အရှည်(၅)မိုင်ရှိသည့် ကျောက်ချောလမ်းအား ကျပ်သိန်းပေါင်း (၂၇၇၀) အကုန်အကျခံကာ ခင်းကျင်းပြီး ပြည်ထောင်စုနေ့ကို ကြိုဆိုသည့် အနေဖြင့် ဖွင့်လှစ်

အရှည်(၅)မိုင်ရှိသည့် ကျောက်ချောလမ်းအား ကျပ်သိန်းပေါင်း (၂၇၇၀) အကုန်အကျခံကာ ခင်းကျင်းပြီး ပြည်ထောင်စုနေ့ကို ကြိုဆိုသည့် အနေဖြင့် ဖွင့်လှစ်
ဖေဖော်ဝါရီ 10, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ငွေကျပ်သိန်းပေါင်း (၂၇၇၀)ကျော် သုံးစွဲဖောက်လုပ်ထားသည့် ကျေးရွာ (၂၂)ရွာ အသုံးပြုနိုင်မည့် ဆီလီငေါက် - မောတွီ ကျောက်ချော လမ်းသစ်အား ဖေဖော်ဝါရီ (၁၀)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

 အရှည် (၅)မိုင်ရှိသည့် အဆိုပါ လမ်းသစ်အား (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဖွင့်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆီလီငေါက် - မောတွီလမ်းသစ်အား ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသား အများစုနေထိုင်သည့် မိုင်းကိုးကျေးရွာ အုပ်စုရှိ ကျေးရွာ (၂၂ ) ရွာမှ လူဦးရေ(၆,၈၉၇)ကျော်အတွက် အသုံးပြုနိုင်တော့မည် ဖြစ်သည်။

အဆိုပါ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်(ရုံးခွဲ)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ရုံးခွဲ ဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင်၊ ခရိုင် နှင့် မြို့နယ်ဌာနဆိုင်ရာများ ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~