က်ိဳင္းတံုၿမိဳ႕၌ အေဆာက္အဦေဆာက္လုပ္ရာတြင္ သစ္သားအစား သံထည္ အသံုးျပဳမႈမ်ားလာ

က်ိဳင္းတံုၿမိဳ႕၌ အေဆာက္အဦေဆာက္လုပ္ရာတြင္ သစ္သားအစား သံထည္ အသံုးျပဳမႈမ်ားလာ
ဖေဖော်ဝါရီ 24, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေဖေဖာ္၀ါရီလ(၂၄)၊    ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ အေဆာက္အဦမ်ား ေဆာက္လုပ္ရာတြင္ သစ္သားအစား သံထည္ အသံုးျပဳမႈမ်ား လာေၾကာင္း သိရသည္။

"သံပန္း(သံထည္)နဲ႔ေဆာက္တာက ေစ်းႏႈန္းသက္သာတယ္။ အခ်ိန္သက္သာတယ္။ လွ်ပ္စစ္မီးနဲ႔ လုပ္ရေတာ့ ဓာတ္လိုက္မယ့္ အႏၲရာယ္ေတာ့ ေၾကာက္ရတယ္။ ၿပီးေတာ့အဓိကက ဝရိန္က မ်က္လံုးကို ထိတယ္ဗ်။ အျမင့္ေပၚတက္ရတာကေတာ့ ႐ိုးေနပါၿပီ။ ဒါက ပစၥည္းစရိတ္ သက္သာေပမဲ့ အႏၲရာယ္မ်ားၿပီး လက္ဝင္တဲ့အတြက္ လက္ခကေတာ့ မ်ားတယ္။ မဆိုးပါဘူး" ဟု သံပန္းလုပ္ငန္း လုပ္ကိုင္သည့္ ဦးအားဖူက ေျပာသည္။

အိမ္ေဆာက္ရာတြင္ အသံုးျပဳသည့္ သစ္သားတိုင္၊ အာစီတိုင္၊ သစ္သားဒိုင္းမ်ားအစား သံတိုင္၊ သံဒိုင္းမ်ားကို အသံုးျပဳ၍ တည္ေဆာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

"အရင္က သံထည္ပစၥည္းက ရွားတယ္။ ျပည္မဘက္ကေန ဝယ္ရေတာ့ ေစ်းႀကီးတယ္။ ၿပီးေတာ့ လက္ခ ကလည္း ေစ်းမ်ားေတာ့ လူေတြက စိတ္မဝင္စားၾကဘူးေလ။ ခုေတာ့ လူသိမ်ားလာတယ္။ သံေခ်ာင္း ေတြကလည္း ထိုင္းႏိုင္ငံကေန အလြယ္တကူ ဝယ္ယူလို႔ရေနၿပီ။ အဆင္ေျပသြားတာေပါ့" ဟု (၁၅) ႏွစ္ၾကာ သံပန္းလုပ္ငန္း လုပ္ကိုင္ေနသူ ကိုေဇာ္မင္းႏိုင္က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ အေဆာက္အဦမ်ားကို သစ္သားအစားထိုး ေဆာက္လုပ္မႈႏွင့္အတူ အင္ဂ်င္နီယာ မဟုတ္သည့္ ကန္ထရိုက္မ်ားျဖင့္ ေဆာက္လုပ္သူမ်ားလာေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"အင္ဂ်င္နီယာနဲ႔ဆို အတြက္အခ်က္တိက်ၿပီး ကုန္က်စရိတ္မ်ားတယ္။ ကန္ထ႐ိုက္ဆရာကေတာ့ ကိုယ္တတ္ႏိုင္တဲ့ ေငြေၾကးေပၚမူတည္ၿပီး ျဖစ္ေအာင္ ေဆာက္ေပးၾကတယ္" ဟု လက္ရိွတြင္ ကန္ထရိုက္ႏွင့္ အိမ္ေဆာက္ေနသည့္ ကိုစိုင္းက ေျပာသည္။

လက္ရိွ က်ိဳင္းတံုၿမိဳ႕၏ ေဆာက္လုပ္ေရး လုပ္ငန္းခြင္မ်ားတြင္ ပန္းရံ၊ လက္သမားဆရာတစ္ဦး၏ တစ္ရက္ဝင္ေငြမွာ က်ပ္(၁၁,၀၀၀)ခန္႔ျဖစ္ၿပီး လုပ္သားတစ္ဦး၏ ေန႔စဥ္လုပ္ခမွာ က်ပ္(၆၀၀၀) ဝန္းက်င္ႏွင့္ သံပန္းဆရာတစ္ဦးမွာ တစ္ရက္ (၁၅,၀၀၀) က်ပ္ရရွိၿပီး သံပန္းေနာက္လိုက္တစ္ဦးမွာ ေန႔စားခ က်ပ္(၇၀၀၀) ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။   ။ ဇင္ေအာင္
*******************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အဆောက်အဦများ ဆောက်လုပ်ရာတွင် သစ်သားအစား သံထည် အသုံးပြုမှုများ လာကြောင်း သိရသည်။

"သံပန်း(သံထည်)နဲ့ဆောက်တာက ဈေးနှုန်းသက်သာတယ်။ အချိန်သက်သာတယ်။ လျှပ်စစ်မီးနဲ့ လုပ်ရတော့ ဓာတ်လိုက်မယ့် အန္တရာယ်တော့ ကြောက်ရတယ်။ ပြီးတော့အဓိကက ဝရိန်က မျက်လုံးကို ထိတယ်ဗျ။ အမြင့်ပေါ်တက်ရတာကတော့ ရိုးနေပါပြီ။ ဒါက ပစ္စည်းစရိတ် သက်သာပေမဲ့ အန္တရာယ်များပြီး လက်ဝင်တဲ့အတွက် လက်ခကတော့ များတယ်။ မဆိုးပါဘူး" ဟု သံပန်းလုပ်ငန်း လုပ်ကိုင်သည့် ဦးအားဖူက ပြောသည်။

အိမ်ဆောက်ရာတွင် အသုံးပြုသည့် သစ်သားတိုင်၊ အာစီတိုင်၊ သစ်သားဒိုင်းများအစား သံတိုင်၊ သံဒိုင်းများကို အသုံးပြု၍ တည်ဆောက်လာခြင်းဖြစ်ကြောင်း သိရသည်။

"အရင်က သံထည်ပစ္စည်းက ရှားတယ်။ ပြည်မဘက်ကနေ ဝယ်ရတော့ ဈေးကြီးတယ်။ ပြီးတော့ လက်ခ ကလည်း ဈေးများတော့ လူတွေက စိတ်မဝင်စားကြဘူးလေ။ ခုတော့ လူသိများလာတယ်။ သံချောင်း တွေကလည်း ထိုင်းနိုင်ငံကနေ အလွယ်တကူ ဝယ်ယူလို့ရနပြေီ။ အဆင်ပြေသွားတာပေါ့" ဟု (၁၅) နှစ်ကြာ သံပန်းလုပ်ငန်း လုပ်ကိုင်နေသူ ကိုဇော်မင်းနိုင်က ပြောသည်။

ကျိုင်းတုံမြို့တွင် အဆောက်အဦများကို သစ်သားအစားထိုး ဆောက်လုပ်မှုနှင့်အတူ အင်ဂျင်နီယာ မဟုတ်သည့် ကန်ထရိုက်များဖြင့် ဆောက်လုပ်သူများလာကြောင်း ဒေသခံများထံမှ သိရသည်။

"အင်ဂျင်နီယာနဲ့ဆို အတွက်အချက်တိကျပြီး ကုန်ကျစရိတ်များတယ်။ ကန်ထရိုက်ဆရာကတော့ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပေါ်မူတည်ပြီး ဖြစ်အောင် ဆောက်ပေးကြတယ်" ဟု လက်ရှိတွင် ကန်ထရိုက်နှင့် အိမ်ဆောက်နေသည့် ကိုစိုင်းက ပြောသည်။

လက်ရှိ ကျိုင်းတုံမြို့၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ပန်းရံ၊ လက်သမားဆရာတစ်ဦး၏ တစ်ရက်ဝင်ငွေမှာ ကျပ်(၁၁,ဝဝဝ)ခန့်ဖြစ်ပြီး လုပ်သားတစ်ဦး၏ နေ့စဉ်လုပ်ခမှာ ကျပ်(၆၀၀၀) ဝန်းကျင်နှင့် သံပန်းဆရာတစ်ဦးမှာ တစ်ရက် (၁၅,ဝဝဝ) ကျပ်ရရှိပြီး သံပန်းနောက်လိုက်တစ်ဦးမှာ နေ့စားခ ကျပ်(၇၀၀၀) ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇင်အောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~