Miss Tachileik 2016 ပြိုင်ပွဲဝင် မယ်များမှ စုပေါင်းအမှိုက်ကောက်

Miss Tachileik 2016 ပြိုင်ပွဲဝင် မယ်များမှ စုပေါင်းအမှိုက်ကောက်
ဖေဖော်ဝါရီ 7, 2016
By Tachileik News Agency

တာချီလိတ်မြို့တွင်း အမှိုက်စွန့်ပစ်သူ လျော့ပါးရေးနှင့် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုအနေဖြင့် ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ လည်းကောင်း၊ အားကစားရုံလမ်း တစ်လျှောက်၌ လည်းကောင်း၊ ရီဂျီးနားဂေါက်ကွင်းသွားလမ်းတွင် လည်းကောင်း၊ ၀မ်ကောင်းရပ်ကွက် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းသစ်၌ လည်းကောင်း တာချီလိတ်မြို့နယ် NLD မှ ပါတီဝင်များ၊ Miss Tachileik 2016 ပြိုင်ပွဲဝင်များ၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းကာ အမှိုက်ကောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပရဟိတ ကဏ္ဍတွေကို လုပ်ဆောင်ရတာပါ"ဟု Miss Tachileik 2016၏ City Director မကြည်ကြည်ခိုင်က ပြောသည်။



Miss Tachileik 2016 ပြိုင်ပွဲဝင်များ အနေဖြင့် ဆက်လက်၍ မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ကျောင်း တို့တွင် သွားရောက်ပြီး အလှူဒါနများပြုလုပ်မည်ဖြစ်ပြီး၊ ပြိုင်ပွဲမတိုင်မီအထိ ပရဟိတကဏ္ဍများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ
****************************

( unicode )

တာချီလိတ်မြို့တွင်း အမှိုက်စွန့်ပစ်သူ လျော့ပါးရေးနှင့် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုအနဖြေင့် ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ လည်းကောင်း၊ အားကစားရုံလမ်း တစ်လျှောက်၌ လည်းကောင်း၊ ရီဂျီးနားဂေါက်ကွင်းသွားလမ်းတွင် လည်းကောင်း၊ ဝမ်ကောင်းရပ်ကွက် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းသစ်၌ လည်းကောင်း တာချီလိတ်မြို့နယ် NLD မှ ပါတီဝင်များ၊ Miss Tachileik 2016 ပြိုင်ပွဲဝင်များ၊ ရွှေမဟာကိုယ်ပို်င် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းကာ အမှိုက်ကောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

"Miss တစ်ယောက်အနေနဲ့ ရုပ်ပဲချောနေလို့ မရပါဘူး။ ပရဟိတစိတ်ရှိရမယ်၊ ကြင်နာတရားရှိရမယ်၊
အရည်အချင်းတွေ၊ ကျွန်မတို့က အားလုံးကို ဆုံးဖြတ်ပြီး ရွေးချယ်မှာပါ၊ ဒါကြောင့်အခုလို
ပရဟိတ ကဏ္ဍတွေကို လုပ်ဆောင်ရတာပါ"ဟု Miss Tachileik 2016၏ City Director မကြည်ကြည်ခိုင်းက ပြောသည်။

အမှိုက်ကောက်မှုတွင် တာချီလိတ်မယ် (၁၀)ဦး ပါဝင်ခဲ့ပြီး NLD အဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုရေးအသင်းမှ အသင်းသား၊ အသင်းသူများနှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး တို့ဖြင့် ပူးပေါင်းကာ အင်အား (၁၀၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

"ပရဟိတစိတ်နဲ့ ပတ်သက်လို့ ဒီလိုလူငယ်တွေမှာ ပရဟိတစိတ် ရှင်သန်နေမှ ကျွန်တော်တို့
နိုင်ငံဟာလည်း တိုးတက်မှာပါ၊ ဒါကြောင့် ဟန်နဲ့မလုပ်အောင် ပရဟိတစိတ်ဓာတ်တွေ
ရင်ထဲမှာ ကိန်းအောင်းနေအောင် လာရောက် ပူးပေါင်းဆောင်ရွက်တာပါ။"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း
ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

Miss Tachileik 2016 ပြိုင်ပွဲဝင်များ အနဖြေင့် ဆက်လက်၍ မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ကျောင်း တို့တွင် သွားရောက်ပြီး အလှူဒါနများပြုလုပ်မည်ဖြစ်ပြီး၊ ပြိုင်ပွဲမတိုင်မီအထိ ပရဟိတကဏ္ဍများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~