တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်လေလံ ရောင်းချမှုကို ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ လုပ်ငန်း လိုင်စင်(၁၇)ခုအနက် လိုင်စင်(၁၃)ခုကို ဈေးပြိုင်ရောင်းချပေးလိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဈေးပြိုင်လေလံရောင်းချမှုအဖြစ် တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ လေလံရောင်းချမှုတွင် ဈေးပြိုင်လေလံရောင်းချပေးရာ၌ အပေါင်ဆိုင်လုပ်ငန်းများနှင့် ပတ်သက်၍ မယ်ခေါင်အပေါင်ဆိုင်အား ကြမ်းခင်းဈေး (၆၃၀,၀၀၀)ဖြင့် ရောင်းချရာ ဦးချစ်ထူ + ဒေါ်နာကော် မှ ကျပ်( ၇ )သိန်းဖြင့် လည်းကောင်း၊ ဆန်ဆိုင်း(က)အပေါင်ဆိုင်(၁)အား ကြမ်းခင်းဈေး ကျပ်(၂,၄၂၀,၀၀၀)ဖြင့်ရောင်းချရာ ဦးအောင်ညွှန့်မှ ကျပ်(၂၆)သိန်းဖြင့် လည်းကောင်း၊ ဆန်ဆိုင်းအပေါင်ဆိုင်(၂) အား ကြမ်းခင်းဈေး ကျပ်(၆၃၀,၀၀၀) ဖြင့်ရောင်းချရာ ဒေါ်နန်းနွန်းမှ ကျပ်(၇)သိန်းဖြင့် လည်းကောင်း၊ ၀မ်ကောင်းအပေါင်ဆိုင် (၁)အား ကြမ်းခင်းဈေး ကျပ် (၁,၂၆၀,၀၀၀)ဖြင့်ရောင်းချရာ ဒေါ်တင်တင်ထွန်းမှ ကျပ်(၁၄)သိန်းဖြင့် လည်းကောင်း၊ ၀မ်ကောင်းအပေါင်ဆိုင် (၂)အား ကြမ်းခင်းဈေးကျပ် (၈၄၀,၀၀၀)ဖြင့်ရောင်းချရာ ဒေါ်လေးမေယော်မှ ကျပ်(၉)သိန်းခွဲဖြင့် လည်းကောင်း အသီးသီး ၀ယ်ယူရရှိသွားကြသည်။
ယင်းအပြင် ၀မ်ကောင်းအပေါင်ဆိုင်(၃)အား ကြမ်းခင်းဈေးကျပ် (၇၄၀၀၀၀)ဖြင့်ရောင်းချရာ ဦးစောထွန်းဦး + ဒေါ်အမာစိန်မှ ကျပ်(၈)သိန်းခွဲဖြင့် လည်းကောင်း၊ ပုန်းထွန်အပေါင်ဆိုင် (၁) အား ကြမ်းခင်းဈေးကျပ် (၁၃၇၀၀၀၀)ဖြင့်ရောင်းချပေးရာ ဦးကျော်တင့်မှ ကျပ်(၁၅)သိန်းဖြင့် လည်းကောင်း၊ ပုန်းထွန်အပေါင်ဆိုင် (၂) အား ကြမ်းခင်းဈေးကျပ် (၅၉၀၀၀၀)ဖြင့်ရောင်းချရာ ဒေါ်မီရီမှ ကျပ်(၆၆၀၀၀၀)ဖြင့်လည်းကောင်း၊ ဟောင်လိတ်အပေါင်ဆိုင်အား ကြမ်းခင်းဈေးကျပ် (၁၄၂၀၀၀၀)ဖြင့်ရောင်းချရာ ဦးအောင်အောင်မှ ကျပ်(၁၆)သိန်းဖြင့် လည်းကောင်း၊ မကာဟိုခမ်းအပေါင်ဆိုင်အား ကြမ်းခင်းဈေးကျပ် (၁၀)သိန်းဖြင့်ရောင်းချရာ ဦးစိုင်းစွမ်ဝဒ်မှ ကျပ်(၁၁)သိန်းခွဲဖြင့်လည်းကောင်း၊ ၀ိန်းကျောက်အပေါင်ဆိုင်အား ကြမ်းခင်းဈေးကျပ် (၁၁၆၀၀၀၀) ဖြင့်ရောင်းချရာ ဦးဇော်ဇော်မှ ကျပ်(၁၃)သိန်းခွဲဖြင့်လည်းကောင်း အသီးသီး ဈေးပြိုင်ဝယ်ယူကာ ရရှိသွားခဲ့သည်။
ဆက်လက်၍ အဝေးပြေးကားကြီး ဘီးကောက်လုပ်ငန်းအား ကြမ်းခင်းဈေး ကျပ်(၄၄,၄၂၀,၀၀၀)ဖြင့် လေလံတင် ရောင်းချရာ ဦးမင်းမင်းဆွေမှ ကျပ် (၄၄၈)သိန်းဖြင့် ၀ယ်ယူရရှိသွားပြီး ဖန်မင်ဈေးကောက် လုပ်ငန်းအား ဆက်လက်၍ လေလံရောင်းချရာ ၀င်ရောက် လေလံဆွဲယူသည့် ဒေါ်နန်းမိမိအေး၊ ဦးအောင်ဝင်း နှင့် ဒေါ်နန်းနွန်း စသည့် (၃)ဦးအနက် ဦးအောင်ဝင်းမှ ကျပ် သိန်းပေါင်း (၁၁၈)သိန်းခွဲဖြင့် ၀ယ်ယူ ရရှိသွားသည်။
ကျန်ရှိနေသေးသည့် တာလော့ဈေးရေအိမ်လုပ်ငန်း၊ တာလော့ဈေးပျံကျဈေးကောက်လုပ်ငန်း၊ တာလော့ဈေးယာဉ်စောင့် လုပ်ငန်း နှင့် ချစ်ကြည်ရေး တံတား(၁+၂) ဘီးကောက်လုပ်ငန်းများ နှင့် ပတ်သက်၍ လေလံလျှောက်လွှာတင်ယူထားခြင်း မရှိသေးသည့်အတွက် ဆက်လက်၍ လေလံဝယ်ယူမည့်သူများကို (၃)ကြိမ်တိတိ အသိပေးကာ ခေါ်ယူရောင်းချသွားမှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။