တာခ်ီလိတ္၌ ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ျဖင့္ စည္းကမ္းမဲ့ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္မႈမ်ားအား စစ္ေဆး အေရးယူလွ်က္ရွိရာ တစ္ေန႔လွ်င္ ေမာ္ေတာ္ဆိုင္ကယ္ အစီးေရ (၂၅)စီးမွ (၃၀)၀န္းက်င္ အထိ ဖမ္းဆီးရမိေလ့ရွိေၾကာင္း တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သိရသည္။
"အရင္ကထက္စာရင္ေတာ့ စည္းကမ္းလိုက္နာ လာတဲ့လူေတြ ေတာ္ေတာ္မ်ားမ်ား ရွိလာတာကို ေတြ႕ရေပမဲ့လည္း ဆိုင္ကယ္စီး ဦးထုပ္ မေဆာင္းတဲ့ လူေတြကိုလည္း စစ္ေဆး ေတြ႕ရွိရပါတယ္၊ တခ်ဳိ႕က မီးပြိဳင့္မွာ မီးနီေနတာကို ျဖတ္သြားတာေတြရွိေနတယ္၊ အဲ့လို မီးနီေနတာကို ျဖတ္သြားတဲ့အခါမ်ဳိးမွာ တစ္ဖက္က သြားေနတဲ့ ယာဥ္နဲ႔ ထိေတြ႔ၿပီး ယာဥ္တိုက္မႈေတြလည္း ျဖစ္တတ္ပါတယ္၊ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ မီးပြိဳင့္မွာ မီးနီေနလွ်က္နဲ႔ ျဖတ္သန္းသြားသူေတြကို အေရးယူပါတယ္.."ဟု အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု၊ တာခ်ီလိတ္မွ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္ တစ္ဦးက ဆိုသည္။
ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းျခင္း၊ မီးနီးျဖတ္ေမာင္းျခင္း စသည့္ စည္းကမ္းပ်က္ယာဥ္ စစ္ေဆး အေရးယူျခင္းႏွင့္ ပတ္သက္၍ ဇန္န၀ါရီလ(၁၁)ရက္ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ေခါင္ရပ္ကြက္ရွိ မီးပိြဳင့္လမ္းဆံုတြင္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ားျပဳလုပ္ရာ ဆိုင္ကယ္ေမာင္းရာတြင္ ဆုိင္ကယ္စီး ဦးထုပ္မေဆာင္းဘဲ ေမာင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္ (၃၂)စီး၊ မီးပြိဳင့္တြင္ မီးနီျဖတ္ေမာင္းသည့္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ မီးနီျဖတ္ေမာင္းသည့္ အီတန္(၁)စီး၊ စစ္ေဆးစဥ္ ယာဥ္ေမာင္းလိုင္စင္ မပါသည့္ ေမာ္ေတာ္ယာဥ္ (၁)စီး စုစုေပါင္း (၃၅)စီးအား အေရးယူသည့္အေနျဖင့္ ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒအရ တရားရံုးတြင္ သတ္မွတ္ထားသည့္ ဒဏ္ေငြမ်ားေဆာင္ေစေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းကို ျပည္သူမ်ား လိုက္နာႏိုင္ရန္အတြက္ ေန႔စဥ္ ေရြ႕လ်ားစနစ္ျဖင့္ စည္းကမ္းပ်က္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား စစ္ေဆးအေရးယူသြားမွာျဖစ္ေၾကာင္း သိရသည္။
( unicode )
တာချီလိတ်၌ ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်ဖြင့် စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် မောင်းနှင်မှုများအား စစ်ဆေး အရေးယူလျှက်ရှိရာ တစ်နေ့လျှင် မော်တော်ဆိုင်ကယ် အစီးရေ (၂၅)စီးမှ (၃၀)ဝန်းကျင် အထိ ဖမ်းဆီးရမိလေ့ရှိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
"အရင်ကထက်စာရင်တော့ စည်းကမ်းလိုက်နာ လာတဲ့လူတွေ တော်တော်များများ ရှိလာတာကို တွေ့ရပေမဲ့လည်း ဆိုင်ကယ်စီး ဦးထုပ် မဆောင်းတဲ့ လူတွေကိုလည်း စစ်ဆေး တွေ့ရှိရပါတယ်၊ တချို့က မီးပွိုင့်မှာ မီးနီနေတာကို ဖြတ်သွားတာတွေရှိနေတယ်၊ အဲ့လို မီးနီနေတာကို ဖြတ်သွားတဲ့အခါမျိုးမှာ တစ်ဖက်က သွားနေတဲ့ ယာဉ်နဲ့ ထိတွေ့ပြီး ယာဉ်တိုက်မှုတွေလည်း ဖြစ်တတ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ မီးပွိုင့်မှာ မီးနီနေလျှက်နဲ့ ဖြတ်သန်းသွားသူတွေကို အရေးယူပါတယ်.."ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း၊ မီးနီးဖြတ်မောင်းခြင်း စသည့် စည်းကမ်းပျက်ယာဉ် စစ်ဆေး အရေးယူခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ(၁၁)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများပြုလုပ်ရာ ဆိုင်ကယ်မောင်းရာတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ မောင်းလာသည့် မော်တော်ဆိုင်ကယ် (၃၂)စီး၊ မီးပွိုင့်တွင် မီးနီဖြတ်မောင်းသည့် မော်တော်ယာဉ် (၁)စီး၊ မီးနီဖြတ်မောင်းသည့် အီတန်(၁)စီး၊ စစ်ဆေးစဉ် ယာဉ်မောင်းလိုင်စင် မပါသည့် မော်တော်ယာဉ် (၁)စီး စုစုပေါင်း (၃၅)စီးအား အရေးယူသည့်အနဖြေင့် ၂၀၁၅ မော်တော်ယာဉ် ဥပဒေအရ တရားရုံးတွင် သတ်မှတ်ထားသည့် ဒဏ်ငွေများဆောင်စေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ပြည်သူများ လိုက်နာနိုင်ရန်အတွက် နေ့စဉ် ရွေ့လျားစနစ်ဖြင့် စည်းကမ်းပျက် မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူသွားမှာဖြစ်ကြောင်း သိရသည်။