သက္ေသခံ လက္မွတ္ထုတ္ေပးရန္ ျငင္းလိုက္သျဖင့္ ထိုင္းမွျမန္မာလုပ္သားမ်ား အခြင့္အေရးဆံုးရႈံးႏိုင္

သက္ေသခံ လက္မွတ္ထုတ္ေပးရန္ ျငင္းလိုက္သျဖင့္ ထိုင္းမွျမန္မာလုပ္သားမ်ား အခြင့္အေရးဆံုးရႈံးႏိုင္
ဖေဖော်ဝါရီ 19, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံတြင္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ သက္ေသခံလက္မွတ္စာအုပ္ထုတ္ေပးသည့္ ဌာနမ်ား ဖြင့္လွစ္ရန္ ထုိင္းႏိုင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္က ျငင္းဆိုလိုက္သျဖင့္ ျမန္မာႏိုင္ငံသား အလုပ္သမားမ်ား အခြင့္အေရး ဆံုးရွံဳးမႈမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း သိရသည္။

Photo: Ko Ye Min ( AAC )

"ထိုင္းအစိုးရရဲ႕ အစည္းအေ၀း ဆံုးျဖတ္ခ်က္ခ်မွသာ အတည္ျဖစ္မွာပါ။ အခုထိေတာ့ ဘာမွေသေသခ်ာခ်ာ မသိရေသးဘူး။ တကယ္လို႔ သက္ေသခံလက္မွတ္စာအုပ္(CI)ေတြသာ ထုတ္မေပးေတာ့ဘဲ ပန္းေရာင္ကတ္ျပားေတြ သာ ထုတ္ေပးရင္ အလုပ္သမားအခြင့္အေရးေတြဆံုးရွံဳးမွာပါ။ သူတို႔ သတ္မွတ္ထားတဲ့ေနရာမွာပဲ အလုပ္လုပ္ရၿပီး တျခားေရႊ႕ေျပာင္းလုပ္ကိုင္လို႔မရပါဘူး"ဟု ျမန္မာေရႊ႕ေျပာင္း အလုပ္သမားကြန္ရက္ (MWRN)မွ ဦးေအာင္ေက်ာ္က ေျပာသည္။

ထုိင္းႏိုင္ငံတြင္ ေနထိုင္ခြင့္ သက္တမ္းကုန္ဆံုးေတာ့မည့္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမား(၁)သိန္းေက်ာ္ရွိၿပီး ေရႊ႕ေျပာင္း အလုပ္သမားမ်ားအတြက္ အလုပ္လုပ္ကိုင္ခြင့္ကတ္ျပားမ်ား ထုတ္ေပးျခင္းႏွင့္ပတ္သက္၍ ထုိင္းႏိုင္ငံတြင္းမွ ျမန္မာအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေနသူမ်ားထံ ထုိင္းအစိုးရမွ သေဘာထားအျမင္မ်ား ေတာင္းခံရာ CI လက္မွတ္မ်ား ထုတ္ေပးရန္ ေတာင္းဆိုခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္ Prawit Wongsuwan က ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီ(၁၁)ရက္ႏွင့္ (၁၂)ရက္ေန႔မ်ားတြင္ က်င္းပခဲ့ေသာ ျမန္မာ - ထုိင္း ႏွစ္ႏိုင္ငံ အစိုးရ အစည္းအေ၀းအၿပီးတြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအား သက္ေသခံလက္မွတ္ထုတ္ေပးမည့္ဌာနမ်ား ဖြင့္လွစ္မည့္ကိစၥႏွင့္ပတ္သက္၍ ထုိင္းသတင္းေထာက္မ်ား၏ ေမးျမန္းခ်က္အား ဖြင့္လွစ္ရန္မလိုအပ္ေၾကာင္း ျငင္းဆိုခဲ့ျခင္းျဖစ္သည္။

"ႏိုင္ငံသားစိစစ္ေရးဌာနေတြ ထိုင္းႏိုင္ငံတြင္းမွာ လာေရာက္ဖြင့္လွစ္ဖို႔မလိုပါဘူး။ ကိုယ့္ႏိုင္ငံကိုယ္ျပန္ၿပီး Passport လုပ္ၿပီး ျပန္၀င္လာၿပီး အလုပ္လုပ္ပါ"ဟု ၎မွေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရသိရသည္။

ခုလက္ရွိတြင္ ထုိင္းႏိုင္ငံ အလုပ္သမား၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ထုိင္းႏိုင္ငံအတြင္းမွ ေရႊ႕ေျပာင္းလုပ္သားမ်ားအား ၂၀၁၆ ခုႏွစ္ မတ္လ(၃၁)ရက္ေန႔တြင္ ပန္းေရာင္ကတ္ျပားမ်ားကို (၂)ႏွစ္သက္တမ္းတိုးခြင့္ေပးထားၿပီး ထိုင္းႏုိင္ငံတြင္း အလုပ္လုပ္ကိုင္သည့္ သက္တမ္း (၆)ႏွစ္ျပည့္တဲ့သူမ်ားအား (၂)ႏွစ္သက္တမ္း ထပ္မံတိုးခြင့္ေပးထားျခင္းျဖစ္ကာ (MOU)ႏွင့္(၄)ႏွစ္ ဗီဇာသက္တမ္းျပည့္သူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံျပန္ၿပီးမွ ထိုင္းႏိုင္ငံသို႔ ျပန္လည္၀င္ေရာက္လာရမည္ ျဖစ္ေၾကာင္း သိရသည္။

"ပန္ေရာင္ကတ္ဆိုရင္ သူတို႔ အလုပ္ထုတ္ခ်င္တဲ့အခ်ိန္ထုတ္ သူတို႔ေပးတဲ့လစာနဲ႔ ေနရတာ။ တျခား အလုပ္ေကာင္းတဲ့ေနရာလည္း ေျပာင္းလို႔မရဘူး။ ဒါေၾကာင့္ ပန္းေရာင္ကတ္ေတာ့ မလိုခ်င္ဘူး"ဟု ခ်င္းမိုင္ၿမိဳ႕မွ ေရႊ႕ေျပာင္းျမန္မာလုပ္သား မဇင္ႏွင္းထိုက္က ေျပာသည္။

ထုိင္းႏိုင္ငံအတြင္း စစ္တမ္းမ်ားအရ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံအလုပ္သမား(၆)သိန္းခန္႔ရွိၿပီး ယခု သက္တမ္းကုန္ဆံုးမည့္ အလုပ္သမား(၁)သိန္းခန္႔ရွိေၾကာင္း သိရသည္။
*************************

( unicode )

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံလက်မှတ်စာအုပ်ထုတ်ပေးသည့် ဌာနများ ဖွင့်လှစ်ရန် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ငြင်းဆိုလိုက်သဖြင့် မြန်မာနိုင်ငံသား အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

"ထိုင်းအစိုးရရဲ့ အစည်းအေဝး ဆုံးဖြတ်ချက်ချမှသာ အတည်ဖြစ်မှာပါ။ အခုထိတော့ ဘာမှသေသေချာချာ မသိရသေးဘူး။ တကယ်လို့ သက်သေခံလက်မှတ်စာအုပ်(CI)တွေသာ ထုတ်မပေးတော့ဘဲ ပန်းရောင်ကတ်ပြားတွေ သာ ထုတ်ပေးရင် အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးမှာပါ။ သူတို့ သတ်မှတ်ထားတဲ့နေရာမှာပဲ အလုပ်လုပ်ရပြီး တခြားရွှေ့ပြောင်းလုပ်ကိုင်လို့မရပါဘူး"ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက် (MWRN)မှ ဦးအောင်ကျော်က ပြောသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် သက်တမ်းကုန်ဆုံးတော့မည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား(၁)သိန်းကျော်ရှိပြီး ရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားများ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင်းမှ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်နေသူများထံ ထိုင်းအစိုးရမှ သဘောထားအမြင်များ တောင်းခံရာ CI လက်မှတ်များ ထုတ်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan က ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ(၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် ကျင်းပခဲ့သော မြန်မာ - ထိုင်း နှစ်နိုင်ငံ အစိုးရ အစည်းအေဝးအပြီးတွင် ရွှေ့ပြောင်းလုပ်သားများအား သက်သေခံလက်မှတ်ထုတ်ပေးမည့်ဌာနများ ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းသတင်းထောက်များ၏ မေးမြန်းချက်အား ဖွင့်လှစ်ရန်မလိုအပ်ကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

"နိုင်ငံသားစိစစ်ရေးဌာနတွေ ထိုင်းနိုင်ငံတွင်းမှာ လာရောက်ဖွင့်လှစ်ဖို့မလိုပါဘူး။ ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး Passport လုပ်ပြီး ပြန်ဝင်လာပြီး အလုပ်လုပ်ပါ"ဟု၎င်းမှပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

ခုလက်ရှိတွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်းမှ ရွှေ့ပြောင်းလုပ်သားများအား ၂၀၁၆ ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် ပန်းရောင်ကတ်ပြားများကို (၂)နှစ်သက်တမ်းတိုးခွင့်ပေးထားပြီး ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်သည့် သက်တမ်း (၆)နှစ်ပြည့်တဲ့သူများအား (၂)နှစ်သက်တမ်း ထပ်မံတိုးခွင့်ပေးထားခြင်းဖြစ်ကာ (MOU)နှင့်(၄)နှစ် ဗီဇာသက်တမ်းပြည့်သူများအနဖြေင့် မြန်မာနိုင်ငံပြန်ပြီးမှ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရမည် ဖြစ်ကြောင်း သိရသည်။

"ပန်ရောင်ကတ်ဆိုရင် သူတို့ အလုပ်ထုတ်ချင်တဲ့အချိန်ထုတ် သူတို့ပေးတဲ့လစာနဲ့ နေရတာ။ တခြား အလုပ်ကောင်းတဲ့နေရာလည်း ပြောင်းလို့မရဘူး။ ဒါကြောင့် ပန်းရောင်ကတ်တော့ မလိုချင်ဘူး"ဟု ချင်းမိုင်မြို့မှ ရွှေ့ပြောင်းမြန်မာလုပ်သား မဇင်နှင်းထိုက်က ပြောသည်။

ထိုင်းနိုင်ငံအတွင်း စစ်တမ်းများအရ ရွှေ့ပြောင်း မြန်မာနိုင်ငံအလုပ်သမား(၆)သိန်းခန့်ရှိပြီး ယခု သက်တမ်းကုန်ဆုံးမည့် အလုပ်သမား(၁)သိန်းခန့်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~