အျမႊာခဲြစိတ္မႈ သမိုင္းတြင္ အသက္အငယ္ဆံုး လူနာအားခြဲစိတ္မႈ ဆြစ္ဇာလန္တြင္ ေအာင္ျမင္

အျမႊာခဲြစိတ္မႈ သမိုင္းတြင္ အသက္အငယ္ဆံုး လူနာအားခြဲစိတ္မႈ ဆြစ္ဇာလန္တြင္ ေအာင္ျမင္
ဖေဖော်ဝါရီ 2, 2016
By Tachileik News Agency

ခႏၶာကိုယ္ပူးေနတဲ့ အျမႊာခဲြစိတ္မႈသမိုင္းမွာ အသက္အငယ္ဆံုးလူနာအား ခြဲစိတ္မႈအျဖစ္ ေအာင္ျမင္ရန္ (၁)ရာခိုင္ႏႈန္းသာရိွတဲ့ ကုသမႈကို ဆြစ္ဇာလန္ဆရာဝန္မ်ားအသင္းက ေအာင္ေအာင္ျမင္ျမင္နဲ႔ ခြဲစိတ္ လိုက္ႏိုင္ပါတယ္။

ဒီခြဲစိတ္ကုသမႈမွာ ဆရာဝန္(၁၃)ေယာက္ပါဝင္ၿပီး ငါးနာရီခန္႔ၾကာတဲ့ ကုသမႈကို လုပ္ခဲ့ရတာပါ။

"ကၽြန္မတို႔ ခက္ခဲတဲ့အခ်ိန္ကို ျဖတ္ေက်ာ္လာခဲ့ပါတယ္။ အထူးသျဖင့္ ကေလးနွစ္ေယာက္ရဲ႕ အသည္းကိုခြဲစိတ္တဲ့ အခ်ိန္က ဖိအား အမ်ားဆံုးျဖစ္ပါတယ္။ ကေလးေတြ အေနနဲ႔ ေျပာင္းလဲတဲ့ အေျခအေနကို အက်င့္ရေအာင္ေတာ့ ေလ့က်င့္ရမွာပါ"လို႔ ဆရာဝန္မ်ားအသင္းကိုယ္စား ဆရာဝန္တစ္ဦးျဖစ္တဲ့ ဘာလ္ဘလ ဝိုက္ဟားေပး ကေျပာပါတယ္။

ဒီအျမႊာပူးကို ဒီဇင္ဘာလက ေမြးဖြားခဲ့တာျဖစ္ၿပီး သံုးျမႊာပူးေမြးလာခဲ့တာပါ။ ေနာက္တစ္ေယာက္က သာမန္အတိုင္း ေမြးဖြားနိုင္ေပမဲ့ မိန္းကေလးအျမႊာနွစ္ေယာက္ကေတာ့ အသည္းနဲ႔ရင္ဘတ္ပူးေနခဲ့တာပါ။
ခြဲစိတ္ခ်ိန္တုန္းက ကေလးငယ္ေတြဟာ အသက္(၈)ရက္သာရွိၿပီး အေလးခ်ိန္(၂.၂)ကီလိုသာ ရိွတာပါ။

အစပိုင္းကေတာ့ ဆရာဝန္ေတြက ကေလးေတြကို ဒီထက္ အသက္ႀကီးမွ ခြဲစိတ္ေပးမယ္ဆိုၿပီး ဆံုးျဖတ္ထားၾကေပမဲ့ ကေလးတစ္ေယာက္က ေသြးေပါင္ခ်ိန္တက္တယ္။ ေနာက္တစ္ေယာက္က်ေတာ့ ေသြးေပါင္ခ်ိန္က် ေနတဲ့အတြက္ အႏၱရာယ္ပိုမ်ားလာတာေၾကာင့္ (၉၉)ရာခိုင္ႏႈန္း အႏၲရာယ္ရိွေနတဲ့ ခြဲစိတ္ကုသမႈကို ေရြးခ်ယ္လိုက္ၾကတာျဖစ္ၿပီး သူတို႔ကို ဗန္ၿမိဳ႕ အင္းေဆးစပိုင္းထန္းေဆးရံုမွာ ခြဲစိတ္ကုသခဲ့တာပါ။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; lematin, aklai,

****************

( unicode )

ခန္ဓာကိုယ်ပူးနေတဲ့ အမြွှာခွဲစိတ်မှုသမိုင်းမှာ အသက်အငယ်ဆုံးလူနာအား ခွဲစိတ်မှုအဖြစ် အောင်မြင်ရန် (၁)ရာခိုင်နှုန်းသာရှိတဲ့ ကုသမှုကို ဆွစ်ဇာလန်ဆရာဝန်များအသင်းက အောင်အောင်မြင်မြင်နဲ့ ခွဲစိတ် လိုက်နိုင်ပါတယ်။

ဒီခွဲစိတ်ကုသမှုမှာ ဆရာဝန်(၁၃)ယောက်ပါဝင်ပြီး ငါးနာရီခန့်ကြာတဲ့ ကုသမှုကို လုပ်ခဲ့ရတာပါ။

"ကျွန်မတို့ ခက်ခဲတဲ့အချိန်ကို ဖြတ်ကျော်လာခဲ့ပါတယ်။ အထူးသဖြင့် ကလေးနှစ်ယောက်ရဲ့ အသည်းကိုခွဲစိတ်တဲ့ အချိန်က ဖိအား အများဆုံးဖြစ်ပါတယ်။ ကလေးတွေ အနေနဲ့ ပြောင်းလဲတဲ့ အခြေအနေကို အကျင့်ရအောင်တော့ လေ့ကျင့်ရမှာပါ"လို့ ဆရာဝန်များအသင်းကိုယ်စား ဆရာဝန်တစ်ဦးဖြစ်တဲ့ ဘာလ်ဘလ ဝိုက်ဟားပေး ကပြောပါတယ်။

ဒီအမြွှာပူးကို ဒီဇင်ဘာလက မွေးဖွားခဲ့တာဖြစ်ပြီး သုံးမြွှာပူးမွေးလာခဲ့တာပါ။ နောက်တစ်ယောက်က သာမန်အတိုင်း မွေးဖွားနိုင်ပေမဲ့ မိန်းကလေးအမြွှာနှစ်ယောက်ကတော့ အသည်းနဲ့ရင်ဘတ်ပူးနေခဲ့တာပါ။
ခွဲစိတ်ချိန်တုန်းက ကလေးငယ်တွေဟာ အသက်(၈)ရက်သာရှိပြီး အလေးချိန်(၂.၂)ကီလိုသာ ရှိတာပါ။

အစပိုင်းကတော့ ဆရာဝန်တွေက ကလေးတွေကို ဒီထက် အသက်ကြီးမှ ခွဲစိတ်ပေးမယ်ဆိုပြီး ဆုံးဖြတ်ထားကြပေမဲ့ ကလေးတစ်ယောက်က သွေးပေါင်ချိန်တက်တယ်။ နောက်တစ်ယောက်ကျတော့ သွေးပေါင်ချိန်ကျ နေတဲ့အတွက် အန္တရာယ်ပိုများလာတာကြောင့် (၉၉)ရာခိုင်နှုန်း အန္တရာယ်ရှိနေတဲ့ ခွဲစိတ်ကုသမှုကို ရွေးချယ်လိုက်ကြတာဖြစ်ပြီး သူတို့ကို ဗန်မြို့ အင်းဆေးစပိုင်းထန်းဆေးရုံမှာ ခွဲစိတ်ကုသခဲ့တာပါ။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; lematin, aklai,

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~