မုန္လာဥနီနဲ႔ ေဆးေျခာက္သယ္သူေတြကို တကၠဆပ္ျပည္နယ္ရဲမ်ား ဖမ္းမိ

မုန္လာဥနီနဲ႔ ေဆးေျခာက္သယ္သူေတြကို တကၠဆပ္ျပည္နယ္ရဲမ်ား ဖမ္းမိ
ဇန်နဝါရီ 16, 2016
By Tachileik News Agency
( မူးယစ္ေဆး၀ါးမ်ားအား သယ္ေဆာင္လာစဥ္ )

ပစ္ကပ္ကားေနာက္ခန္းမွာ မုန္လာဥနီေတြ တင္လာတဲ့ ကားတစ္စီးကို မကၠဆီကိုႏိုင္ငံ နယ္စပ္ကို ျဖတ္ေက်ာ္ မသြားခင္မွာဘဲ အေမရိကန္ျပည္ေထာင္စု တကၠဆပ္ျပည္နယ္မွာ ရဲေတြက ဖမ္းဆီး လိုက္ပါတယ္။

မုန္လာဥနီေတြကို လိေမၼာ္ေရာင္ ပလပ္စတစ္အိတ္ေတြနဲ႔ ထည့္ၿပီး သယ္လာတဲ့ ကားေတြကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တာေၾကာင့္ အံ့ၾသစရာ ျဖစ္ခဲ့ရပါတယ္။

ဒီမုန္လာဥနီေတြကို အေမရိကန္ ရဲတပ္ဖြဲ႕နဲ႔ ရဲတပ္ဖြဲ႔ရဲ႕ေခြးေတြက စစ္ေဆးလိုက္တဲ့ အခါမွာ မုန္လာဥနီ အထဲမွာ ေဆးေျခာက္ေတြ ထည့္ထားတာကို ေတြ႕ရတယ္လို႔ နယူးေယာ့ခ္ဝက္ဘ္ဆိုဒ္မွာ ေဖၚျပထားပါတယ္။

ဖမ္းဆီးရမိတဲ့ မုန္လာဥနီ စုစုေပါင္း (၂၈၁၇)ေခ်ာင္းမွာ ေဆးေျခာက္(၁,၁၃၀)ကီလိုကို ထည့္သြင္း ထားတာျဖစ္လို႔ တန္ဖိုး အေမရိကန္ေဒၚလာ (၄၉၉,၀၀၀)ေလာက္ရိွတယ္လို႔ သိရပါတယ္။

မူးယစ္ေဆးဝါး သယ္ေဆာင္သူေတြဟာ နည္းလမ္းအသစ္အဆန္းနဲ႔ ေဆးေျခာက္ေတြကို နယ္စပ္ျဖတ္ေက်ာ္ သယ္ေဆာင္လာတာျဖစ္ေပမဲ့ ရဲတပ္ဖြဲ႔ကေတာ့ ဖမ္းမိခဲ့ပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
ref; NY

***********************

( unicode )

ပစ်ကပ်ကားနောက်ခန်းမှာ မုန်လာဥနီတွေ တင်လာတဲ့ ကားတစ်စီးကို မက္ကဆီကိုနိုင်ငံ နယ်စပ်ကို ဖြတ်ကျော် မသွားခင်မှာဘဲ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်မှာ ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။

မုန်လာဥနီတွေကို လိမ္မော်ရောင် ပလပ်စတစ်အိတ်တွေနဲ့ ထည့်ပြီး သယ်လာတဲ့ ကားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာကြောင့် အံ့သြစရာ ဖြစ်ခဲ့ရပါတယ်။

ဒီမုန်လာဥနီတွေကို အမေရိကန် ရဲတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ရဲ့ခွေးတွေက စစ်ဆေးလိုက်တဲ့ အခါမှာ မုန်လာဥနီ အထဲမှာ ဆေးခြောက်တွေ ထည့်ထားတာကို တွေ့ရတယ်လို့ နယူးယော့ခ်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ မုန်လာဥနီ စုစုပေါင်း (၂၈၁၇)ချောင်းမှာ ဆေးခြောက်(၁,၁၃၀)ကီလိုကို ထည့်သွင်း ထားတာဖြစ်လို့ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၉၉,ဝဝဝ)လောက်ရှိတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်သူတွေဟာ နည်းလမ်းအသစ်အဆန်းနဲ့ ဆေးခြောက်တွေကို နယ်စပ်ဖြတ်ကျော် သယ်ဆောင်လာတာဖြစ်ပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဖမ်းမိခဲ့ပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
ref; NY, moo-hinn,

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~