( အသက္ျပန္ရွင္လာတဲ့ ကေလးငယ္ )
ဘာသာျပန္၊ ေဖေဖာ္၀ါရီလ(၂၀)။ ။တ႐ုတ္ႏိုင္ငံမွာ ႏွစ္သစ္ကူး ကာလအတြင္း ဆရာဝန္မ်ားက ေသဆံုးၿပီလို႔ အတည္ျပဳေပးလိုက္တဲ့ ႏွစ္လသားေလးဟာ (၁၂)ဒီဂရီထိ ေအးခဲေနတဲ့ ရင္ခြဲရံုထဲမွာ ျပန္လည္ အသက္ရွင္လာတာကို ေတြ႔ရတဲ့အတြက္ မိသားစုေတြ အံ့ၾသေပ်ာ္ရႊင္သြားၾကပါတယ္။
"ကၽြန္ေတာ့္သားက ေမြးကတည္းက (၂၃)ရက္ၾကာ ဓာတ္ကင္ရတယ္။ ဆရာဝန္က သက္သာၿပီလို႔ ေျပာေတာ့ တ႐ုတ္ႏွစ္သစ္ကူးမွာ သားကို အိမ္ျပန္ေခၚလာတယ္"လို႔ ကေလးရဲ႕ဖခင္ျဖစ္တဲ့ က်င္းဟြာလူ က ေျပာပါတယ္။
ဒါေပမဲ့ အိမ္ေရာက္ၿပီး ႏွစ္ရက္အၾကာမွာေတာ့ ကေလးရဲ႕ က်န္းမာေရးအေျခအေန မေကာင္းတာေၾကာင့္ ေဆးရံုကို အျမန္ဆံုးေခၚသြားေပမဲ့ ကေလးက ႏွလံုးခုန္ရပ္ေနတာကို ဆရာဝန္ေတြ စမ္းသပ္မိတာေၾကာင့္ ကေလးေသဆံုးၿပီလို႔ လက္မွတ္ထိုးေပးလိုက္ပါတယ္။
ဒါေၾကာင့္ ကေလးကို ေဆးရံုကေန ေစာင္(၂)ထည္နဲ႔ထုပ္ၿပီး တစ္ညေက်ာ္ၾကာေအာင္ ရင္ခြဲရံုထဲမွာ ထားခဲ့တာပါ။ ဒီေနာက္မွာေတာ့ မိသားစုက ကေလးရဲ႕အေလာင္းကို ေနရပ္သို႔ ျပန္သယ္သြားမယ္လို႔ ျပင္ဆင္ၾကရာမွာ ကေလးက အသက္ျပန္ရွဴလာတာကို ေတြ႔တာေၾကာင့္ မိသားစုေတြ ေအာ္ဟစ္ ငိုယိုခဲ့ၾကတာကို ေဆးရံုဝန္ထမ္းေတြ ေတြ႕လိုက္ရပါတယ္။
ဒီကေလးဟာ (၁၂)ဒီဂရီေလာက္ ေအးခဲေနတဲ့ ရင္ခြဲရံုထဲမွာ (၁၅)နာရီၾကာ ရင္ဆိုင္ခဲ့ၿပီး အသက္ျပန္ရွဴလာတဲ့အတြက္ ဆရာဝန္ေတြက ခ်က္ခ်င္း ဓာတ္ကင္ေပးၾကပါတယ္။
ဒီလိုအံ့ၾသစရာျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ကေလးဆက္လက္ အသက္ရွင္ႏိုင္ဖို႔ အတတ္ႏိုင္ဆံုး ႀကိဳးစားသြားပါမယ္ဆိုတဲ့ ကတိထက္ တျခားေျဖရွင္းခ်က္ေတြ မေပးႏုိင္ပါဘူးလို႔ ဆရာဝန္္ေတြက ဆိုပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; kapook, QQ, World TV
******************
( unicode )
တရုတ်နိုင်ငံမှာ နှစ်သစ်ကူး ကာလအတွင်း ဆရာဝန်များက သေဆုံးပြီလို့ အတည်ပြုပေးလိုက်တဲ့ နှစ်လသားလေးဟာ (၁၂)ဒီဂရီထိ အေးခဲနေတဲ့ ရင်ခွဲရုံထဲမှာ ပြန်လည် အသက်ရှင်လာတာကို တွေ့ရတဲ့အတွက် မိသားစုတွေ အံ့သြပျော်ရွှင်သွားကြပါတယ်။
"ကျွန်တော့်သားက မွေးကတည်းက (၂၃)ရက်ကြာ ဓာတ်ကင်ရတယ်။ ဆရာဝန်က သက်သာပြီလို့ ပြောတော့ တရုတ်နှစ်သစ်ကူးမှာ သားကို အိမ်ပြန်ခေါ်လာတယ်"လို့ ကလေးရဲ့ဖခင်ဖြစ်တဲ့ ကျင်းဟွာလူ က ပြောပါတယ်။
ဒါပေမဲ့ အိမ်ရောက်ပြီး နှစ်ရက်အကြာမှာတော့ ကလေးရဲ့ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် ဆေးရုံကို အမြန်ဆုံးခေါ်သွားပေမဲ့ ကလေးက နှလုံးခုန်ရပ်နေတာကို ဆရာဝန်တွေ စမ်းသပ်မိတာကြောင့် ကလေးသေဆုံးပြီလို့ လက်မှတ်ထိုးပေးလိုက်ပါတယ်။
ဒါကြောင့် ကလေးကို ဆေးရုံကနေ စောင်(၂)ထည်နဲ့ထုပ်ပြီး တစ်ညကျော်ကြာအောင် ရင်ခွဲရုံထဲမှာ ထားခဲ့တာပါ။ ဒီနောက်မှာတော့ မိသားစုက ကလေးရဲ့အလောင်းကို နေရပ်သို့ ပြန်သယ်သွားမယ်လို့ ပြင်ဆင်ကြရာမှာ ကလေးက အသက်ပြန်ရှူလာတာကို တွေ့တာကြောင့် မိသားစုတွေ အော်ဟစ် ငိုယိုခဲ့ကြတာကို ဆေးရုံဝန်ထမ်းတွေ တွေ့လိုက်ရပါတယ်။
ဒီကလေးဟာ (၁၂)ဒီဂရီလောက် အေးခဲနေတဲ့ ရင်ခွဲရုံထဲမှာ (၁၅)နာရီကြာ ရင်ဆိုင်ခဲ့ပြီး အသက်ပြန်ရှူလာတဲ့အတွက် ဆရာဝန်တွေက ချက်ချင်း ဓာတ်ကင်ပေးကြပါတယ်။
ဒီလိုအံ့သြစရာဖြစ်ရပ်နဲ့ ပတ်သက်လို့ ကလေးဆက်လက် အသက်ရှင်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်ဆိုတဲ့ ကတိထက် တခြားဖြေရှင်းချက်တွေ မပေးနိုင်ပါဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; kapook, QQ, World TV