အီဂ်စ္နိုင္ငံတြင္ ေခြးေကာင္ေရ (၈)သန္း၏ ရုပ္ၾကြင္းမ်ားအား တူးေဖာ္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ မူလက ယင္းတို႔ကို ေၾကာင္မ်ားဟု ထင္ခဲ့ေသာ္လည္း ေတြ႔ရွိသည့္ ရုပ္ၾကြင္း (၈)သန္းဝန္းက်င္မွာ ေခြးမ်ားသာျဖစ္ေၾကာင္း ပညာရွင္မ်ားက အတည္ျပဳခဲ့သည္။
Daily Mailက အီဂ်စ္ေျမာက္ပိုင္း ဥမင္တစ္ခုအတြင္း ေတြ႕ရွိခဲ့သည့္ အစုလိုက္ အျပံဳလိုက္ ရုပ္ၾကြင္းမ်ားမွာ ၿဗိတိန္နိုင္ငံ၊ ကားဒစ္တကၠသိုလ္မွ သုေတသီမ်ား ရွာေဖြနိုင္ခဲ့ျခင္းျဖစ္ေၾကာင္းေဖာ္ျပခဲ့သည္။
အခ်ဳိ႕ေခြးမ်ားကို မံမီရုပ္အေလာင္းမ်ားအျဖစ္ ၾကပ္စည္းဖန္တီးထားေၾကာင္း သိရသည္။ ေခြးအခ်ဳိ႕သည္ ေမြးကင္းစအရြယ္မွ နာရီအနည္းငယ္အတြင္း မံမီအျဖစ္ ၾကပ္စည္းခံလိုက္ရျခင္းဟုဆိုသည္။ ယင္းမွာ ေရွးေခတ္ အီဂ်စ္တို႔ ယံုၾကည္ကိုးကြယ္သည့္ အာႏုဘစ္ေခၚ ေသျခင္းကို အစိုးရသည့္ နတ္ဘုရားအား ပူေဇာ္သည့္ အထိမ္းအမွတ္တစ္မ်ဳိးျဖစ္နိုင္ေၾကာင္း ပညာရွင္မ်ားက ခန္႔မွန္းခဲ့သည္။
ကားဒစ္တကၠသိုလ္မွ ေဒါက္တာေပါနီကိုလက္က ေခြးမ်ားကို ေကာင္ေရမ်ားစြာ သတ္ျဖတ္ခဲ့ျခင္းသည္ ဘာသာေရးအရ ပသပူေဇာ္မႈ တစ္ခုအျဖစ္ ယူဆခဲ့ဟန္ရွိေၾကာင္း ေျပာၾကားသြားသည္။
ေခြးမ်ားစြာ ေသဆံုးခဲ့ေသာ အခ်ိန္သည္ အီဂ်စ္ကို ေရာမတို႔ အုပ္စိုးေနသည့္ ဘီစီ (၃၀)ဝန္းက်င္က ျဖစ္နိုင္ေၾကာင္းလည္း သိရွိရသည္။
Ref; Daily Mail
************************
( unicode )
အီဂျစ်နိုင်ငံတွင် ခွေးကောင်ရေ (၈)သန်း၏ ရုပ်ကြွင်းများအား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ မူလက ယင်းတို့ကို ကြောင်များဟု ထင်ခဲ့သော်လည်း တွေ့ရှိသည့် ရုပ်ကြွင်း (၈)သန်းဝန်းကျင်မှာ ခွေးများသာဖြစ်ကြောင်း ပညာရှင်များက အတည်ပြုခဲ့သည်။
Daily Mailက အီဂျစ်မြောက်ပိုင်း ဥမင်တစ်ခုအတွင်း တွေ့ရှိခဲ့သည့် အစုလိုက် အပြုံလိုက် ရုပ်ကြွင်းများမှာ ဗြိတိန်နိုင်ငံ၊ ကားဒစ်တက္ကသိုလ်မှ သုတေသီများ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြခဲ့သည်။
အချို့ခွေးများကို မံမီရုပ်အလောင်းများအဖြစ် ကြပ်စည်းဖန်တီးထားကြောင်း သိရသည်။ ခွေးအချို့သည် မွေးကင်းစအရွယ်မှ နာရီအနည်းငယ်အတွင်း မံမီအဖြစ် ကြပ်စည်းခံလိုက်ရခြင်းဟုဆိုသည်။ ယင်းမှာ ရှေးခေတ် အီဂျစ်တို့ ယုံကြည်ကိုးကွယ်သည့် အာနုဘစ်ခေါ် သခြေင်းကို အစိုးရသည့် နတ်ဘုရားအား ပူဇော်သည့် အထိမ်းအမှတ်တစ်မျိုးဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့သည်။
ကားဒစ်တက္ကသိုလ်မှ ဒေါက်တာပေါနီကိုလက်က ခွေးများကို ကောင်ရေများစွာ သတ်ဖြတ်ခဲ့ခြင်းသည် ဘာသာရေးအရ ပသပူဇော်မှု တစ်ခုအဖြစ် ယူဆခဲ့ဟန်ရှိကြောင်း ပြောကြားသွားသည်။
ခွေးများစွာ သေဆုံးခဲ့သော အချိန်သည် အီဂျစ်ကို ရောမတို့ အုပ်စိုးနေသည့် ဘီစီ (၃၀)ဝန်းကျင်က ဖြစ်နိုင်ကြောင်းလည်း သိရှိရသည်။
Ref; Daily Mail