“တောင်းရမ်းစားသောက်သူများကြောင့် လူကုန်ကူးမှု မြောက်စေသကဲ့သို့ ခရီးသွားဧည့်သည်များအဖို့ အမြင်မတော်ဖြစ်စေသည့်အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်နှင့် စစ်ဆေးရေး ဂိတ်ပေါက်တစ်ဝိုက်တွင် မရှိစေရေးအတွက် မြန်မာဘက်၏ ပူးပေါင်းကူညီမှုကို ရယူလိုပါကြောင်း” ဟု (၈၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးတွင် ထိုင်းအစိုးရဘက်မှ တာဝန်ရှိသူက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ အစည်းအဝေးကို (၈၅)ကြိမ်မြောက်အဖြစ် တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်တွင် ဖေဖော်ဝါရီလ(၂၂)ရက်က ပြုလုပ်သွားခဲ့ခြင်းဖြစ်ပြီး မြန်မာ - ထိုင်း နှစ်ဖက် အကြီးအကဲများ တက်ရောက်ကာ နယ်စပ်ရေးရာ ကိစ္စများနှင့် ဒေသတွင်း ပြဿနာများ၊ မှုခင်းရေးရာ ကိစ္စများကို အပြန်အလှန် ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
*****************
( unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ် ထားသည့် မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် တောင်းရမ်းစားသောက်သူများအား ဖယ်ရှားရာတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ ပူးပေါင်းကူညီရန် ထိုင်းနိုင်ငံဘက်မှ ကမ်းလှမ်းလိုက်သည်။
“တောင်းရမ်းစားသောက်သူများကြောင့် လူကုန်ကူးမှု မြောက်စေသကဲ့သို့ ခရီးသွားဧည့်သည်များအဖို့ အမြင်မတော်ဖြစ်စေသည့်အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်နှင့် စစ်ဆေးရေး ဂိတ်ပေါက်တစ်ဝိုက်တွင် မရှိစေရေးအတွက် မြန်မာဘက်၏ ပူးပေါင်းကူညီမှုကို ရယူလိုပါကြောင်း” ဟု (၈၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအေဝးတွင် ထိုင်းအစိုးရဘက်မှ တာဝန်ရှိသူက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံဘက်မှ ယင်းကဲ့သို့ဆွေးနွေးတင်ပြ တောင်းဆိုမှုအပေါ် မြန်မာဘက်မှ သက်ဆိုင်ရာဌာနများသို့ အသိပေးအကြောင်းကြားသွားမည်ဖြစ်ပြီး၎င်းဌာနများမှတစ်ဆင့် မိမိတို့နိုင်ငံသားများ သိရှိရန်အတွက် ဆက်လက်အကြောင်းကြားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးသွားသည်။
မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ အစည်းအေဝးကို (၈၅)ကြိမ်မြောက်အဖြစ် တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်တွင် ဖေဖော်ဝါရီလ(၂၂)ရက်က ပြုလုပ်သွားခဲ့ခြင်းဖြစ်ပြီး မြန်မာ - ထိုင်း နှစ်ဖက် အကြီးအကဲများ တက်ရောက်ကာ နယ်စပ်ရေးရာ ကိစ္စများနှင့် ဒေသတွင်း ပြဿနာများ၊ မှုခင်းရေးရာ ကိစ္စများကို အပြန်အလှန် ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။