ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လပြည့်နေ့တိုင်း မြို့မဈေးအား ပိတ်ရက်အဖြစ် သတ်မှတ်ထားရှိသည့်အတွက် လပြည့်နေ့ဈေးအဖြစ် ဈေးရောင်းချမှုကို ဇန်န၀ါရီလ(၂၄)ရက်နေ့တွင် မြို့နယ် အားကစားကွင်း၌ နံနက် အစောပိုင်းမှ နံနက်(၁၀)နာရီအချိန်ထိ ရောင်းချကြရာ ဈေးဝယ်သူများ များပြားလျှက်ရှိသည်ကို တွေ့ရသည်။
ယခင်က မြို့နယ် အားကစားကွင်း နှင့် မြို့မဈေးရှေ့ရှိ ပြည်ထောင်စု လမ်းမဘေးတို့တွင် လပြည့်နေ့ဈေးအဖြစ် ရောင်းချလေ့ရှိကြောင်းနှင့် လပြည့်နေ့ဈေးအဖြစ် ရောင်းချသည့် နေရာအား မြို့နယ် အားကစားကွင်း၌ အစဉ်အမြဲ သတ်မှတ်ပေးပါက ဈေးရောင်းသူနှင့် ဈေးဝယ်သူများအကြား အဆင်ပြေစေမှာ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဓါတ်ပုံ။ ။ ကိုသာ