လုပ္အားခေငြ ဘတ္(၃.၄)သန္းရရွိရန္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းၿမိဳ႕ရွိ အလုပ္သမားဖူလံုေရးရံုးသို႔ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားမ်ားမွ ဇန္န၀ါရီလ(၂၇)ရက္ေန႔တြင္ ဆႏၵျပေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ အလုပ္သမား (၁၂၁)ဦးစလံုးကို အလုပ္ထုတ္ၿပီး လစာမေပးဘူး၊ ကၽြန္ေတာ္တို႔ရမွာက ဇန္န၀ါရီလ (၁၆)ရက္ေန႔အထိ တစ္လစာရယ္ ႀကိဳတင္လစာရယ္၊ နစ္နာေၾကးရယ္ရဖို႔အတြက္ ဆႏၵျပၾကတာပါ"ဟု ဆႏၵျပရာတြင္ ပါ၀င္သူ အလုပ္သမားတစ္ဦးက ေျပာသည္။
ထုိင္းႏိုင္ငံ၊ ခ်င္းရိုင္းၿမိဳ႕ရွိ ေဆာက္လုပ္ေရးကုမၸဏီျဖစ္ေသာ ပါဖတ္တိုကုမၸဏီ၏ အလုပ္ဆိုဒ္ (၃)ခုမွ ေဆာက္လုပ္ေရး အလုပ္သမား (၁၂၁)ဦးက ဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခု ကုမၸဏီမွ အလုပ္ထုတ္ျခင္း ခံရသည့္အျပင္ အလုပ္သမားမ်ား၏ အလုပ္သမား တန္းလ်ားမ်ားအား ေရျဖတ္၊ မီးျဖတ္မႈမ်ား ျပဳလုပ္ထားသျဖင့္ အခက္အခဲမ်ား ျဖစ္ေပၚလွ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။
"ေနာက္အလုပ္တစ္ခု ရွာတဲ့အခ်ိန္မွာ ေနဖို႔၊ ထိုင္ဖို႔၊ စားဖို႔ ပိုက္ဆံလိုပါတယ္၊ အဲ့ဒါေၾကာင့္ အခုကၽြန္ေတာ္တို႔ လုပ္အားခနဲ႔ နစ္နာေၾကးလိုခ်င္ပါတယ္၊ အခု ေရႊ႕ေျပာင္းအလုပ္သမား ကူညီေရးအဖြဲ႕ေတြကို အကူအညီေတာင္းထားပါတယ္"ဟု အလုပ္သမားတစ္ဦးက ေျပာသည္။
ထုိင္းႏိုင္ငံမွ ပါဖတ္တိုကုမၸဏီ၏ ေဆာက္လုပ္ေရး အလုပ္ဆိုဒ္(၃)ခုျဖစ္ေသာ စတားအီ၀င္းနယူး၊ ဒီဟာေမာ၊ The pring condominiun စသည့္ အလုပ္ဆိုဒ္မ်ားတြင္ ျမန္မာလုပ္သားမ်ားမွ လုပ္အားခအျဖစ္ ေငြေၾကးမ်ား ရရွိမႈ မရွိေသးျခင္းေၾကာင့္ ဆႏၵျပျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
*****************************8
(unicode)
လုပ်အားခငွေ ဘတ်(၃.၄)သန်းရရှိရန် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အလုပ်သမားဖူလုံရေးရုံးသို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ အလုပ်သမား (၁၂၁)ဦးစလုံးကို အလုပ်ထုတ်ပြီး လစာမပေးဘူး၊ ကျွန်တော်တို့ရမှာက ဇန်နဝါရီလ (၁၆)ရက်နေ့အထိ တစ်လစာရယ် ကြိုတင်လစာရယ်၊ နစ်နာကြေးရယ်ရဖို့အတွက် ဆန္ဒပြကြတာပါ"ဟု ဆန္ဒပြရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော ပါဖတ်တိုကုမ္ပဏီ၏ အလုပ်ဆိုဒ် (၃)ခုမှ ဆောက်လုပ်ရေး အလုပ်သမား (၁၂၁)ဦးက ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ကုမ္ပဏီမှ အလုပ်ထုတ်ခြင်း ခံရသည့်အပြင် အလုပ်သမားများ၏ အလုပ်သမား တန်းလျားများအား ရဖြေတ်၊ မီးဖြတ်မှုများ ပြုလုပ်ထားသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း၎င်းထံမှ သိရသည်။
"နောက်အလုပ်တစ်ခု ရှာတဲ့အချိန်မှာ နေဖို့၊ ထိုင်ဖို့၊ စားဖို့ ပိုက်ဆံလိုပါတယ်၊ အဲ့ဒါကြောင့် အခုကျွန်တော်တို့ လုပ်အားခနဲ့ နစ်နာကြေးလိုချင်ပါတယ်၊ အခု ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့တွေကို အကူအညီတောင်းထားပါတယ်"ဟု အလုပ်သမားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ ပါဖတ်တိုကုမ္ပဏီ၏ ဆောက်လုပ်ရေး အလုပ်ဆိုဒ်(၃)ခုဖြစ်သော စတားအီဝင်းနယူး၊ ဒီဟာမော၊ The pring condominiun စသည့် အလုပ်ဆိုဒ်များတွင် မြန်မာလုပ်သားများမှ လုပ်အားခအဖြစ် ငွေကြေးများ ရရှိမှု မရှိသေးခြင်းကြောင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရှိရသည်။