တာချီလိတ်မြို့ "ဇန်းမွန်အာခါ ဒယ်ဟောင်(ခ်)" ဖွင့်ပွဲတွင် အဆိုတော် စိုင်းဆိုင်မောဝ် နှင့် အာခါမျိုးကြီးတို့ လာရောက် ဖျော်ဖြေမည်

တာချီလိတ်မြို့ "ဇန်းမွန်အာခါ ဒယ်ဟောင်(ခ်)" ဖွင့်ပွဲတွင် အဆိုတော် စိုင်းဆိုင်မောဝ် နှင့် အာခါမျိုးကြီးတို့ လာရောက် ဖျော်ဖြေမည်
ဇန်နဝါရီ 4, 2016
By Tachileik News Agency
တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်မှ ဇန်းမွန်အာခါ ဒယ်ဟောင်(ခ်) ဖွင့်ပွဲကို ဇန်န၀ါရီလ (၄)ရက်နေ့  လွတ်လပ်ရေးနေ့ညတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 "ဇန်းမွန်အာခါ ဒယ်ဟောင်(ခ်)ဖွင့်ပွဲမှာ အဆိုတော် စိုင်းဆိုင်မောဝ် နဲ့ အာခါတိုင်းရင်းသား အဆိုတော် အာခါ မျိုးကြီးလို့ ခေါ်တဲ့ ကိုလီဂါလည်း လာပြီး ဖျော်ဖြေပေးမှာပါ၊ ဖွင့်ပွဲအနေနဲ့ ၀င်ကြေးကို အခမဲ့ စီစဉ်ထားပါတယ်"ဟု ဇန်းမွန်အာခါ ဒယ်ဟောင်(ခ်) မှ တာဝန်ရှိသူက ဆိုသည်။

ဇန်းမွန်အာခါ ဒယ်ဟောင်(ခ်)အား တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းလမ်းဘေး၊ ဇန်းမွန်အာခါ ဟိုတယ်အတွင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖွင့်ချိန်အား ည(၁၀)နာရီမှ နံနက်(၂)နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net