က်ိဳင္းတံု၊ ေဖေဖာ္ဝါရီလ (၂၃) ရက္ ။ ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုအက်ဥ္းေထာင္တြင္ ေဖေဖာ္ဝါရီလအတြင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ မူးယစ္ေဆး၀ါး ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။
က်ဳိင္းတံုအက်ဥ္းဦးစီးဌာနမွ ေထာင္ပိုင္ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေဇာ္လင္းေအာင္မွ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ဳိင္းတံု သို႔ သတင္းေပးပို႔ခ်က္အရ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၁) ရက္က အက်ဥ္းေထာင္အတြင္း အဆိုပါ မူးယစ္အဖြဲ႔မွ ေရွာင္တခင္စစ္ေဆးရာ မူးယစ္ေဆး၀ါး ႏွင့္ မူးယစ္ေဆး၀ါး သံုးစြဲရာတြင္ အသံုးျပဳသည့္ ကိရိယာမ်ားကို ရွာေဖြ သိမ္းဆည္း ဖမ္းမိျခင္းျဖစ္သည္။
ထိုသို႔ ရွာေဖြရာတြင္ အိပ္ေဆာင္အမွတ္ (၃) မွ အက်ဥ္းသား စိုင္းေအာင္ခမ္း (ခ) ဦးအိုက္ပီးအား စစ္ေဆးစဥ္ ၎ဝတ္ဆင္ထားေသာ ကာကီေရာင္ အက်ၤႌလက္ရွည္အိတ္ကပ္အတြင္းမွ အေလးခ်ိန္ (၀.၃)ဂရမ္ရွိသည့္ ဘိန္းျဖဴ ( ၁ ) ထုပ္၊ မူးယစ္ေဆးဝါး႐ွဴရႈိက္ရာတြင္ အသံုးျပဳေသာ ခဲျပားအပိုင္း (၂) ခုႏွင့္ (၆) လက္မခန္႔ရိွ စကၠဴလိပ္ တို႔ကို ရွာေဖြေတြ႕ရိွခဲ့သျဖင့္ သက္ေသမ်ားေရွ႕တြင္ ရွာေဖြပံုစံေရးသြင္းကာ သိမ္းဆည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဆက္လက္၍ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိရသူ အသက္ (၄၃) ႏွစ္ အရြယ္ စိုင္းေအာင္ခမ္း (ခ) ဦးအိုက္ပီးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္း၌ မယ(ပ)၂၀/၂၀၁၆ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၆ (ဂ) ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
ေဖေဖာ္၀ါရီလ၏ ပထမအႀကိမ္ အျဖစ္ ေဖေဖာ္ဝါရီလ (၁၈)ရက္ နံနက္(၁၀)နာရီ (၄၅)မိနစ္အခ်ိန္ခန္႔က အေလးခ်ိန္ ( ၃.၇) ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴ(၁)ထုပ္ကို မူးယစ္ေဆးဝါးလက္ဝယ္ထားရိွသံုးစြဲသူ အက်ဥ္းသား (၃) ဦးႏွင့္အတူ ဖမ္းဆီးရမိၿပီး အေရးယူထားရွိေၾကာင္း သိရသည္။
သတင္း။ ။ ဇင္ေအာင္
****************
( unicode )
ကျိုင်းတုံ၊ ဖေဖော်ဝါရီလ (၂၃) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်တွင် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မူးယစ်ဆေးဝါး ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
ကျိုင်းတုံအကျဉ်းဦးစီးဌာနမှ ထောင်ပိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းအောင်မှ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ သို့ သတင်းပေးပို့ချက်အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်က အကျဉ်းထောင်အတွင်း အဆိုပါ မူးယစ်အဖွဲ့မှ ရှောင်တခင်စစ်ဆေးရာ မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများကို ရှာဖွေ သိမ်းဆည်း ဖမ်းမိခြင်းဖြစ်သည်။
ထိုသို့ ရှာဖွေရာတွင် အိပ်ဆောင်အမှတ် (၃) မှ အကျဉ်းသား စိုင်းအောင်ခမ်း (ခ) ဦးအိုက်ပီးအား စစ်ဆေးစဉ်၎င်းဝတ်ဆင်ထားသော ကာကီရောင် အင်္ကျငီ်္လက်ရှည်အိတ်ကပ်အတွင်းမှ အလေးချိန် (ဝ.၃)ဂရမ်ရှိသည့် ဘိန်းဖြူ ( ၁ ) ထုပ်၊ မူးယစ်ဆေးဝါးရှူရှိုက်ရာတွင် အသုံးပြုသော ခဲပြားအပိုင်း (၂) ခုနှင့် (၆) လက်မခန့်ရှိ စက္ကူလိပ် တို့ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံရေးသွင်းကာ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိရသူ အသက် (၄၃) နှစ် အရွယ် စိုင်းအောင်ခမ်း (ခ) ဦးအိုက်ပီးအား ကျိုင်းတုံမြို့မရဲစခန်း၌ မယ(ပ)၂၀/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ၏ ပထမအကြိမ် အဖြစ် ဖေဖော်ဝါရီလ (၁၈)ရက် နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်က အလေးချိန် ( ၃.၇) ဂရမ်ခန့်ရှိသည့် ဘိန်းဖြူ(၁)ထုပ်ကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသုံးစွဲသူ အကျဉ်းသား (၃) ဦးနှင့်အတူ ဖမ်းဆီးရမိပြီး အရေးယူထားရှိကြောင်း သိရသည်။
သတင်း။ ဇင်အောင်