ထိုင္းႏိုင္ငံအတြင္း အလုပ္မွ စက္ဘီးျဖင့္ျပန္လာသည့္ ျမန္မာလုပ္သားတစ္ဦး ကားတိုက္မိၿပီး ေသဆံုး

ထိုင္းႏိုင္ငံအတြင္း အလုပ္မွ စက္ဘီးျဖင့္ျပန္လာသည့္ ျမန္မာလုပ္သားတစ္ဦး ကားတိုက္မိၿပီး ေသဆံုး
ဖေဖော်ဝါရီ 1, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ၊ မဟာခ်ဳိင္နယ္ေျမအတြင္း စက္ဘီးျဖင့္ အလုပ္မွ ျပန္လာေသာ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား တစ္ဦးအား ေဖေဖၚ၀ါရီလ (၁)ရက္ေန႔ ည(၇)နာရီခန္႔တြင္ (၁၂)ဘီးကားျဖင့္ တိုက္မိ၍ ေနရာ၌ပင္ ေသဆံုးသြားေၾကာင္း ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရး မဟာမိတ္ေကာ္မတီ ''AAC''မွသိရသည္။

"ျမန္မာအလုပ္သမားက လမ္းမွန္အတိုင္း ထြက္လာတာလို႔ ျမင္တဲ့သူက ေျပာတယ္။ ကားေမာင္းတဲ့သူ ထိုင္းႏိုင္ငံသားကလည္း စက္ဘီးက လမ္းေျပာင္းျပန္စီးလာတယ္ ေျပာတယ္။ မနက္ျဖန္ အမႈမွန္ေပၚဖို႔ ကၽြန္ေတာ္တို႔ ႀကိဳးစားသြားမွာပါ"ဟု ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရး မဟာမိတ္ေကာ္မတီ ''AAC'' မွ ကိုရဲမင္းက ေျပာသည္။

ထိုင္းႏိုင္ငံ မဟာခ်ိဳင္နယ္ေျမအတြင္းရွိ ယူနီေကာ့ ငါးေသတၱာစက္ရံုအနီး ကားေကြ႔သည့္ေနရာတြင္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး (၁၂)ဘီးကားမွာ ျမင့္သျဖင့္ ကားေမာင္းသူက စက္ဘီးစီးလာေသာ အလုပ္သမားအား မေတြ႕ဘဲ တိုက္ခ်လိုက္ျခင္းျဖစ္ေၾကာင္း ျမင္ေတြ႕သူတစ္ဦးက ဆိုသည္။

ယာဥ္တိုက္မႈျဖင့္ ေသဆံုးသြားေသာ ျမန္မာႏိုင္ငံသားမွာ အလုပ္သမား စာရြက္စာတမ္း ပတ္စ္ပို႔ အျပည့္အစံုရွိၿပီး အဆိုပါအမႈအား သက္ဆုိင္ရာ ရဲစခန္းတြင္ အမႈ ဖြင့္လွစ္ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

ဓာတ္ပံု။  ။ ကိုရဲမင္း ( AAC )
---------------

( unicode )

ထိုင်းနိုင်ငံ၊ မဟာချိုင်နယ်မြေအတွင်း စက်ဘီးဖြင့် အလုပ်မှ ပြန်လာသော ရွှေ့ပြောင်း မြန်မာအလုပ်သမား တစ်ဦးအား ဖေဖော်ဝါရီလ (၁)ရက်နေ့ ည(၇)နာရီခန့်တွင် (၁၂)ဘီးကားဖြင့် တိုက်မိ၍ နေရာ၌ပင် သေဆုံးသွားကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ ''AAC''မှသိရသည်။

"မြန်မာအလုပ်သမားက လမ်းမှန်အတိုင်း ထွက်လာတာလို့ မြင်တဲ့သူက ပြောတယ်။ ကားမောင်းတဲ့သူ ထိုင်းနိုင်ငံသားကလည်း စက်ဘီးက လမ်းပြောင်းပြန်စီးလာတယ် ပြောတယ်။ မနက်ဖြန် အမှုမှန်ပေါ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ"ဟု မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ ''AAC'' မှ ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေအတွင်းရှိ ယူနီကော့ ငါးသေတ္တာစက်ရုံအနီး ကားကွေ့သည့်နေရာတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၁၂)ဘီးကားမှာ မြင့်သဖြင့် ကားမောင်းသူက စက်ဘီးစီးလာသော အလုပ်သမားအား မတွေ့ဘဲ တိုက်ချလိုက်ခြင်းဖြစ်ကြောင်း မြင်တွေ့သူတစ်ဦးက ဆိုသည်။

ယာဉ်တိုက်မှုဖြင့် သေဆုံးသွားသော မြန်မာနိုင်ငံသားမှာ အလုပ်သမား စာရွက်စာတမ်း ပတ်စ်ပို့ အပြည့်အစုံရှိပြီး အဆိုပါအမှုအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှု ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ။ ကိုရဲမင်း ( AAC )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~