ရွမ္းျပည္နယ္ေတာင္ပိုင္း ကြန္ဟိန္းၿမဳိ႕နယ္ ဝမ္ေလာင္းအုပ္စု ခိုလမ္ၿမိဳ႕ ကုန္းေပါင္း(ပန္ဖြန္)ရြာႏွင့္ ပတ္ဝန္းက်င္ရြာမ်ားတြင္ အလုပ္ေစခိုင္းခံေနရသည့္ ကေလးငယ္(၂၄)ဦးကုိ ေဒသတြင္း လူမႈေရး အသင္းမ်ားႏွင့္ ဘာသာေရးအဖြဲ႕မ်ား ပူးေပါင္းကူညီမႈျဖင့္ ျပန္လည္ေခၚေဆာင္ၿပီး ေနရပ္ ျပန္ပို႔ေပးလိုက္ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ ကေလးေတြကို ေဖေဖာ္ဝါရီလ (၅)ရက္ေန႔မွာ ခိုလမ္ကေန ေတာင္ႀကီးကို ျပန္ေခၚလာတယ္။ (၆)ရက္ေန႔ မနက္(၄)နာရီေလာက္မွာ ေတာင္ႀကီးကို ေရာက္တယ္။ ဒီကေလးေတြကိုျပန္ေခၚတဲ့ထဲမွာ ကေလးမိဘေတြလည္းပါတယ္။ သူတို႔ရြာက အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ တစ္ေယာက္ပါတယ္။ ေနာက္ၿပီး မႏၲေလး၊ ေတာင္ႀကီး၊ ခိုလမ္က မ.ဘ.သ ဆရာေတာ္ေတြလည္းပါတယ္"ဟု ခိုလမ္ၿမဳိ႕မွ ကေလးမ်ားေခၚေဆာင္ရာတြင္ ပါဝင္သည့္ အမ်ဳိးသားေရးအင္အားစုအဖြဲ႕မွ ကိုေက်ာ္ျမတ္သူက ေျပာသည္။
ထိုသို႔ ကေလးငယ္မ်ားကို ျပန္လည္ေခၚေဆာင္ေရးအတြက္ အမ်ိဳးသားေရး အင္အားစုအဖြဲ႕၊ ခိုလမ္ၿမိဳ႕မွ အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႕(မဘသ)ႏွင့္ ခိုလမ္ၿမဳိ႕ရိွ အစၥလာမ္ဘာသာေရး ေခါင္းေဆာင္မ်ားက ပူးေပါင္းေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
"ကေလးေတြက တအာင္းလူမ်ဳိးေတြပါ။ သူတို႔ေတြက ဗမာစကားလည္း သိပ္မေျပာတတ္ၾကဘူး။ သူတို႔က ကေလးေတြကို အရြယ္နဲ႔ မမွ်တဲ့ အလုပ္ေတြခိုင္းတယ္။ ေနာက္ၿပီး ကေလးေတြရဲ႕ လုပ္အားခလည္း အျပည့္အဝ မေပးဘူး"ဟု ကေလးငယ္မ်ားအား သြားေရာက္ေခၚေဆာင္ရာတြင္ ပါဝင္သည့္ ဆရာေတာ္ဦးသာသနက မိန္႔သည္။
အဆိုပါ ကေလးငယ္မ်ားအား ပတ္ဝန္းက်င္ႏွင့္ဆက္သြယ္ခြင့္ကိုလည္းေကာင္း၊ မိဘမ်ားႏွင့္ ေတြ႕ဆံုျခင္းကို လည္းေကာင္း ပိတ္ပင္ခံထားရျခင္းျဖစ္ေၾကာင္း ဆရာေတာ္ကမိန္႔သည္။
အဆိုပါကေလးငယ္မ်ားအား ဆက္လက္ ပညာသင္ၾကားႏုိင္ေရးႏွင့္ အလုပ္အကိုင္အခြင့္အလမ္း ရွာေဖြေပးျခင္းမ်ားကို ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေတာင္ႀကီးၿမိဳ႕သို႔ ျပန္လည္ေခၚေဆာင္လာေသာ ကေလးငယ္(၂၄)ဦးတြင္ (၃)ဦးအား မိဘမ်ားမွ ျပန္လည္ ေခၚေဆာင္သြားၿပီး၊ တခ်ိဳ႕ကေလးငယ္မ်ားမွာ ေအာင္ပန္းၿမိဳ႕ရွိ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ပို႔ေဆာင္ထားကာ အခ်ိဳ႕လူငယ္မ်ားက လုပ္ငန္းခြင္ဝင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
သတင္း။ ။ မင္းမင္း
******************
( unicode )
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ဝမ်လောင်းအုပ်စု ခိုလမ်မြို့ ကုန်းပေါင်း(ပန်ဖွန်)ရွာနှင့် ပတ်ဝန်းကျင်ရွာများတွင် အလုပ်စေခိုင်းခံနေရသည့် ကလေးငယ်(၂၄)ဦးကို ဒေသတွင်း လူမှုရေး အသင်းများနှင့် ဘာသာရေးအဖွဲ့များ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ခေါ်ဆောင်ပြီး နေရပ် ပြန်ပို့ပေးလိုက်ကြောင်း သိရသည်။
"ကျွန်တော်တို့ ကလေးတွေကို ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ခိုလမ်ကနေ တောင်ကြီးကို ပြန်ခေါ်လာတယ်။ (၆)ရက်နေ့ မနက်(၄)နာရီလောက်မှာ တောင်ကြီးကို ရောက်တယ်။ ဒီကလေးတွေကိုပြန်ခေါ်တဲ့ထဲမှာ ကလေးမိဘတွေလည်းပါတယ်။ သူတို့ရွာက အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်ပါတယ်။ နောက်ပြီး မန္တလေး၊ တောင်ကြီး၊ ခိုလမ်က မ.ဘ.သ ဆရာတော်တွေလည်းပါတယ်"ဟု ခိုလမ်မြို့မှ ကလေးများခေါ်ဆောင်ရာတွင် ပါဝင်သည့် အမျိုးသားရေးအင်အားစုအဖွဲ့မှ ကိုကျော်မြတ်သူက ပြောသည်။
ထိုသို့ ကလေးငယ်များကို ပြန်လည်ခေါ်ဆောင်ရေးအတွက် အမျိုးသားရေး အင်အားစုအဖွဲ့၊ ခိုလမ်မြို့မှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)နှင့် ခိုလမ်မြို့ရှိ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကလေးတွေက တအာင်းလူမျိုးတွေပါ။ သူတို့တွေက ဗမာစကားလည်း သိပ်မပြောတတ်ကြဘူး။ သူတို့က ကလေးတွေကို အရွယ်နဲ့ မမျှတဲ့ အလုပ်တွေခိုင်းတယ်။ နောက်ပြီး ကလေးတွေရဲ့ လုပ်အားခလည်း အပြည့်အဝ မပေးဘူး"ဟု ကလေးငယ်များအား သွားရောက်ခေါ်ဆောင်ရာတွင် ပါဝင်သည့် ဆရာတော်ဦးသာသနက မိန့်သည်။
အဆိုပါ ကလေးငယ်များအား ပတ်ဝန်းကျင်နှင့်ဆက်သွယ်ခွင့်ကိုလည်းကောင်း၊ မိဘများနှင့် တွေ့ဆုံခြင်းကို လည်းကောင်း ပိတ်ပင်ခံထားရခြင်းဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။
အဆိုပါကလေးငယ်များအား ဆက်လက် ပညာသင်ကြားနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့သို့ ပြန်လည်ခေါ်ဆောင်လာသော ကလေးငယ်(၂၄)ဦးတွင် (၃)ဦးအား မိဘများမှ ပြန်လည် ခေါ်ဆောင်သွားပြီး၊ တချို့ကလေးငယ်များမှာ အောင်ပန်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ထားကာ အချို့လူငယ်များက လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
သတင်း။ မင်းမင်း