ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဟိုနား ) တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည်။
“အခုလို အခမ်းအနားတွေမှာ ဂုဏ်ပြုလက်မှတ်ပေးတာတွေ ကပွဲတွေ လုပ်ပေးတာတွေဟာ ကလေးတွေ အနေနဲ့လည်း အပြိုင်အဆိုင် စာကြိုးစားလာကြမယ်။ လူဝင်လည်း ဆံ့လာနိုင်ပါတယ်” ဟု အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
အဆိုပါ အခမ်းအနားတွင် ပညာသင် ထူးချွန် ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခြင်းဖြစ်သည်။
အခမ်းအနားသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား(၃၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
သတင်း/ဓါတ်ပုံ။ ။ ကိုသာ