ေဖေဖာ္ဝါရီလ ဒုတိယပတ္အတြင္း တာခ်ီလိတ္၌ ကြမ္းေစ်းျမင့္တက္

ေဖေဖာ္ဝါရီလ ဒုတိယပတ္အတြင္း တာခ်ီလိတ္၌ ကြမ္းေစ်းျမင့္တက္
ဖေဖော်ဝါရီ 10, 2016
By Tachileik News Agency

မႏၱေလးမွ တင္သြင္းေနသည့္ ကြမ္း အဝင္နည္းလာျခင္းေၾကာင့္ တာခ်ီလိတ္ၿမိဳ႕ကြမ္းေစ်းကြက္တြင္ ေဖေဖာ္၀ါရီလ ဒုတိယပတ္အတြင္း ကြမ္းတစ္ပိႆာလွ်င္ က်ပ္သံုးေထာင္ခန္႔ ေစ်းႏွဳန္းျမင့္တက္လာေၾကာင္း ကြမ္းႏွင့္ကြမ္းယာ ပစၥည္းအေရာင္းဆိုင္မ်ားမွ သိရသည္။

"မႏၱေလးမွာ ေဖေဖာ္၀ါရီလဆန္းပိုင္းတုန္းက ရာသီဥတုေအးေတာ့ ကြမ္း အထြက္က်တယ္။ ဒါေၾကာင့္ ေစ်းႏွဳန္းေတြ တက္သြားတာပါ။ ၀ယ္လိုအားေတာ့ ပံုမွန္ဆိုေပမဲ့ ေရာင္းလိုအား နည္းသြားရင္ တက္လာတတ္တယ္။ ေစ်းတက္တာ သိပ္မၾကာေသးဘူး တစ္ပတ္ေလာက္ပဲရွိေသးတယ္"ဟု မိဘေမတၱာ ကြမ္းႏွင့္ ကြမ္းပစၥည္းအေရာင္းဆိုင္မွ ကိုေက်ာ္ေက်ာ္ခ်စ္က ေျပာသည္။

တာခ်ီလိတ္ကြမ္းေစ်းကြက္သို႔ မႏၱေလးၿမိဳ႕ႏွင့္ ပတ္၀န္းက်င္ေဒသမ်ားမွ ကြမ္းအဓိက တင္သြင္းၿပီး တာခ်ီလိတ္ ကြမ္းေစ်းကြက္အတြင္း ေဖေဖာ္၀ါရီလဆန္းပိုင္း၌ ကြမ္းတစ္ပိႆာလွ်င္ ဘတ္(၃၅၀)(က်ပ္ ၁၂၅၀၀)ခန္႔ရွိခဲ့ရာ ေဖေဖာ္၀ါရီ(၈)ရက္ေန႔တြင္ ဘတ္(၄၅၀)(က်ပ္ ၁၅၀၀၀)ေစ်းခန္႔ ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ ကြမ္းႏွင့္ ကြမ္းယာပစၥည္းေစ်းကြက္အတြင္း ကြမ္းရြက္ေစ်းႏွဳန္းသာ တက္လွ်က္ရွိၿပီး က်န္ေစ်းႏွဳန္းမ်ားမွာ အတက္အက် မရိွေၾကာင္း သိရသည္။

ကြမ္းရြက္မ်ား မႏၱေလးမွ သယ္ယူပို႔ေဆာင္ရာတြင္ ေဆာင္းရာသီျဖစ္သည့္ အတြက္ ကုန္အဝင္နည္းေသာ္လည္း အပ်က္အစီးမရိွဘဲ ေႏြရာသီတြင္ သယ္ယူပို႔ေဆာင္ရာ၌ ကြမ္းရြက္ပုပ္သိုး ပ်က္စီးျခင္းမ်ားရိွေၾကာင္း ကြမ္းႏွင့္ ကြမ္းပစၥည္းအေရာင္းဆိုင္မ်ားမွသိရသည္။
************

( unicode )

မန္တလေးမှ တင်သွင်းနေသည့် ကွမ်း အဝင်နည်းလာခြင်းကြောင့် တာချီလိတ်မြို့ကွမ်းဈေးကွက်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကွမ်းတစ်ပိဿါလျှင် ကျပ်သုံးထောင်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း ကွမ်းနှင့်ကွမ်းယာ ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။

"မန္တလေးမှာ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ရာသီဥတုအေးတော့ ကွမ်း အထွက်ကျတယ်။ ဒါကြောင့် ဈေးနှုန်းတွေ တက်သွားတာပါ။ ဝယ်လိုအားတော့ ပုံမှန်ဆိုပေမဲ့ ရောင်းလိုအား နည်းသွားရင် တက်လာတတ်တယ်။ ဈေးတက်တာ သိပ်မကြာသေးဘူး တစ်ပတ်လောက်ပဲရှိသေးတယ်"ဟု မိဘမေတ္တာ ကွမ်းနှင့် ကွမ်းပစ္စည်းအရောင်းဆိုင်မှ ကိုကျော်ကျော်ချစ်က ပြောသည်။

တာချီလိတ်ကွမ်းဈေးကွက်သို့ မန္တလေးမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ ကွမ်းအဓိက တင်သွင်းပြီး တာချီလိတ် ကွမ်းဈေးကွက်အတွင်း ဖေဖော်ဝါရီလဆန်းပိုင်း၌ ကွမ်းတစ်ပိဿါလျှင် ဘတ်(၃၅၀)(ကျပ် ၁၂၅၀၀)ခန့်ရှိခဲ့ရာ ဖေဖော်ဝါရီ(၈)ရက်နေ့တွင် ဘတ်(၄၅၀)(ကျပ် ၁၅၀၀၀)ဈေးခန့် ရှိကြောင်း သိရသည်။

တာချီလိတ် ကွမ်းနှင့် ကွမ်းယာပစ္စည်းဈေးကွက်အတွင်း ကွမ်းရွက်ဈေးနှုန်းသာ တက်လျှက်ရှိပြီး ကျန်ဈေးနှုန်းများမှာ အတက်အကျ မရှိကြောင်း သိရသည်။

ကွမ်းရွက်များ မန္တလေးမှ သယ်ယူပို့ဆောင်ရာတွင် ဆောင်းရာသီဖြစ်သည့် အတွက် ကုန်အဝင်နည်းသော်လည်း အပျက်အစီးမရှိဘဲ နွေရာသီတွင် သယ်ယူပို့ဆောင်ရာ၌ ကွမ်းရွက်ပုပ်သိုး ပျက်စီးခြင်းများရှိကြောင်း ကွမ်းနှင့် ကွမ်းပစ္စည်းအရောင်းဆိုင်များမှသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~