အ.ထ.က(တာချီလိတ်) ကွန်ကရစ်လမ်းအတွက် အလှူရှင်များ လိုအပ်နေ

အ.ထ.က(တာချီလိတ်) ကွန်ကရစ်လမ်းအတွက် အလှူရှင်များ လိုအပ်နေ
ဖေဖော်ဝါရီ 6, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအတွင်း ကျပ်(၁၃၃)သိန်းကျော် ကုန်ကျမည့် ကွန်ကရစ်လမ်း ခင်းခြင်းကို ကျောင်းအကျိုးတော်ဆောင်များ ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဆောင်ရွက်နေလျှက်ရှိရာ အလှူရှင်များအား လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

"ကလေးတွေက ထမင်းစား နားနေချိန်မှာဆို ဆော့ကစားကြတယ်။ အဲချိန်ဆို ဖုန်တွေနဲ့ နောက်ပြီး ကျောင်းအဆောက်အဦးတွေက သားနားနေပြီး လမ်းကတော့ ရုပ်ပျက်နေရင် မကောင်းဘူးလေ။ ဒါကြောင့် ကျောင်းအကျိုးတော်ဆောင်တေ၊ွ ဆရာ ဆရာမတွေနဲ့ တိုင်ပင်ပြီး လုပ်ဖြစ်သွားတာပါ" ဟု ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးစံက ပြောသည်။

အဆိုပါ ကွန်ကရစ်လမ်းအတွက် ကုန်ကျငွေမှာ ထိုင်းဘတ်ဖြင့် တွက်မည်ဆိုပါက ဘတ်သုံးသိန်းခြောက်သောင်းကျော် ကုန်ကျမည်ဖြစ်ရာ လက်ရှိတွင် ဘတ်နှစ်သိန်းသုံးသောင်းသာ ရရှိထားသေးကြောင်း နှင့် ဆက်လက်၍ အလှူရှင်များ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအတွက် လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် ထိုင်းဖုန်း ၀၈၇၃၀၅၁၇၊ မြန်​မာ ၀၉၂၅၀၇၈၀၇၂၅ ၊ ၀၉၅၂၄၁၈၃၄ ၊ ၀၉၂၅၀၂၅၀၇၃၅ သို့ ဆက်သွယ်၍လည်း မေးမြန်း စုံစမ်းကာ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~