ဒီအမျိုးသမီးဟာ ဟာပါဆေးရုံမှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ (၁၄)ယောက်မြောက်ယောက်ျားရဲ့ (၁၄)ယောက်မြောက် ရင်သွေးကို မွေးဖွားပြီး အဖေ (၁၄)ယောက်ကြောင့် ကလေး(၁၄)ယောက်မွေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ဝင်သွားတာပါ။
သူ့အနေနဲ့ သူနဲ့လိုက်ဖက်တဲ့ယောက်ျားကိုတွေ့ဖို့ ကြိုးစားရွေးချယ်ရင်း (၁၄)ယောက်မြောက်ခင်ပွန်းကို သူ့အတွက် အလိုက်ဖက်ဆုံးအဖြစ် ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။
ဘာသာပြန်။ ။ နန်းမောက်ကွမ်
Ref; khaosod,Guinness
***************
ဘာသာပြန်၊ မတ်လ(၄)။အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့က အသက်(၃၆)နှစ်အရွယ် အနိသာဆုလီဗဲန် ဆိုတဲ့အမျိုးသမီးရဲ့ ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားမှုကတော့ အများနဲ့မတူတဲ့ အံ့မခန်းစိတ်ကူးလို့ ပြောရပါမယ်။
ဒီအမျိုးသမီးဟာ ဟာပါဆေးရုံမှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ (၁၄)ယောက်မြောက်ယောကျာ်းရဲ့ (၁၄)ယောက်မြောက် ရင်သွေးကို မွေးဖွားပြီး အဖေ (၁၄)ယောက်ကြောင့် ကလေး(၁၄)ယောက်မွေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ဝင်သွားတာပါ။
“ကျွန်မက ဘာမှမဟုတ်တဲ့သူလို့ ကျွန်မအမေက အမြဲတွေးထားတာလေ။ ကျွန်မဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုမတွေ့နိုင်ဘူးလို့ ပြောထားတာ။ အခုတော့ ကျွန်မက ကမ္ဘာပေါ်မှာ ဘယ်သူမှ မလုပ်နိုင်တဲ့အလုပ်ကို လုပ်နိုင်တဲ့သူဖြစ်နပြေီ”လို့ အင်တာဗျူးတစ်ခုမှာ ဒီအမျိုးသမီးက ဖြေထားပါတယ်။
သူ့အနေနဲ့ သူနဲ့လိုက်ဖက်တဲ့ယောကျာ်းကိုတွေ့ဖို့ ကြိုးစားရွေးချယ်ရင်း (၁၄)ယောက်မြောက်ခင်ပွန်းကို သူ့အတွက် အလိုက်ဖက်ဆုံးအဖြစ် ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။
“ကျွန်မဘဝထဲဝင်လာတဲ့ ယောကျာ်းတွေထဲက ကျွန်မနဲ့ လိုက်ဖက်တဲ့လူကို ကြိုးစားပြီး ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မရဲ့အတိတ်က မှားယွင်းတဲ့ရွေးချယ်မှုတွေကနေ သင်ခန်းစာအများကြီးရပါတယ်။ အခုတော့ ကျွန်မနဲ့ လိုက်ဖက်တဲ့သူကိုတွေ့ပါပြီ”လို့ ဂင်းနစ်စံချိန်တင်ထားတဲ့မေမေက ဆိုပါတယ်။
အနိသာနဲ့ ကလေးတွေအကြောင်းကို Guinness Book of World Record ရဲ့ လာမဲ့ ၂၀၁၇ခုနှစ် စာစောင်မှာ အသိမှတ်ပြုထားတာပါ။ Guinness World Record ဟာ ကမ္ဘာတလွှားက အံ့သြဖွယ် စံချိန်တင်သူများအကြောင်းကို မှတ်တမ်းဖော်ပြနေတာ ဖြစ်ပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; khaosod,Guinness