ထိုင္းႏိုင္ငံမွ ျမန္မာလုပ္သားမ်ား ႏွစ္သစ္ကူးေနရပ္ျပန္ခ်ိန္တြင္ စစ္ေဆးမႈမ်ား ယခင္ထက္ တင္းၾကပ္လာ

ထိုင္းႏိုင္ငံမွ ျမန္မာလုပ္သားမ်ား ႏွစ္သစ္ကူးေနရပ္ျပန္ခ်ိန္တြင္ စစ္ေဆးမႈမ်ား ယခင္ထက္ တင္းၾကပ္လာ
ဇန်နဝါရီ 10, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္းမွ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား ႏွစ္သစ္ကူးေနရပ္ျပန္ခ်ိန္တြင္ ထိုင္းႏိုင္ငံ အတြင္း စစ္ေဆးမႈမ်ား ယခင္ႏွစ္ထက္ တင္းၾကပ္လာေၾကာင္း ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားအား အကူအညီေပးေနသည့္ အဖြဲ႕အစည္းမ်ားထံမွ သိရသည္။

"အခုေနာက္ပိုင္း ေနရပ္ျပန္ရင္ အရင္ကနဲ႔ မတူဘူး။ စည္းကမ္းခ်က္ေတြ မ်ားလာတယ္။ ဖိႏိွပ္မႈေတြ မ်ားလာတယ္။ အရင္က အိမ္ျပန္တံဆိပ္တံုး ထုတာနဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕ျပန္လို႔ရတယ္။ အခုဆိုရင္ အခ်က္အလက္ေတြ အမ်ားႀကီး ေတာင္းလာတယ္"ဟု Aid Alliance Committee For Myanmar Worker(AAC) (ျမန္မာအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္)မွ ကိုရဲမင္းက ေျပာသည္။

၂၀၁၅ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစ၍ ထိုင္းႏိုင္ငံတြင္းမွ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားမ်ား ေနရပ္ျပန္ရန္အတြက္ အလုပ္ရွင္ထံမွ ေထာက္ခံစာ၊ ဖုန္းနံပါတ္ စသည္တို႔ကို ထုိင္းရဲမ်ား၊ ထိုင္းစစ္ေဆးေရးဂိတ္မ်ားက ေတာင္းခံမႈမ်ား ရိွလာသည့္ အျပင္ ေနရပ္ အျပန္လမ္းမ်ားတြင္လည္း ေငြေၾကးေပးေဆာင္ရမႈမ်ား ရိွလာေနေၾကာင္း ေနရပ္ျပန္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားထံမွ သိရသည္။

"အခုေနာက္ပိုင္း အိမ္ျပန္ရတာ အရင္ကလို မဟုတ္ဘူး။ ထိုင္းႏိုင္ငံ ဂိတ္ေတြမွာ လက္မွတ္ေတြ၊ ကတ္ေတြ၊ ေထာက္ခံစာေတြ စစ္တယ္။ မပါတဲ့သူဆို ပိုက္ဆံေတာင္းတယ္။ ျပန္၀င္လာရင္လည္း လက္မခံဘူးလို႔ ေျပာလိုက္တာလည္း ၾကားရတယ္"ဟု ႏွစ္သစ္ကူး အားလပ္ရက္ ေနရပ္ျပန္လာသည့္ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းလုပ္သားတစ္ဦးက ဆိုသည္။

ထိုင္းႏိုင္ငံတြင္း ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ားအား ၂၀၀၉ ခုႏွစ္မွ စတင္၍ တရားမ၀င္ အလုပ္သမား မ်ားအား တရား၀င္ျဖစ္ရန္ လုပ္ေဆာင္ေပးခဲ့သည္မွာ (၁.၇)သန္းႏွင့္ ထိုင္းႏိုင္ငံ စစ္အစိုးရလက္ထက္တြင္ ထပ္မံထုတ္ေပးေသာ သက္ေသခံကတ္ျပားမွာ (၆၆၀၀၀၀)ခန္႔ ရိွျခင္းေၾကာင့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား စုစုေပါင္း (၂.၃)သန္းခန္႔ရွိသည့္ အျပင္ ျမန္မာႏိုင္ငံမွ MOU ႏွင့္ေစလႊတ္ထားေသာ ျမန္မာလုပ္သား (၂)သိန္းခန္႔ရွိျခင္းေၾကာင့္ ထိုင္းႏိုင္ငံအတြင္း တရား၀င္ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား စုစုေပါင္း (၂.၅)သန္းေက်ာ္ခန္႔ရွိေၾကာင္း အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူမႈဖူလံုေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္း၀န္ ဦးမ်ိဳးေအာင္၏ ေျပာၾကားခ်က္အရ သိရသည္။

...............

( unicode )

ထိုင်းနိုင်ငံအတွင်းမှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ နှစ်သစ်ကူးနေရပ်ပြန်ချိန်တွင် ထိုင်းနိုင်ငံ အတွင်း စစ်ဆေးမှုများ ယခင်နှစ်ထက် တင်းကြပ်လာကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား အကူအညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

"အခုနောက်ပိုင်း နေရပ်ပြန်ရင် အရင်ကနဲ့ မတူဘူး။ စည်းကမ်းချက်တွေ များလာတယ်။ ဖိနှိပ်မှုတွေ များလာတယ်။ အရင်က အိမ်ပြန်တံဆိပ်တုံး ထုတာနဲ့ ချောချောမွေ့မွေ့ပြန်လို့ရတယ်။ အခုဆိုရင် အချက်အလက်တွေ အများကြီး တောင်းလာတယ်"ဟု Aid Alliance Committee For Myanmar Worker(AAC) (မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေး မဟာမိတ်)မှ ကိုရဲမင်းက ပြောသည်။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ထိုင်းနိုင်ငံတွင်းမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေရပ်ပြန်ရန်အတွက် အလုပ်ရှင်ထံမှ ထောက်ခံစာ၊ ဖုန်းနံပါတ် စသည်တို့ကို ထိုင်းရဲများ၊ ထိုင်းစစ်ဆေးရေးဂိတ်များက တောင်းခံမှုများ ရှိလာသည့် အပြင် နေရပ် အပြန်လမ်းများတွင်လည်း ငွေကြေးပေးဆောင်ရမှုများ ရှိလာနေကြောင်း နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

"အခုနောက်ပိုင်း အိမ်ပြန်ရတာ အရင်ကလို မဟုတ်ဘူး။ ထိုင်းနိုင်ငံ ဂိတ်တွေမှာ လက်မှတ်တွေ၊ ကတ်တွေ၊ ထောက်ခံစာတွေ စစ်တယ်။ မပါတဲ့သူဆို ပိုက်ဆံတောင်းတယ်။ ပြန်ဝင်လာရင်လည်း လက်မခံဘူးလို့ ပြောလိုက်တာလည်း ကြားရတယ်"ဟု နှစ်သစ်ကူး အားလပ်ရက် နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ၂၀၀၉ ခုနှစ်မှ စတင်၍ တရားမဝင် အလုပ်သမား များအား တရားဝင်ဖြစ်ရန် လုပ်ဆောင်ပေးခဲ့သည်မှာ (၁.၇)သန်းနှင့် ထိုင်းနိုင်ငံ စစ်အစိုးရလက်ထက်တွင် ထပ်မံထုတ်ပေးသော သက်သေခံကတ်ပြားမှာ (၆၆၀၀၀၀)ခန့် ရှိခြင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း (၂.၃)သန်းခန့်ရှိသည့် အပြင် မြန်မာနိုင်ငံမှ MOU နှင့်စေလွှတ်ထားသော မြန်မာလုပ်သား (၂)သိန်းခန့်ရှိခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင်ရွှေ့ပြောင်း မြန်မာအလုပ်သမား စုစုပေါင်း (၂.၅)သန်းကျော်ခန့်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၏ ပြောကြားချက်အရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~