တာခ်ီလိတ္၊ ေဖေဖာ္၀ါရီလ(၂၇) ။ ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေတာင္ႀကီးၿမိဳ႕၌ ပန္းမ်ိဳးစံု မေပၚေသးသျဖင့္ ထိုင္းႏိုင္ငံဘက္မွ ဓာတုေဆးျဖန္းထားေသာ ပန္းမ်ားတင္သြင္းေရာင္းခ်ရာ ေဒသခံမ်ား အႀကိဳက္မေတြ႕ျခင္းေၾကာင့္ ပန္းေစ်းကြက္ေအးေနေၾကာင္း သိရသည္။
"ေတာင္ႀကီးက ပန္းေတြက အခုခ်ိန္ဆို မေရာင္းဘူး။ (၃)လပိုင္းေက်ာ္ (၄)လပိုင္းမွ ေတာင္ႀကီးက ပန္းေတြရတာ။ ခုေလာေလာဆယ္ေတာ့ ထိုင္းပန္းေတြကပဲ ေရာင္းအားသြက္တာေပါ့။ ေတာင္ႀကီးက ပန္းေတြ တစ္မ်ိဳးႏွစ္မ်ိဳးပဲ ထြက္ေသးတယ္။ အခုအခ်ိန္က ေႏြရာသီေရာက္လာေတာ့ ေဆးျဖန္းထားတဲ့ ပန္းေတြက ႏြမ္းလာတယ္။ ဒါေၾကာင့္ ေဒသခံေတြအေနနဲ႔ သိပ္မ၀ယ္ၾကေတာ့ဘူး။"ဟု ပန္းေရာင္းသူ မခင္ေရႊ၀င္းက ေျပာသည္။
ထိုင္းႏိုင္ငံဘက္မွ တင္သြင္းလာေသာ ပန္းမ်ားကုိ အမ်ားဆုံး (၂၀၀)ဘတ္မွ အနည္းဆုံး(၁၅)ဘတ္အထိ ေရာင္းခ်ၾကေၾကာင္းသိရသည္။
"ထိုင္းဘက္ကလာတဲ့ ပန္းေတြက အပြင့္လွေအာင္ ေဆးျဖန္းထားေတာ့ သိပ္မခံဘူး (၃)ရက္ေလာက္ပဲ ခံတယ္။ အခုလိုပူတဲ့ အခ်ိန္ဆို အပူခ်ိန္ေၾကာင့္ သိပ္ခံမွာ မဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ ေဆးမျဖန္းထားတဲ့ ေတာင္ၾကီးကလာတဲ့ ပန္းေတြသုံးတာပါ။ အခုခ်ိန္က ေတာင္ႀကီးက မလာေသးေတာ့ ေတာင္ေပၚက ရွမ္းေတြ၊ လားဟူေတြ၊ အာခါေတြ စိုက္တဲ့ သဘာ၀ပန္းေတြကို ၀ယ္သုံးျဖစ္တယ္။ အဲ့ဒီပန္းေတြက အလြန္ဆုံး (၆)ရက္အထိ ခံတယ္။"ဟု ေဒသခံတစ္ဦးျဖစ္သူ ေဒၚအုန္းရီက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕အေနျဖင့္ ေဒသအတြင္း ပန္းစိုက္မႈ နည္းပါးေသာေၾကာင့္ ရာသီခ်ိန္ႏွင့္အလိုက္ ေတာင္ႀကီးၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံတို႔မွ တင္သြင္းေရာင္းခ်ရေၾကာင္း ႏွင့္ေဖေဖာ္၀ါရီလ အကုန္ မတ္လအတြင္းမွာ ေတာင္ႀကီးပန္းမ်ား တင္သြင္းေရာင္းခ်ခ်ိန္ ျဖစ္ေသာေၾကာင့္ ပန္းေစ်းကြက္ျပန္လည္ ေကာင္းလာမည္ျဖစ္ေၾကာင္း ပန္းေရာင္းသူမ်ား ထံမွသိရသည္။
*************
( unicode )
တာချီလိတ်၊ ဖေဖော်ဝါရီလ(၂၅)။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တောင်ကြီးမြို့၌ ပန်းမျိုးစုံ မပေါ်သေးသဖြင့် ထိုင်းနိုင်ငံဘက်မှ ဓာတုဆေးဖြန်းထားသော ပန်းများတင်သွင်းရောင်းချရာ ဒေသခံများ အကြိုက်မတွေ့ခြင်းကြောင့် ပန်းဈေးကွက်အေးနေကြောင်း သိရသည်။
"တောင်ကြီးက ပန်းတွေက အခုချိန်ဆို မရောင်းဘူး။ (၃)လပိုင်းကျော် (၄)လပိုင်းမှ တောင်ကြီးက ပန်းတွေရတာ။ ခုလောလောဆယ်တော့ ထိုင်းပန်းတွေကပဲ ရောင်းအားသွက်တာပေါ့။ တောင်ကြီးက ပန်းတွေ တစ်မျိုးနှစ်မျိုးပဲ ထွက်သေးတယ်။ အခုအချိန်က နွေရာသီရောက်လာတော့ ဆေးဖြန်းထားတဲ့ ပန်းတွေက နွမ်းလာတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ သိပ်မဝယ်ကြတော့ဘူး။"ဟု ပန်းရောင်းသူ မခင်ရွှေဝင်းက ပြောသည်။
ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသော ပန်းများကို အများဆုံး (၂၀၀)ဘတ်မှ အနည်းဆုံး(၁၅)ဘတ်အထိ ရောင်းချကြကြောင်းသိရသည်။
"ထိုင်းဘက်ကလာတဲ့ ပန်းတွေက အပွင့်လှအောင် ဆေးဖြန်းထားတော့ သိပ်မခံဘူး (၃)ရက်လောက်ပဲ ခံတယ်။ အခုလိုပူတဲ့ အချိန်ဆို အပူချိန်ကြောင့် သိပ်ခံမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဆေးမဖြန်းထားတဲ့ တောင်ကြီးကလာတဲ့ ပန်းတွေသုံးတာပါ။ အခုချိန်က တောင်ကြီးက မလာသေးတော့ တောင်ပေါ်က ရှမ်းတွေ၊ လားဟူတွေ၊ အာခါတွေ စိုက်တဲ့ သဘာဝပန်းတွေကို ဝယ်သုံးဖြစ်တယ်။ အဲ့ဒီပန်းတွေက အလွန်ဆုံး (၆)ရက်အထိ ခံတယ်။"ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်အုန်းရီက ပြောသည်။
တာချီလိတ်မြို့အနဖြေင့် ဒေသအတွင်း ပန်းစိုက်မှု နည်းပါးသောကြောင့် ရာသီချိန်နှင့်အလိုက် တောင်ကြီးမြို့နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းရောင်းချရကြောင်း နှင့်ဖေဖော်ဝါရီလ အကုန် မတ်လအတွင်းမှာ တောင်ကြီးပန်းများ တင်သွင်းရောင်းချချိန် ဖြစ်သောကြောင့် ပန်းဈေးကွက်ပြန်လည် ကောင်းလာမည်ဖြစ်ကြောင်း ပန်းရောင်းသူများ ထံမှသိရသည်။