မီးေဘးအႏၱရာယ္ ကာကြယ္ေရးအတြက္ ၿမိဳ႕မေစ်းအတြင္း ဇာတ္တိုက္သရုပ္ျပ

မီးေဘးအႏၱရာယ္ ကာကြယ္ေရးအတြက္ ၿမိဳ႕မေစ်းအတြင္း ဇာတ္တိုက္သရုပ္ျပ
ဇန်နဝါရီ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ ဦးေဆာင္၍ ၿမိဳ႕နယ္ စည္ပင္ သာယာေရးေကာ္မတီ ႏွင့္ တာ၀န္ရွိသူမ်ား ပူးေပါင္းကာ မီးေဘးအႏၱရာယ္ ကာကြယ္ႏိုင္ေရး အတြက္ သရုပ္ျပမႈကို ဇန္န၀ါရီလ (၂၀)ရက္ေန႔က ၿမိဳ႕မ(၀မ္ေကာင္း)ေစ်းတြင္ ျပဳလုပ္သည္။

"ေစ်းေတြကို အဓိကထားၿပီး မီးေဘး အသိပညာေပးပါတယ္။ လူေနမ်ားတဲ့ ေနရာမွာ မီးေလာင္မႈျဖစ္ခဲ့ရင္ ေနရာ အခက္အခဲေၾကာင့္ ၿငိႇမ္းဖို႔ခက္ေလ့ရွိပါတယ္။ ခုလို ႀကိဳတင္ျပင္ဆင္ထားတာ မမွားပါဘူး။ ေနာက္တစ္ပတ္က်ရင္ေတာ့ ဘုရင့္ေနာင္ေစ်းကို အသိပညာေပး သရုပ္ေဖာ္မႈမ်ား လုပ္သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ ဦးစီးအရာရွိ ဦးေက်ာ္သူက ေျပာသည္။

ေစ်းသူ၊ ေစ်းသားမ်ားအား အသိပညာေပးမႈတြင္ မီးသတ္ယာဥ္ (၆)စီးျဖင့္ အေဆာက္အဦးကို ေရပက္ျဖန္းျပျခင္း၊ မီးသတ္စက္ကိရိယာမ်ားျဖင့္ အရာ၀တၳဳမ်ားအား မ ျခင္း၊ ျဖတ္ျခင္းတို႔ကို လက္ေတြ႔ ျပသၿပီး မီးသတ္ေဆးဗူးအသုံးျပဳမႈကိုလည္း လက္ေတြ႕ျပသ သင္ၾကားေပးသည္။

"အခုလို ျပည္သူလူထုကို လက္ေတြ႕ျပသ သင္ၾကားေပးထားတာ ေကာင္းပါတယ္။ ဒါမွ အေရးၾကံဳလာရင္ မေၾကာက္ၾကပဲ မီးကို အျမန္ၿငိႇမ္းသတ္ႏိုင္မွာ။ ၀မ္ေကာင္းေစ်းထဲမွာဆို ေစ်းဆိုင္တစ္ခန္းကို မီးေဘးကာကြယ္ႏိုင္ရန္ မီးသတ္ေဆးဗူး (၂)လံုးစီ ထားရွိၿပီး ေစ်းတစ္ခုလုံးမွာ စုစုေပါင္း မီးသတ္ေဆးဗူး(၃၆၄) လုံး ထား ထားပါတယ္"ဟု ေစ်းေကာ္မတီအဖြဲ႕ ဥကၠဌ ဦးေဇာ္ျမင့္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ေစ်းမ်ားတြင္ မီးေဘးအႏၱရာယ္ကို ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ အသိပညာေပးမႈမ်ား ဆက္လက္ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု ။  ။ ေဇာင္းညီ
********************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ် စည်ပင် သာယာရေးကော်မတီ နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေး အတွက် သရုပ်ပြမှုကို ဇန်နဝါရီလ (၂၀)ရက်နေ့က မြို့မ(ဝမ်ကောင်း)ဈေးတွင် ပြုလုပ်သည်။

"ဈေးတွေကို အဓိကထားပြီး မီးဘေး အသိပညာပေးပါတယ်။ လူနေများတဲ့ နေရာမှာ မီးလောင်မှုဖြစ်ခဲ့ရင် နေရာ အခက်အခဲကြောင့် ငြှိမ်းဖို့ခက်လေ့ရှိပါတယ်။ ခုလို ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး။ နောက်တစ်ပတ်ကျရင်တော့ ဘုရင့်နောင်ဈေးကို အသိပညာပေး သရုပ်ဖော်မှုများ လုပ်သွားမှာပါ"ဟု တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်သူက ပြောသည်။

ဈေးသူ၊ ဈေးသားများအား အသိပညာပေးမှုတွင် မီးသတ်ယာဉ် (၆)စီးဖြင့် အဆောက်အဦးကို ရေပက်ဖြန်းပြခြင်း၊ မီးသတ်စက်ကိရိယာများဖြင့် အရာဝတ္ထုများအား မ ခြင်း၊ ဖြတ်ခြင်းတို့ကို လက်တွေ့ ပြသပြီး မီးသတ်ဆေးဗူးအသုံးပြုမှုကိုလည်း လက်တွေ့ပြသ သင်ကြားပေးသည်။

"အခုလို ပြည်သူလူထုကို လက်တွေ့ပြသ သင်ကြားပေးထားတာ ကောင်းပါတယ်။ ဒါမှ အရေးကြုံလာရင် မကြောက်ကြပဲ မီးကို အမြန်ငြှိမ်းသတ်နိုင်မှာ။ ဝမ်ကောင်းဈေးထဲမှာဆို ဈေးဆိုင်တစ်ခန်းကို မီးဘေးကာကွယ်နိုင်ရန် မီးသတ်ဆေးဗူး (၂)လုံးစီ ထားရှိပြီး ဈေးတစ်ခုလုံးမှာ စုစုပေါင်း မီးသတ်ဆေးဗူး(၃၆၄) လုံး ထား ထားပါတယ်"ဟု ဈေးကော်မတီအဖွဲ့ ဥက္ကဌ ဦးဇော်မြင့်က ပြောသည်။

တာချီလိတ်မြို့ပေါ်ရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~