဲ့က အလုပ်သမားများအား အကူအညီပေးရန် ကြိုးစားနေကြောင်း သိရသည်။

" အခု ဆန္ဒပြတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အလုပ်ဖြုတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ ဒါကြောင့် AAC မဟာမိတ်အဖွဲ့သားတွေ အဲဒီ ကျန်ဒီမြို့ကို ကူညီဖို့သွားနေပါပြီ"ဟု (AAC)မဟာမိတ်အဖွဲ့ဝင် ကိုရဲမင်းက ပြောသည်။

အဆိုပါ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူသည် စက်ရုံတစ်ခုတည်းတွင် အလုပ်လုပ်နကြခြေင်းဖြစ်ပြီး လသားအရွယ် ကလေးငယ်တစ်ဦးလည်း ရှိကြောင်း သိရသည်။

"အခု မုဒိမ်းကျင့်တဲ့ ထိုင်းနှစ်ယောက်က အလုပ်ကြပ်တွေလို့ ပြောတယ်။ လုပ်ငန်းခွင်ထဲမှာလည်း မြန်မာအလုပ်သမားတွေကို အမြဲအနိုင်ကျင့်ဗိုလ်ကျနေတဲ့ စက်ရုံလူမိုက်တွေလို့ပြောတယ်"ဟု AAC မဟာမိတ်အဖွဲ့ဝင် ကိုရဲမင်းက ဆိုသည်။

ဆန္ဒပြရာတွင် ပါဝင်သော အလုပ်သမား(၄၀၀)အား ဥပဒေမဲ့ အလုပ်ထုတ်ပယ်ခြင်း မခံရရန်နှင့် အဓမ္မပြုကျင့်မှုအတွက် အမှုမှန်ပေါ်ပေါက်ရန် မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီဝင်(AAC)မဟာမိတ်အဖွဲ့ဝင်များက သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~