ဖေဖေါ်ဝါရီလမှာ ရောက်တော့မယ့် တရုတ်နှစ်သစ်ကူးကာလအမီ ရည်းစားငှားတဲ့ စီးပွားရေးလည်း အရမ်း ခေတ်စားနေတာကြောင့် ယူနန်တီဗီက သတင်းထောက်တွေဟာ ကွင်းဆင်းပြီး လေ့လာကြည့်တဲ့အခါ ရည်းစားငှားတဲ့ လုပ်ငန်းတွေဟာ စုံတွဲရှာပေးနေတဲ့ကုမ္ပဏီတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
အကယ်၍ သတ်မှတ်ရက်ထက်ပိုပြီး ငှားချင်ရင် ကုမ္ပဏီက အဆင့်ဆင့် ဈေးနှုန်းပေါင်းတွက်သွားမှာဖြစ်ပြီး အရေးပေါ်ဖျက်သိမ်းမယ်ဆိုရင် ကုမ္ပဏီက ငွေပြန်အမ်းပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဘာသာပြန်။ ။ နန်းမောက်ကွမ်
Ref; shanghaiist
( unicode )
ဖေဖော်ဝါရီလမှာ ရောက်တော့မယ့် တရုတ်နှစ်သစ်ကူးကာလအမီ ရည်းစားငှါးတဲ့ စီးပွားရေးလည်း အရမ်း ခေတ်စားနေတာကြောင့် ယူနန်တီဗီက သတင်းထောက်တွေဟာ ကွင်းဆင်းပြီး လေ့လာကြည့်တဲ့အခါ ရည်းစားငှါးတဲ့ လုပ်ငန်းတွေဟာ စုံတွဲရှာပေးနေတဲ့ကုမ္ပဏီတွေ ဖြစ်နကြေတယ်လို့ သိရပါတယ်။
တရုတ်နှစ်သစ်ကူးမှာ ထုံးစံအရ တရုတ်လူမျိုးတွေဟာ ကိုယ့်မြို့ ကိုယ့်ရွာပြန်ပြီး မိဘမိတ်ဆွေ အမျိုးတွေဆီသို့ အလည်ပြန်ကြပါတယ်။ ဒီလိုပြန်ကြရာမှာ ယောကျာ်းလေးတွေ အတွက်တော့ တရုတ်နှစ်သစ်ကူးဆိုရင် ကိုယ့်ရည်းစားကို မိဘတွေနဲ့ခေါ်တွေ့ မိတ်ဆက် ဂါရဝပြုကြပါတယ်။
တရုတ်ယောကျာ်းလေးတွေ ရည်းစားမပါဘဲ အိမ်ကို တစ်ယောက်ထဲ ပြန်ရင်တော့ မျိုးရိုးမှာ အမွေဆက်ခံမယ့် ကိစ္စကို စိုးရိမ်တဲ့ မိသားစုတွေအတွက်တော့ စိုးရိမ်ရတဲ့ အကြောင်းအရာတစ်ခုပါ။ ဒါကြောင့်လည်း ဒီကိစ္စကို ဖြေရှင်းဖို့အတွက် စီးပွားရေးသမားတစ်ယောက်က "ရည်းစားငှါး" ဝန်ဆောင်မှုပြုလုပ်ပြီး မိန်းကလေးတွေကို ရည်းစားအဖြစ် အိမ်ခေါ်ပြန်လို့ရတဲ့ ဝန်ဆောင်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီရည်းစားဝန်ဆောင်မှုကနေ မိန်းကလေးချောချောလေးတွေကို (၇)ရက်အထိ အိမ်ခေါ်ပြန်ရင် ယွမ် ခြောက်ထောင်ကနေ ခုနှစ်ထောင်အထိ ပေးရပါတယ်။
မိန်းကလေးတွေ အယောက် (၂၀)(၃၀)လောက်ထဲကနေ ရွေးချယ်လို့ရပြီးတော့ မိန်းကလေးတွေရဲ့ ကိုယ်ရေးအကြောင်းအရာထဲမှာ အိမ်ထဲမှာအတူအိပ်ပြီး တစ်ခန်းထဲမှာအိပ်လည်း ဘာမှမဖြစ်ဘူးလို့ ရေးထားတယ်လို့ ဆိုပါတယ်။
အကယ်၍ သတ်မှတ်ရက်ထက်ပိုပြီး ငှါးချင်ရင် ကုမ္ပဏီက အဆင့်ဆင့် ဈေးနှုန်းပေါင်းတွက်သွားမှာဖြစ်ပြီး အရေးပေါ်ဖျက်သိမ်းမယ်ဆိုရင် ကုမ္ပဏီက ငွပြေန်အမ်းပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်နှစ်သစ်ကူးအတွက် ရည်စားငှါးတဲ့ စီးပွားရေးဟာ ဒီနှစ်မှာ စတာတော့ မဟုတ်ပါဘူး။ ဒီလို လုပ်ငန်းတွေနဲ့ ဧည့်သည်တွေဆီက ပိုက်ဆံတွေ လိမ်ယူတာတွေရှိပေမဲ့ တရုတ်ဥပဒေဟာ ဒီလိုစီးပွားရေးတွေကို မထိန်းချုပ်နိုင်သေးပါဘူး။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; shanghaiist