ျမန္မာႏိုင္ငံမွ ကုန္သည္မ်ား ထုိင္းႏိုင္ငံတြင္ ကုန္ဖိုးေငြသြားေရာက္ ေပးေခ်ရာတြင္ တရားမ၀င္ ေငြေၾကးမ်ား အျဖစ္ စြပ္စြဲကာ ထုိင္းႏိုင္ငံအေကာက္ခြန္ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ားက သိမ္းဆည္းျခင္းမ်ား ရွိေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕ ကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။
"ကၽြန္ေတာ္ကိုယ္တိုင္ ဘတ္(၁၁)သန္း အဖမ္းခံရတယ္။ ဘာအေၾကာင္းျပခ်က္မွလည္း မရွိဘူး။ တကယ္က ကၽြန္ေတာ္ ကုန္ဖိုးေခ်ဖို႔သြားတာကို ဖမ္းခံရတာ။ ကုန္ေတြက ဘိလပ္ေျမ၊ ဓာတ္ဆီနဲ႔ တျခား ၀ယ္ထားတဲ့ ကုန္ပစၥည္းဖိုးေတြ ေပးဖို႔သြားတာပါ။ အခုထိ ျပန္မရေသးဘူး။ စာရြက္စာတမ္းအျပည့္အစံုနဲ႔ နယ္ျခားေကာ္မတီကို အေၾကာင္းၾကားၿပီး ေတာင္းတာကို မရတာ"ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္မ်ား အသင္း ဒုတိယဥကၠဌ ဦးစိုင္းစိုင္းက ေျပာသည္။
ထုိင္းႏိုင္ငံမွ ကုန္ပစၥည္းမ်ား၀ယ္ယူၿပီး ေငြေပးေခ်ရာတြင္ ေဒသခံကုန္သည္မ်ားသည္ ေငြေၾကး ကိုင္ေဆာင္၍ ထုိင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕သို႔ မသြားေရာက္၀ံ့ျခင္း၊ မိမိတို႔ ကုန္စည္တန္ဖိုးမ်ားအား သက္ဆိုင္ရာ ဘဏ္မ်ားသို႔ သြားေရာက္ လႊဲေပးခ်ိန္တြင္ ရဲမ်ား၏ ဖမ္းဆီးျခင္းခံရကာ ေငြေၾကး သိမ္းဆည္း ခံရျခင္းမ်ားကို ထိုင္းႏိုင္ငံသို႔ ကုန္ဖိုးသြားေရာက္ေပးေခ်သည့္ တာခ်ီလိတ္ေဒသခံ အမ်ားအျပား ႀကံဳေတြ႕ေနရျခင္းျဖစ္ေၾကာင္း သိရသည္။
ထုိင္းႏိုင္ငံ၏ ေငြေၾကးဆိုင္ရာ ေပၚလစီအရ ႏိုင္ငံျခားေငြ၀င္ေရာက္မႈႏွင့္ လႊဲေျပာင္းမႈတြင္ မူးယစ္ေဆး၀ါးႏွင့္ ပတ္သက္ေသာ ေငြမဲမ်ားမျဖစ္ေပၚေစရန္ ေငြေၾကး အ၀င္အထြက္မ်ားအား ထိုင္းအစိုးရဘဏ္မွ စိစစ္ထားျခင္းေၾကာင့္ ယင္းကဲ့သို႔ ႀကံဳေတြ႕ေနရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ထိုင္း၊ ျမန္မာႏွစ္ႏိုင္ငံ နယ္စပ္ၿမိဳ႕မ်ားတြင္ ကုန္သည္မ်ား တိုက္ရိုက္ ေငြလြဲႊႏိုင္ရန္အတြက္ ထုိင္းႏိုင္ငံေျမာက္ပိုင္း၊ လန္းခ်ာ့(ထိုင္းအစိုးရစီးပြားေရးဘဏ္)အဖြဲ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္ အပါအ၀င္ ပုဂၢလိကဘဏ္မ်ား ေဖေဖာ္၀ါရီ(၅)ရက္ေန႔က ေ ဆြးေႏြးခဲ့ျခင္းျဖစ္သည္။
"ဒီလို တိုက္ရိုက္ေငြလႊဲလို႔ရရင္ ႏွစ္ႏိုင္ငံကုန္သြယ္မႈလဲ တိုးပြားလာမွာပါ။ အခုက ေဒသခံ ကုန္သည္ေတြက ေငြကိုင္ၿပီး ထုိင္းႏိုင္ငံမွာ ကုန္ပစၥည္းသြား၀ယ္လို႔မရဘူး။ တိုက္ရိုက္လႊဲလို႔ရတဲ့အတြက္ ေငြကိုင္စရာ မလိုေတာ့ဘူး။ တရားမ၀င္ ေငြေၾကးစီးဆင္းမႈလည္း စိစစ္လို႔ရၿပီ။ ဒီအေျခအေနျဖစ္ဖို႔ ထိုင္းဘက္က ဘဏ္ေတြ ေပၚလစီေျပာင္းရမွာ"ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္မ်ား အသင္း ရံုးအဖြဲ႕မွဴးဦးေက်ာ္ေဆြက ေျပာသည္။
လက္ရိွတြင္ ႏွစ္ႏိုင္ငံေငြလႊဲမႈအား ဘတ္ေငြႏွစ္သိန္းေအာက္သာ လႊဲႏိုင္သည့္ ကန္႔သတ္ခ်က္အား ႏွစ္ႏိုင္ငံမွ သက္ဆိုင္ရာဌာနမ်ားသို႔ တင္ျပေပးသြားရန္ ယင္းအစည္းအေ၀းတြင္ ဆံုးျဖတ္ခဲ့ေၾကာင္းသိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ အစိုးရပိုင္ျဖစ္ေသာ ျမန္မာ့စီးပြားေရးဘဏ္ အပါအ၀င္ ပုဂၢလိကဘဏ္(၆)ခုရွိၿပီး ထုိင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ ဘဏ္(၅)ခုခန္႔ အနည္းဆံုးရွိေၾကာင္း သိရသည္။
*********************
( UNICODE )
မြန်မာနိုင်ငံမှ ကုန်သည်များ ထိုင်းနိုင်ငံတွင် ကုန်ဖိုးငွေသွားရောက် ပေးချေရာတွင် တရားမဝင် ငွေကြေးများ အဖြစ် စွပ်စွဲကာ ထိုင်းနိုင်ငံအကောက်ခွန်နှင့် ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းခြင်းများ ရှိနေကြောင်း တာချီလိတ်မြို့ ကုန်သည်ကြီးများအသင်းမှ သိရသည်။
"ကျွန်တော်ကိုယ်တိုင် ဘတ်(၁၁)သန်း အဖမ်းခံရတယ်။ ဘာအကြောင်းပြချက်မှလည်း မရှိဘူး။ တကယ်က ကျွန်တော် ကုန်ဖိုးချေဖို့သွားတာကို ဖမ်းခံရတာ။ ကုန်တွေက ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ တခြား ဝယ်ထားတဲ့ ကုန်ပစ္စည်းဖိုးတွေ ပေးဖို့သွားတာပါ။ အခုထိ ပြန်မရသေးဘူး။ စာရွက်စာတမ်းအပြည့်အစုံနဲ့ နယ်ခြားကော်မတီကို အကြောင်းကြားပြီး တောင်းတာကို မရတာ"ဟု တာချီလိတ်နယ်စပ်ကုန်သည်များ အသင်း ဒုတိယဥက္ကဌ ဦးစိုင်းစိုင်းက ပြောသည်။
ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများဝယ်ယူပြီး ငွေပေးချေရာတွင် ဒေသခံကုန်သည်များသည် ငွေကြေး ကိုင်ဆောင်၍ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ မသွားရောက်ဝံ့ခြင်း၊ မိမိတို့ ကုန်စည်တန်ဖိုးများအား သက်ဆိုင်ရာ ဘဏ်များသို့ သွားရောက် လွှဲပေးချိန်တွင် ရဲများ၏ ဖမ်းဆီးခြင်းခံရကာ ငွေကြေး သိမ်းဆည်း ခံရခြင်းများကို ထိုင်းနိုင်ငံသို့ ကုန်ဖိုးသွားရောက်ပေးချေသည့် တာချီလိတ်ဒေသခံ အများအပြား ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ငွေကြေးဆိုင်ရာ ပေါ်လစီအရ နိုင်ငံခြားငွေဝင်ရောက်မှုနှင့် လွှဲပြောင်းမှုတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ငွေမဲများမဖြစ်ပေါ်စေရန် ငွေကြေး အဝင်အထွက်များအား ထိုင်းအစိုးရဘဏ်မှ စိစစ်ထားခြင်းကြောင့် ယင်းကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ထိုင်း၊ မြန်မာနှစ်နိုင်ငံ နယ်စပ်မြို့များတွင် ကုန်သည်များ တိုက်ရိုက် ငွေလွှဲနိုင်ရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်းချာ့(ထိုင်းအစိုးရစီးပွားရေးဘဏ်)အဖွဲ့နှင့် တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များ ဖေဖော်ဝါရီ(၅)ရက်နေ့ကေ ဆွးနွေးခဲ့ခြင်းဖြစ်သည်။
"ဒီလို တိုက်ရိုက်ငွေလွှဲလို့ရရင် နှစ်နိုင်ငံကုန်သွယ်မှုလဲ တိုးပွားလာမှာပါ။ အခုက ဒေသခံ ကုန်သည်တွေက ငွေကိုင်ပြီး ထိုင်းနိုင်ငံမှာ ကုန်ပစ္စည်းသွားဝယ်လို့မရဘူး။ တိုက်ရိုက်လွှဲလို့ရတဲ့အတွက် ငွေကိုင်စရာ မလိုတော့ဘူး။ တရားမဝင် ငွေကြေးစီးဆင်းမှုလည်း စိစစ်လို့ရပြီ။ ဒီအခြေအနဖြေစ်ဖို့ ထိုင်းဘက်က ဘဏ်တွေ ပေါ်လစီပြောင်းရမှာ"ဟု တာချီလိတ်နယ်စပ်ကုန်သည်များ အသင်း ရုံးအဖွဲ့မှူးဦးကျော်ဆွေက ပြောသည်။
လက်ရှိတွင် နှစ်နိုင်ငံငွေလွှဲမှုအား ဘတ်ငွေနှစ်သိန်းအောက်သာ လွှဲနိုင်သည့် ကန့်သတ်ချက်အား နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများသို့ တင်ပြပေးသွားရန် ယင်းအစည်းအေဝးတွင် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့တွင် အစိုးရပိုင်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်(၆)ခုရှိပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ဘဏ်(၅)ခုခန့် အနည်းဆုံးရှိကြောင်း သိရသည်။