ျမန္မာ - ထိုင္း နယ္စပ္ၿမိဳ႕ တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသအတြင္း စားသုံးကုန္ ၾကက္ဥ မလုံေလာက္မႈေၾကာင့္ တစ္ဖက္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕မွ တစ္ဆင့္ တပိုင္တႏိုင္ တင္သြင္းေနရေၾကာင္း ေဒသခံ ၾကက္ဥေစ်းသည္မ်ားထံမွ သိရသည္။
"တစ္ရက္ကို ၾကက္ဥအလုံး (၆၀၀) ေက်ာ္ေတာ့ေရာင္းရတယ္။ အကတ္လိုက္ဆို (၂၀) ကေန (၄၀) ကတ္ေလာက္အထိ ေရာင္းရတယ္။ ၾကက္ဥ အရြယ္အစားလိုက္ ေစ်းႏႈန္းေတြက ကြာသြားတာပါ။ အိမ္ၾကက္ဥကို ေစ်းႀကီးေတာ့ သိပ္မေရာင္းရဘူး။ ပစၥည္းကုန္ခါနီးဆုိ ဟိုဘက္ကမ္းကေနပဲ တပိုင္တႏိုင္ တင္သြင္းျဖစ္ပါတယ္ " ဟု ေဒသခံ ၾကက္ဥေရာင္းသူ ဦးခင္ေမာင္က ေျပာသည္။
ၾကက္ဥကို လူမ်ိဳးမေရြး ၊ ဘာသာမေရြး စားသုံးသျဖင့္ ေဒသအတြင္းမွာ ထြက္ကုန္ မလုံေလာက္မႈေၾကာင့္ တစ္ဖက္ ထိုင္းႏိုင္ငံ ၊ မယ္ဆိုင္ၿမိဳ႕က တစ္ဆင့္ တပိုင္တႏိုင္ တင္သြင္းရေၾကာင္း ၎ကဆိိုသည္။
"ရုံးခ်ဳပ္က တစ္ဖက္ႏိုင္ငံက ၾကက္ဥကို တင္သြင္းခြင့္ေတာ့ မေပးထားဘူး ။ က်န္းမာေရးအရ ၾကက္ငွက္တုပ္ေကြး ေရာဂါေၾကာင့္ တရား၀င္ ခြင့္ေတာ့မေပးဘူး။ အစုလိုက္တင္သြင္းေနတာေတာ့ မေတြ႕ရဘူး။ ဟိုဘက္သြားရင္ တပိုင္တႏိုင္ တရားမ၀င္ ခိုးသြင္းေနတာေတာ့ ရွိရင္ရွိမွာ"ဟု တာခ်ီလိတ္ခရိုင္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန မွ ဒုတိယညြန္ၾကားေရးမွဴး ေဒါက္တာစံထြန္းေ၀ ကေျပာသည္။
တာခ်ီလိတ္ေဒသအတြင္းရွိ ေမြးျမဴေရးလုပ္ငန္းရွင္မ်ား အခက္အခဲ ေတြ႕မည္ျဖစ္ေသာေၾကာင့္ ၾကက္ဥကို တစ္ဖက္ႏိုင္ငံက တရား၀င္ တင္သြင္းခြင့္ မရွိေသာ္လည္း ၾကက္ဥေစ်းသည္အခ်ိဳ႕မွာ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တစ္ဆင့္ တပိုင္တႏိုင္ တရားမ၀င္ ခိုးသြင္းလွ်က္ရွိေၾကာင္း သိရသည္။
******************
( unicode )
မြန်မာ - ထိုင်း နယ်စပ်မြို့ တာချီလိတ်မြို့တွင် ဒေသအတွင်း စားသုံးကုန် ကြက်ဥ မလုံလောက်မှုကြောင့် တစ်ဖက် ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ တစ်ဆင့် တပိုင်တနိုင် တင်သွင်းနေရကြောင်း ဒေသခံ ကြက်ဥဈေးသည်များထံမှ သိရသည်။
"တစ်ရက်ကို ကြက်ဥအလုံး (၆၀၀) ကျော်တော့ရောင်းရတယ်။ အကတ်လိုက်ဆို (၂၀) ကနေ (၄၀) ကတ်လောက်အထိ ရောင်းရတယ်။ ကြက်ဥ အရွယ်အစားလိုက် ဈေးနှုန်းတွေက ကွာသွားတာပါ။ အိမ်ကြက်ဥကို ဈေးကြီးတော့ သိပ်မရောင်းရဘူး။ ပစ္စည်းကုန်ခါနီးဆို ဟိုဘက်ကမ်းကနေပဲ တပိုင်တနိုင် တင်သွင်းဖြစ်ပါတယ် " ဟု ဒေသခံ ကြက်ဥရောင်းသူ ဦးခင်မောင်က ပြောသည်။
ကြက်ဥကို လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးသဖြင့် ဒေသအတွင်းမှာ ထွက်ကုန် မလုံလောက်မှုကြောင့် တစ်ဖက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က တစ်ဆင့် တပိုင်တနိုင် တင်သွင်းရကြောင်း၎င်းကဆိုသည်။
"ရုံးချုပ်က တစ်ဖက်နိုင်ငံက ကြက်ဥကို တင်သွင်းခွင့်တော့ မပေးထားဘူး။ ကျန်းမာရေးအရ ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် တရားဝင် ခွင့်တော့မပေးဘူး။ အစုလိုက်တင်သွင်းနေတာတော့ မတွေ့ရဘူး။ ဟိုဘက်သွားရင် တပိုင်တနိုင် တရားမဝင် ခိုးသွင်းနေတာတော့ ရှိရင်ရှိမှာ"ဟု တာချီလိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာစံထွန်းေဝ ကပြောသည်။
တာချီလိတ်ဒေသအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲ တွေ့မည်ဖြစ်သောကြောင့် ကြက်ဥကို တစ်ဖက်နိုင်ငံက တရားဝင် တင်သွင်းခွင့် မရှိသော်လည်း ကြက်ဥဈေးသည်အချို့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တစ်ဆင့် တပိုင်တနိုင် တရားမဝင် ခိုးသွင်းလျှက်ရှိကြောင်း သိရသည်။