ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမွ ဆန္မ်ားကို ျပည္နယ္အစိုးရ၏ ေထာက္ခံခ်က္မလိုဘဲ ျပည္ပသို႔ တင္ပို႔ႏိုင္ၿပီ

ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမွ ဆန္မ်ားကို ျပည္နယ္အစိုးရ၏ ေထာက္ခံခ်က္မလိုဘဲ ျပည္ပသို႔ တင္ပို႔ႏိုင္ၿပီ
ဇန်နဝါရီ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ေထာက္ခံခ်က္ကို ရယူရန္ မလိုေတာ့ဘဲ ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမွ ပိုလွ်ံသည့္ ဆန္မ်ားကို တရား၀င္လိုင္စင္ျဖင့္ ျပည္ပသို႔ တင္ပို႔ခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရး စခန္း၏ ၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ(၉)ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည့္ စာအရ သိရသည္။

"တရား၀င္ လိုင္စင္တစ္ခုထဲနဲ႔ တင္ပို႔လို႔ရၿပီဆိုေတာ့ ပိုအဆင္ေျပသြားႏိုင္ပါတယ္။ ဟိုရံုး၀င္ ဒီရံုး၀င္ဆိုရင္ အခ်ိန္က ၾကန္႔ၾကာေနမွာ။ ကြ်န္ေတာ့္အေနနဲ႔ကေတာ့ လာအိုဘက္ကို ပို႔ခ်င္တယ္။ အခုက ျပည္ပလို႔ ေျပာထားေတာ့ ရွမ္းျပည္နယ္ အေရွ႕ပိုင္းနယ္စပ္ေတြျဖစ္တဲ့ ထိုင္း၊ တရုတ္၊ လာအိုတို႔ကို ပို႔လို႔ရၿပီေပါ့"ဟု တာေလၿမိဳ႕ေန ဆန္ကုန္သည္ ဦးသန္႔ဇင္လတ္က ေျပာသည္။

ကုန္သြယ္မႈ ျမႇင့္တင္ေရး ကုန္စည္စီးဆင္းမႈ လြယ္ကူလ်င္ျမန္ေစေရးႏွင့္ မလိုလားအပ္ေသာ ကုန္က်စရိတ္မ်ား မရွိေစေရးတို႔အတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔၏ ေထာက္ခံခ်က္ကို ရယူရန္ မလိုေတာ့ဘဲ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)ရွိ ေဒသတြင္း စားသံုးမႈမွ ပိုလွ်ံဆန္မ်ားကို တရား၀င္ လိုင္စင္ျဖင့္ တင္ပို႔ခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ က်ဳိင္းတံုခရိုင္၊ တာခ်ီလိတ္ခရိုင္ ႏွင့္ မိုင္းဆတ္ခရိုင္တို႔ပါဝင္ၿပီး နယ္နိမိတ္ထိစပ္ေနသည့္ ထိုင္း၊ တရုတ္၊ လာအိုႏိုင္ငံမ်ားသို႔ အနည္းငယ္တင္ပို႔မႈသာရိွေၾကာင္း ေဒသခံကုန္သည္မ်ားထံမွ သိရသည္။

“ထိုင္းဘက္ကေတာ့ ဆန္ေတြ လွမ္း၀ယ္တာေတာ့ နည္းတယ္။ အာခါေတြကေတာ့ ဆန္တစ္အိတ္၊ ႏွစ္အိတ္ လွည္းေလးေတြနဲ႔ သြားပို႔တာပဲရွိတယ္။ မ်ားမ်ားစားစား တင္ပို႔တာေတာ့ မရွိပါဘူး။ အရင္ Mobile Team တုန္းကေတာ့ ပို႔ခြင့္ ပိတ္ထားပါတယ္.."ဟု တာခ်ီလိတ္ၿမိဳ႕ ပုသိမ္ဆန္ဆိုင္မွ ကိုေမာင္ထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ျပည္မမွ ဆန္သယ္ယူခြင့္ကို တာခ်ီလိတ္ေဒသ လိုအပ္ခ်က္အေပၚ သက္ဆိုင္ရာ ဌာနမ်ားက တြက္ခ်က္ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ေထာက္ခံခ်က္ျဖင့္သာ သယ္ယူခြင့္ျပဳရန္ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ ၂၄ ရက္က ကန္႔သတ္ထားခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလ (၉)ရက္ေန႔တြင္ ေဒသတြင္း ဆန္မ်ားကို ျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ ရယူရန္မလိုေတာ့ဘဲ ျပည္ပတင္ပို႔ခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။

ျပည္မမွ ဆန္တင္သြင္းမႈမ်ားရိွေနသည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)မွ ထိုင္းႏိုင္ငံသို႔ ကုန္ၾကမ္းအျဖစ္ အသံုးျပဳသည့္ ဆန္ၾကမ္းအနည္းငယ္ကိုသာ တင္ပို႔ရေလ့ရိွေၾကာင္း ေဒသခံဆန္ကုန္သည္မ်ားထံမွ သိရသည္။

***********

( unicode )

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ကို ရယူရန် မလိုတော့ဘဲ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ ပိုလျှံသည့် ဆန်များကို တရားဝင်လိုင်စင်ဖြင့် ပြည်ပသို့ တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တာချီလိတ်နယ်စပ် ကုန်သွယ်ရေး စခန်း၏ ၂၀၁၆ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် စာအရ သိရသည်။

"တရားဝင် လိုင်စင်တစ်ခုထဲနဲ့ တင်ပို့လို့ရပြီဆိုတော့ ပိုအဆင်ပြေသွားနိုင်ပါတယ်။ ဟိုရုံးဝင် ဒီရုံးဝင်ဆိုရင် အချိန်က ကြန့်ကြာနေမှာ။ ကျွန်တော့်အနေနဲ့ကတော့ လာအိုဘက်ကို ပို့ချင်တယ်။ အခုက ပြည်ပလို့ ပြောထားတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းနယ်စပ်တွဖြေစ်တဲ့ ထိုင်း၊ တရုတ်၊ လာအိုတို့ကို ပို့လို့ရပြီပေါ့"ဟု တာလမြေို့နေ ဆန်ကုန်သည် ဦးသန့်ဇင်လတ်က ပြောသည်။

ကုန်သွယ်မှု မြှင့်တင်ရေး ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးနှင့် မလိုလားအပ်သော ကုန်ကျစရိတ်များ မရှိစေရေးတို့အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက်ကို ရယူရန် မလိုတော့ဘဲ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ဒေသတွင်း စားသုံးမှုမှ ပိုလျှံဆန်များကို တရားဝင် လိုင်စင်ဖြင့် တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့ပါဝင်ပြီး နယ်နိမိတ်ထိစပ်နေသည့် ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံများသို့ အနည်းငယ်တင်ပို့မှုသာရှိကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

“ထိုင်းဘက်ကတော့ ဆန်တွေ လှမ်းဝယ်တာတော့ နည်းတယ်။ အာခါတွေကတော့ ဆန်တစ်အိတ်၊ နှစ်အိတ် လှည်းလေးတွေနဲ့ သွားပို့တာပဲရှိတယ်။ များများစားစား တင်ပို့တာတော့ မရှိပါဘူး။ အရင် Mobile Team တုန်းကတော့ ပို့ခွင့် ပိတ်ထားပါတယ်.."ဟု တာချီလိတ်မြို့ ပုသိမ်ဆန်ဆိုင်မှ ကိုမောင်ထွန်းက ပြောသည်။

တာချီလိတ်မြို့တွင်းသို့ ပြည်မမှ ဆန်သယ်ယူခွင့်ကို တာချီလိတ်ဒေသ လိုအပ်ချက်အပေါ် သက်ဆိုင်ရာ ဌာနများက တွက်ချက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့်သာ သယ်ယူခွင့်ပြုရန် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်က ကန့်သတ်ထားခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် ဒေသတွင်း ဆန်များကို ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရယူရန်မလိုတော့ဘဲ ပြည်ပတင်ပို့ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြည်မမှ ဆန်တင်သွင်းမှုများရှိနေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ထိုင်းနိုင်ငံသို့ ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ဆန်ကြမ်းအနည်းငယ်ကိုသာ တင်ပို့ရလေ့ရှိကြောင်း ဒေသခံဆန်ကုန်သည်များထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ေၾကာ္ျငာ ~~~~~~~