ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ျဖင့္ တာခ်ီလိတ္၌ စတင္အေရးယူၿပီ

ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ျဖင့္ တာခ်ီလိတ္၌ စတင္အေရးယူၿပီ
ဇန်နဝါရီ 2, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ စည္းကမ္းမဲ့ယာဥ္မ်ားကို ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ျဖင့္ အေရးယူ ဖမ္းဆီးျခင္းအား ၂၀၁၆ခုႏွစ္ ဇန္နဝါရီလဆန္းမွစ၍ ယာဥ္ထိန္းရဲတပ္ဖြဲ႕ အပါအဝင္ ယာဥ္စည္းကမ္း ထိန္းသိမ္းေရး ပူးေပါင္းအဖြဲ႕ျဖင့္ စတင္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ဆိုင္ကယ္စီးဦးထုပ္ မေဆာင္းတာတို႔ ၊ ဆိုင္ကယ္နံပါတ္ျပား မတပ္တို႔အျပင္ ယာဥ္ေမာင္းလိုင္စင္မရွိတာ၊ ဆိုင္ကယ္လိုင္စင္ မရွိတာနဲ႔ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းေပမဲ့လည္း ေမးသိုင္းႀကိဳး မတပ္တာေတြကို အေရးယူပါတယ္၊ ဒီေန႔ကေန ဇန္န၀ါရီလ(၄)ရက္ေန႔အထိက တရားရံုး ပိတ္ရက္ျဖစ္ေနတယ္၊ (၅)ရက္ေန႔မွ တရားရံုးကို ပို႔မွာပါ၊ ေလာေလာဆယ္ကေတာ့ ဆိုင္ကယ္ေတြကို ရံုးမွာ ထားခဲ့ရပါတယ္၊ ယာဥ္လိုင္စင္ စာအုပ္ရွိရင္ေတာ့ စာအုပ္ကို ထားခဲ့ေစၿပီး ဆိုင္ကယ္ကို ယူသြားခြင့္ျပဳထားပါတယ္၊ လိုင္စင္မရွိတဲ့ ဆိုင္ကယ္ေတြကိုေတာ့ ရံုးမွာထား ထားၿပီး တရားရံုးဖြင့္တဲ့ေန႔ ေရာက္မွ ဒဏ္ေၾကးေဆာင္ၿပီးမွ  ျပန္လည္ ယူေဆာင္ခြင့္ေပးမွာပါ..."ဟု တာခ်ီလိတ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက ေျပာျပသည္။

ဖမ္းဆီးအေရးယူမႈအား ဇန္နဝါရီလ ၂ ရက္ေန႔တြင္ စတင္ေဆာင္ရြက္ေနရာ ရံုးပိတ္ရက္မ်ားတြင္ ဖမ္းဆီးရမိသည့္ စည္းကမ္းမဲ့ယာဥ္မ်ားအား ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွဴးရံုးတြင္ ေခတၱသိမ္းဆည္း ထားမည္ျဖစ္ေၾကာင္း သိရသည္။

"ကားေတြကို စစ္တဲ့အခါမွာလည္း ကားလိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္ ပါမပါနဲ႔ ယာဥ္နံပါတ္ေတြ တပ္ဆင္ထားျခင္း ရွိမရွိ စစ္ပါတယ္။ လက္ကမ္း စာရြက္ေတြလည္း ေ၀ၿပီးသားျဖစ္ပါတယ္။ အဲဒီထဲက အတိုင္း ညီညႊတ္တာေတြကို ျပန္လႊတ္ၿပီး မညီညႊတ္တာဆိုရင္ေတာ့ အေရးယူဖို႔ တရားရံုးကို တင္ေပးလိုက္ပါတယ္။ တရားရံုးကေန ဒဏ္ေၾကးေတြနဲ႔ ပတ္သက္ၿပီး ဥပေဒအတိုင္း ေဆာင္ရြက္ပါလိမ့္မယ္"ဟု အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု၊ တာခ်ီလိတ္မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴး ေအာင္ကိုကိုက ေျပာသည္။

တာခ်ီလိတ္၌ ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒျဖင့္ ပထမဆံုး အေရးယူျခင္းကို၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ(၂)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွဴးရံုးေရွ႕တြင္ စတင္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ေရြ႕လ်ားစနစ္ျဖင့္ စစ္ေဆးမႈမ်ားကိုလည္း ဆက္လက္ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အဓိက ကေတာ့ တာခ်ီလိတ္မွာ ယာဥ္တိုက္မႈေတြမ်ားတယ္။ တိုက္ၿပီးရင္လည္း ေမာင္းေျပးၾကတာတို႔ ျဖစ္ေနေတာ့ ယာဥ္ေတြကို နံပါတ္ျပား တပ္ထားဖို႔ကို ပညာေပးကာလ ကတည္းက အသိပညာေပးထားတာ သံုးလေလာက္ရွိၿပီ။ အဓိက က ယာဥ္တိုက္မႈေတြ ေလ်ာ့နည္းေအာင္လို႔ပါ။ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းၿပီး ေမးသိုင္းႀကိဳးတပ္ဖို႔လိုပါတယ္.." ဟု ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

ယင္းကဲ့သို႔ စည္းကမ္းမဲ့ယာဥ္မ်ားအား အေရးယူေဆာင္ရြက္ျခင္းအား ေရရွည္လုပ္ေဆာင္သင့္ၿပီး ဌာနဆိုင္ရာႏွင့္ ျပည္သူမ်ားကို တေျပးညီ အေရးယူသင့္သည္ဟု ေဒသခံမ်ားက အႀကံျပဳလိုက္သည္။

"စည္းကမ္းမဲ့ ယာဥ္ေတြကို ဖမ္းဆီးမယ္ဆိုရင္ ထိထိေရာက္ေရာက္ ေဆာင္ရြက္ရင္ ပိုေကာင္းမယ္။ အခုလို လုပ္ငန္းစဥ္ကို လရွည္အျဖစ္ ဖမ္းဆီးမယ္ဆိုရင္ ဘယ္သူမဆို အခ်ိန္ၾကာလာေတာ့ စည္းကမ္းကို လိုက္နာၾကမွာပါ။ ဌာနဆိုင္ရာေရာ ျပည္သူလူထုကိုေရာ တသားထဲထားၿပီး အေရးယူ သင့္ပါတယ္။ အခြင့္ေရးေပးတာတို႔ ဆိုရင္ ဘယ္သူမွ စည္းကမ္းကို လိုက္နာမွာ မဟုတ္ေတာ့ဘူး" ဟု တာခ်ီလိတ္ၿမိဳ႕မွ ဦးကိုကိုႏိုင္က ေျပာသည္။

ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ျဖင့္ အေရးယူႏိုင္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလအတြင္းက  ဆိုင္ကယ္စီး ဦးထုပ္ အခမဲ့ေ၀ေပးျခင္း၊ လက္ကမ္းစာရြက္မ်ားျဖင့္ အသိပညာေပးျခင္း၊ ပညာေပးဆိုင္းဘုတ္ စိုက္ထူျခင္းတို႔ျဖင့္ ပညာေပးကာလကို ေဆာင္ရြက္ခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွ စတင္၍ အေရးယူေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု။  ။ ေဇာင္းညီ

**************
( unicode )
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စည်းကမ်းမဲ့ယာဉ်များကို မော်တော်ယာဉ် ဥပဒေသစ်ဖြင့် အရေးယူ ဖမ်းဆီးခြင်းအား ၂၀၁၆ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့ဖြင့် စတင်ဆောင်ရွက်နေကြောင်း သိရသည်။
"ဆိုင်ကယ်စီးဦးထုပ် မဆောင်းတာတို့၊ ဆိုင်ကယ်နံပါတ်ပြား မတပ်တို့အပြင် ယာဉ်မောင်းလိုင်စင်မရှိတာ၊ ဆိုင်ကယ်လိုင်စင် မရှိတာနဲ့ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပေမဲ့လည်း မေးသိုင်းကြိုး မတပ်တာတွေကို အရေးယူပါတယ်၊ ဒီနေ့ကနေ ဇန်နဝါရီလ(၄)ရက်နေ့အထိက တရားရုံး ပိတ်ရက်ဖြစ်နေတယ်၊ (၅)ရက်နေ့မှ တရားရုံးကို ပို့မှာပါ၊ လောလောဆယ်ကတော့ ဆိုင်ကယ်တွေကို ရုံးမှာ ထားခဲ့ရပါတယ်၊ ယာဉ်လိုင်စင် စာအုပ်ရှိရင်တော့ စာအုပ်ကို ထားခဲ့စပြေီး ဆိုင်ကယ်ကို ယူသွားခွင့်ပြုထားပါတယ်၊ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကိုတော့ ရုံးမှာထား ထားပြီး တရားရုံးဖွင့်တဲ့နေ့ ရောက်မှ ဒဏ်ကြေးဆောင်ပြီးမှ ပြန်လည် ယူဆောင်ခွင့်ပေးမှာပါ..."ဟု တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 
ဖမ်းဆီးအရေးယူမှုအား ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်ဆောင်ရွက်နေရာ ရုံးပိတ်ရက်များတွင် ဖမ်းဆီးရမိသည့် စည်းကမ်းမဲ့ယာဉ်များအား ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတွင် ခေတ္တသိမ်းဆည်း ထားမည်ဖြစ်ကြောင်း သိရသည်။
"ကားတွေကို စစ်တဲ့အခါမှာလည်း ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင် ပါမပါနဲ့ ယာဉ်နံပါတ်တွေ တပ်ဆင်ထားခြင်း ရှိမရှိ စစ်ပါတယ်။ လက်ကမ်း စာရွက်တွေလည်း ဝပြေီးသားဖြစ်ပါတယ်။ အဲဒီထဲက အတိုင်း ညီညွှတ်တာတွေကို ပြန်လွှတ်ပြီး မညီညွှတ်တာဆိုရင်တော့ အရေးယူဖို့ တရားရုံးကို တင်ပေးလိုက်ပါတယ်။ တရားရုံးကနေ ဒဏ်ကြေးတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ပါလိမ့်မယ်"ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုက ပြောသည်။
တာချီလိတ်၌ ၂၀၁၅ မော်တော်ယာဉ် ဥပဒဖြေင့် ပထမဆုံး အရေးယူခြင်းကို၂၀၁၆ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးရှေ့တွင် စတင် ဆောင်ရွက်နခြေင်းဖြစ်ပြီး ရွေ့လျားစနစ်ဖြင့် စစ်ဆေးမှုများကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
"အဓိက ကတော့ တာချီလိတ်မှာ ယာဉ်တိုက်မှုတွေများတယ်။ တိုက်ပြီးရင်လည်း မောင်းပြေးကြတာတို့ ဖြစ်နေတော့ ယာဉ်တွေကို နံပါတ်ပြား တပ်ထားဖို့ကို ပညာပေးကာလ ကတည်းက အသိပညာပေးထားတာ သုံးလလောက်ရှိပြီ။ အဓိက က ယာဉ်တိုက်မှုတွေ လျော့နည်းအောင်လို့ပါ။ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ဖို့လိုပါတယ်.." ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ စည်းကမ်းမဲ့ယာဉ်များအား အရေးယူဆောင်ရွက်ခြင်းအား ရေရှည်လုပ်ဆောင်သင့်ပြီး ဌာနဆိုင်ရာနှင့် ပြည်သူများကို တပြေးညီ အရေးယူသင့်သည်ဟု ဒေသခံများက အကြံပြုလိုက်သည်။
"စည်းကမ်းမဲ့ ယာဉ်တွေကို ဖမ်းဆီးမယ်ဆိုရင် ထိထိရောက်ရောက် ဆောင်ရွက်ရင် ပိုကောင်းမယ်။ အခုလို လုပ်ငန်းစဉ်ကို လရှည်အဖြစ် ဖမ်းဆီးမယ်ဆိုရင် ဘယ်သူမဆို အချိန်ကြာလာတော့ စည်းကမ်းကို လိုက်နာကြမှာပါ။ ဌာနဆိုင်ရာရော ပြည်သူလူထုကိုရော တသားထဲထားပြီး အရေးယူ သင့်ပါတယ်။ အခွင့်ရေးပေးတာတို့ ဆိုရင် ဘယ်သူမှ စည်းကမ်းကို လိုက်နာမှာ မဟုတ်တော့ဘူး" ဟု တာချီလိတ်မြို့မှ ဦးကိုကိုနိုင်က ပြောသည်။
မော်တော်ယာဉ် ဥပဒေသစ်ဖြင့် အရေးယူနိုင်ရေးအတွက် တာချီလိတ်မြို့တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆိုင်ကယ်စီး ဦးထုပ် အခမေဲ့ဝပေးခြင်း၊ လက်ကမ်းစာရွက်များဖြင့် အသိပညာပေးခြင်း၊ ပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းတို့ဖြင့် ပညာပေးကာလကို ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အရေးယူဆောင်ရွက်နခြေင်းဖြစ်သည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~