ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ (၆၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အျဖစ္ လူထု အားကစားၿပိဳင္ပြဲကို တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ အားကစားႏွင့္ကာယပညာဦးစီးဌာနမွ ဦးေဆာင္၍ ၿမိဳ႕မအားကစားကြင္းတြင္ ယေန႔ ဇန္န၀ါရီလ(၄)ရက္ေန႔ နံနက္ပိုင္းက က်င္းပရာ ယခင္ႏွစ္ထက္ ပါဝင္ ဆင္ႏႊဲသူ နည္းလာေၾကာင္း သိရသည္။
"အဓိကကေတာ့ ေပ်ာ္ပြဲရႊင္ပြဲ အထိမ္းအမွတ္ အေနနဲ႔ ကေလးေတြကို ယွဥ္ၿပိဳင္ပြဲျပဳလုပ္ေပးတာပါ။ ဒါမွ ကေလးေတြရဲ႕ ရင္ထဲမွာ လြတ္လပ္ေရးေန႔ဆိုတဲ့ အထိမ္းအမွတ္ေန႔ကို ထင္က်န္ေစမွာပါ။ အရင္ႏွစ္ထက္ ဒီႏွစ္ ၿပိဳင္ပြဲ၀င္ကေလးေတြ နည္းသြားတယ္။ ခန္႔မွန္းေျခ အေယာက္ ၁၅၀ ေလာက္ပဲ ပါ၀င္တယ္ "ဟု တာခ်ီလိတ္ခရိုင္အားကစားႏွင့္ကာယပညာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က ေျပာသည္။
ၿပိဳင္ပြဲတြင္ အာလူးေကာက္၊ မုန္႔စားၿပိဳင္ပြဲ ၊ ေဂြလိွမ့္ၿပိဳင္ပြဲ ၊ ဂုန္နီအိတ္စြပ္ အေျပးၿပိဳင္ပြဲ၊ သုံးေခ်ာင္းေထာက္ အေျပးၿပိဳင္ပြဲ၊ ေခါင္းအုံးရိုက္ ၊ ငွက္ေပ်ာပင္တက္ၿပိဳင္ပြဲ ၊ သံပုံးရိုက္ၿပိဳင္ပြဲ စသည့္ ၿပိဳင္ပြဲမ်ားကို ၁၅ ႏွစ္ေအာက္ ကေလးမ်ား ပါ၀င္ယွဥ္ၿပိဳင္ၾကၿပီး လြန္ဆြဲၿပိဳင္ပြဲတြင္ လူႀကီးပိုင္းက ပါ၀င္ယွဥ္ၿပိဳင္ၾကသည္ကို ေတ႔ြရသည္။
(၆၈)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ လူထုအားကစားၿပိဳင္ပြဲကို မနက္ပိုင္းမွာ က်င္းပၿပီး တဆက္တည္းမွာပင္ ေန႔လည္ပိုင္းတြင္ ဆုရ ျပိဳင္ပြဲ၀င္မ်ားအား ဆုမ်ားခ်ီျမႇင့္ေၾကာင္း သိရသည္။
( unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် လူထု အားကစားပြိုင်ပွဲကို တာချီလိတ်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့မအားကစားကွင်းတွင် ယနေ့ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ယခင်နှစ်ထက် ပါဝင် ဆင်နွှဲသူ နည်းလာကြောင်း သိရသည်။
"အဓိကကတော့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ် အနေနဲ့ ကလေးတွေကို ယှဉ်ပြိုင်ပွဲပြုလုပ်ပေးတာပါ။ ဒါမှ ကလေးတွေရဲ့ ရင်ထဲမှာ လွတ်လပ်ရေးနေ့ဆိုတဲ့ အထိမ်းအမှတ်နေ့ကို ထင်ကျန်စေမှာပါ။ အရင်နှစ်ထက် ဒီနှစ် ပြိုင်ပွဲဝင်ကလေးတွေ နည်းသွားတယ်။ ခန့်မှန်းခြေ အယောက် ၁၅၀ လောက်ပဲ ပါဝင်တယ် "ဟု တာချီလိတ်ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က ပြောသည်။
ပြိုင်ပွဲတွင် အာလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ဂွေလှိမ့်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ ငှက်ပျောပင်တက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို ၁၅ နှစ်အောက် ကလေးများ ပါဝင်ယှဉ်ပြိုင်ကြပြီး လွန်ဆွဲပြိုင်ပွဲတွင် လူကြီးပိုင်းက ပါဝင်ယှဉ်ပြိုင်ကြသည်ကို တွေ့ရသည်။
"ဒီနှစ် လွန်ဆွဲပြိုင်ပွဲမှာ ပါဝင်တဲ့ အဖွဲ့တွေ နည်းသွားတယ်။ အရင်နှစ်က အမျိုးသမီးအသင်း ၄ သင်း ပါတယ်။ ဒီနှစ်မှာတော့ ၂ သင်းပဲ ပါတော့တယ်။ နောက်ပြီး ကလေးတွေ ပြိုင်ပွဲဝင်တာ တော်တော် နည်းသွားတယ်။ ဘာလို့လဲ ဆိုတော့ ဒီနှစ်မှာ ကျောင်းပေါင်းစုံက ပါဝင်တာလည်း အားနည်းသွားတယ်.."ဟု လွန်ဆွဲပြိုင်ပွဲတွင် ပါဝင်သော ဒေသခံ မခိုင်ခိုင်လင်းက ပြောသည်။
ယခုကဲ့သို့ ပါဝင်သူနည်းခြင်းမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ အကြောင်း ကြိုတင် အသိပေးမှု နည်းခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
"ဒီနှစ် ပါဝင်ဆင်နွှဲတဲ့သူ နည်းသွားတယ်ဆိုတာက ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းတွေ့မှာလည်း ပျော်ပွဲ၊ ရွှင်ပွဲတွေ လုပ်တယ်။ နောက်တစ်ခုက အစည်းအေဝးမှာ တင်ပြထားတဲ့ ကစားနည်းတွေကိုလည်း ဖြတ်ချလိုက်တော့ လူကြီးပြိုင်ပွဲဆိုလို့ လွန်ဆွဲတာလောက်ပဲ ပါတယ်။ ကလေးအငယ်တန်းတွေပဲ ဖြစ်နေတာကြောင့် လူနည်းသွားတာလို့ ပြောလို့ရနိုင်ပါတယ်" အားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးအဖွဲ့ဝင် တစ်ဦးက ဆိုသည်။
(၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူထုအားကစားပြိုင်ပွဲကို မနက်ပိုင်းမှာ ကျင်းပပြီး တဆက်တည်းမှာပင် နေ့လည်ပိုင်းတွင် ဆုရ ပြိုင်ပွဲဝင်များအား ဆုများချီမြှင့်ကြောင်း သိရသည်။