တာခ်ီလိတ္၊ ေဖေဖာ္၀ါရီလ(၂၄) ။ ။တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္တစ္ခုျဖစ္သည့္ တာခ်ီလိတ္နယ္စပ္ တံတား(၂)စင္းကို ၾကမ္းခင္းေစ်း က်ပ္သိန္းေပါင္း (၃၁၀၀)ေက်ာ္ျဖင့္ ေစ်းၿပိဳင္ ေလလံေလွ်ာက္လႊာ ေခၚယူထားလွ်က္ရွိရာ လတ္တေလာတြင္ လာေရာက္ေလွ်ာက္ထားသူ မရွိေသးသည့္အတြက္ ေလလံေလွ်ာက္လႊာ လက္ခံမည့္ရက္ကို ေဖေဖာ္၀ါရီလ(၂၉)ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္ထားၿပီး မတ္လ(၁)ရက္ေန႔တြင္ ေလလံေရာင္းခ်ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေလလံေလွ်ာက္လႊာ ေခၚယူမႈကို ေဖေဖာ္၀ါရီလ(၂၃)ရက္ေန႔မွ ေဖေဖာ္၀ါရီလ(၂၉)ရက္ေန႔အထိ ရက္တိုးသတ္မွတ္ထားၿပီး၊ ေလွ်ာက္လႊာကိစၥရပ္မ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီရံုးတြင္ စံုစမ္းႏိုင္ေၾကာင္းႏွင့္ မတ္လ(၁)ရက္ေန႔ နံနက္(၁၀)နာရီ အခ်ိန္၌ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီရံုးတြင္ ေလလံေရာင္းခ်ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္အတြက္ ထုိင္း - ျမန္မာ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ႏွင့္ အမွတ္(၂) ဘီးေကာက္လိုင္စင္အား ၾကမ္းခင္းေစ်း က်ပ္သိန္းေပါင္း (၉၇၉)သိန္းျဖင့္ ေစ်းၿပိဳင္စနစ္ျဖင့္ စတင္ဖြင့္လွစ္ခဲ့ရာ က်ပ္သိန္းေပါင္း(၂၉၅၅)သိန္းျဖင့္ ေလလံေအာင္ျမင္သြားခဲ့ၿပီးေနာက္၊ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အတြက္ ၾကမ္းခင္းေစ်းအား က်ပ္သိန္းေပါင္း(၃၁၀,၂၈၀,၀၀၀)သိန္းျဖင့္ ေလွ်ာက္လႊာ ေခၚယူထားရွိရာ လတ္တေလာတြင္ လာေရာက္ေလွ်ာက္ထားသူ မရွိေသးေၾကာင္း သိရသည္။
*******************
တာချီလိတ်၊ ဖေဖော်ဝါရီလ(၂၄)။တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ် အခွင့်အရေးလိုင်စင်တစ်ခုဖြစ်သည့် တာချီလိတ်နယ်စပ် တံတား(၂)စင်းကို ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၃၁၀၀)ကျော်ဖြင့် ဈေးပြိုင် လေလံလျှောက်လွှာ ခေါ်ယူထားလျှက်ရှိရာ လတ်တလောတွင် လာရောက်လျှောက်ထားသူ မရှိသေးသည့်အတွက် လေလံလျှောက်လွှာ လက်ခံမည့်ရက်ကို ဖေဖော်ဝါရီလ(၂၉)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပြီး မတ်လ(၁)ရက်နေ့တွင် လေလံရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေလံလျှောက်လွှာ ခေါ်ယူမှုကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၉)ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားပြီး၊ လျှောက်လွှာကိစ္စရပ်များကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် စုံစမ်းနိုင်ကြောင်းနှင့် မတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီ အချိန်၌ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် လေလံရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွက် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂) ဘီးကောက်လိုင်စင်အား ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၉၇၉)သိန်းဖြင့် ဈေးပြိုင်စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ကျပ်သိန်းပေါင်း(၂၉၅၅)သိန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီးနောက်၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကြမ်းခင်းဈေးအား ကျပ်သိန်းပေါင်း(၃၁၀,၂၈၀,ဝဝဝ)သိန်းဖြင့် လျှောက်လွှာ ခေါ်ယူထားရှိရာ လတ်တလောတွင် လာရောက်လျှောက်ထားသူ မရှိသေးကြောင်း သိရသည်။