မီးေဘးႀကိဳတင္ ကာကြယ္ေရး အျဖစ္ ဘုရင့္ေနာင္ပုဂၢလိကေစ်း အတြင္း ဇာတ္တိုက္ေလ့က်င့္

မီးေဘးႀကိဳတင္ ကာကြယ္ေရး အျဖစ္ ဘုရင့္ေနာင္ပုဂၢလိကေစ်း အတြင္း ဇာတ္တိုက္ေလ့က်င့္
ဖေဖော်ဝါရီ 11, 2016
By Tachileik News Agency

မီးေဘးအႏၱရာယ္ကို ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ အသိပညာေပးသရုပ္ေဖာ္မႈမ်ားအား တာခ်ီလိတ္ၿမိဳ႕ရွိ  ဘုရင့္ေနာင္ပုဂၢလိကေစ်းတြင္  ေဖေဖာ္၀ါရီလ (၁၁) ရက္ေန႔ ေန႔လယ္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

မီးေဘးအႏၱရာယ္ႏွင့္ ပတ္သက္၍ အသိပညာေပးမႈတြင္ မီးၿငိႇမ္းသတ္ယာဥ္(၄)စီး၊ မီးသတ္စက္ယာဥ္(၁)စီး ႏွင့္ မီးသတ္ ေရသယ္ယာဥ္(၁)စီး စုစုေပါင္း  (၆)စီးျဖင့္ ဘုရင့္ေနာင္ ပုဂၢလိကေစ်း အေဆာက္အဦကို ေရပက္ျဖန္းျပျခင္း၊ မီးသတ္စက္ကိရိယာမ်ားျဖင့္ အရာ၀တၳဳမ်ားအား မျခင္း၊ ျဖတ္ျခင္း၊ အထပ္အျမင့္အား တစ္ဖက္ႏွင့္တစ္ဖက္ ကူးျခင္းတို႔ကိုျပသၿပီး မီးသတ္ေဆးဗူး အသုံးျပဳမႈကို ဘုရင့္ေနာင္ေစ်းတြင္ ေစ်းသူေစ်းသားမ်ားအား လက္ေတြ႕ျပသ သင္ၾကားေပးခဲ့ေၾကာင္း သိရသည္။

"မီးတကယ္ေလာင္ရင္ ဘာမွ မသိထားေတာ့ ၿငိႇမ္းဖို႔ေၾကာက္ၾကတယ္၊ အခုလိုသိရေတာ့ ေတာ္ရုံတန္ရုံမီးဆို ၿငိႇမ္းဖို႔ မေၾကာက္ေတာ့ဘူး။ ျပည္သူလူထုကို လက္ေတြ႕ျပသ သင္ၾကားေပးထားတာ ေကာင္းပါတယ္၊ ဒါမွ အေရးၾကံဳလာရင္ မေၾကာက္ၾကဘဲ မီးကိုအျမန္ျငိႇမ္းသတ္ႏိုင္မွာ"ဟု  ဘုရင့္ေနာင္ပုဂၢလိကေစ်းမွ ေစ်းသည္ ေဒၚေမသက္က ေျပာသည္။

မီးေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ အသိပညာေပးခဲ့သည့္ အဆိုပါ မီးသတ္တပ္ဖြဲ႕အား ဘုရင့္ေနာင္ပုဂၢလိကေစ်း ပိုင္ရွင္ ဦးထြန္းေနဦးက ရန္ပံုေငြအျဖစ္ အလွဴေငြ ဘတ္(၁၀,၀၀၀) ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

ဘုရင့္ေနာင္ပုဂၢလိကေစ်းအတြင္း မီးေဘးႀကိဳတင္ကာကြယ္ေရး လက္ေတြ႕ သရုပ္ျပပြဲသို႔ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခရိုင္/ၿမိဳ႕နယ္ တာ၀န္ရွိသူမ်ား၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကၿပီး ေလ့လာၾကည့္ရႈခဲ့ေၾကာင္း သိရွိရသည္။

မီးေဘးအႏၱရာယ္ကို ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ အသိပညာေပး လုပ္ငန္းအား၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ (၂၀)ရက္ေန႔က ၀မ္ေကာင္းၿမိဳ႕မေစ်းတြင္ ျပဳလုပ္ခဲ့ၿပီး ဆက္လက္၍လည္း တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ေစ်းမ်ားတြင္ ျပဳလုပ္သြားရန္ ရွိေၾကာင္း သိရသည္။
****************
( unicode )
မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးသရုပ်ဖော်မှုများအား တာချီလိတ်မြို့ရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးမှုတွင် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်စက်ယာဉ်(၁)စီး နှင့် မီးသတ် ရေသယ်ယာဉ်(၁)စီး စုစုပေါင်း (၆)စီးဖြင့် ဘုရင့်နောင် ပုဂ္ဂလိကဈေး အဆောက်အဦကို ရေပက်ဖြန်းပြခြင်း၊ မီးသတ်စက်ကိရိယာများဖြင့် အရာဝတ္ထုများအား မခြင်း၊ ဖြတ်ခြင်း၊ အထပ်အမြင့်အား တစ်ဖက်နှင့်တစ်ဖက် ကူးခြင်းတို့ကိုပြသပြီး မီးသတ်ဆေးဗူး အသုံးပြုမှုကို ဘုရင့်နောင်ဈေးတွင် ဈေးသူဈေးသားများအား လက်တွေ့ပြသ သင်ကြားပေးခဲ့ကြောင်း သိရသည်။
"မီးတကယ်လောင်ရင် ဘာမှ မသိထားတော့ ငြှိမ်းဖို့ကြောက်ကြတယ်၊ အခုလိုသိရတော့ တော်ရုံတန်ရုံမီးဆို ငြှိမ်းဖို့ မကြောက်တော့ဘူး။ ပြည်သူလူထုကို လက်တွေ့ပြသ သင်ကြားပေးထားတာ ကောင်းပါတယ်၊ ဒါမှ အရေးကြုံလာရင် မကြောက်ကြဘဲ မီးကိုအမြန်ငြှိမ်းသတ်နိုင်မှာ"ဟု ဘုရင့်နောင်ပုဂ္ဂလိကဈေးမှ ဈေးသည် ဒေါ်မေသက်က ပြောသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခဲ့သည့် အဆိုပါ မီးသတ်တပ်ဖွဲ့အား ဘုရင့်နောင်ပုဂ္ဂလိကဈေး ပိုင်ရှင် ဦးထွန်းနေဦးက ရန်ပုံငွေအဖြစ် အလှူငွေ ဘတ်(၁၀,ဝဝဝ) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့ သရုပ်ပြပွဲသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းအား၂၀၁၆ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့က ဝမ်ကောင်းမြို့မဈေးတွင် ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း တာချီလိတ်မြို့ပေါ်ရှိ ဈေးများတွင် ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~