Miss Eastern Shan State 2016 မွ က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တို႔တြင္ ၿပိဳင္ပြဲ ျပဳလုပ္မည္

Miss Eastern Shan State 2016 မွ က်ိဳင္းတံုႏွင့္ တာခ်ီလိတ္တို႔တြင္ ၿပိဳင္ပြဲ ျပဳလုပ္မည္
ဇန်နဝါရီ 14, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသအတြင္း ၿမိဳ႕နယ္အဆင့္မွ ျပည္နယ္အဆင့္ထိ Miss ၿပိဳင္ပြဲမ်ားကို ၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ အတြင္းမွစ၍ က်ဳိင္းတံုၿမိဳ႕ႏွင့္ တာခ်ိီလိတ္ၿမိဳ႕တို႔တြင္ ေဖေဖာ္၀ါရီလအတြင္း က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္အဆင့္ ၿပိဳင္ပြဲမ်ားကို က်ဳိင္းတံုၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ(၂၄)ရက္ေန႔တြင္ လည္းေကာင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၄)ရက္ေန႔တြင္ မကာဟိုခမ္းရပ္ကြက္ရွိ ဟုတ္တက္ တရုတ္ဘံုေက်ာင္း မဂၤလာခန္းမတြင္ လည္းေကာင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ၿပိဳင္ပြဲ၀င္သူမ်ားနဲ႔ ပတ္သက္ၿပီး ကန္႔သတ္ခ်က္ အေနနဲ႔ ပညာ အရည္အခ်င္းကေတာ့ အနည္းဆံုး (၁၀)တန္း တက္ေနရပါမယ္။ အသက္ (၁၆)ႏွစ္ကေန (၂၆)ႏွစ္အၾကား သတ္မွတ္ထားပါတယ္။ အသက္(၁၈)ႏွစ္ေအာက္ဆိုရင္ေတာ့ မိဘေထာက္ခံခ်က္ ပါရမွာပါ၊"ဟု Miss Tachileik 2016၏ City director မၾကည္ၾကည္ခိုင္က ေျပာသည္။

ၿမိဳ႕နယ္အဆင့္ၿပိဳင္ပြဲမ်ားမွ ထြက္ေပၚလာေသာ (၁၀)ဦးစီ စုစုေပါင္း (၂၀)ဦးတု႔ိသည္ က်ဳိင္းတံုၿမိဳ႕တြင္ ျပည္နယ္အဆင့္ၿပိဳင္ပြဲအျဖစ္ ၂၀၁၆ခုႏွစ္ မတ္လအတြင္း၌ ဆက္လက္၍ ယွဥ္ၿပိဳင္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အဆင့္ ၿပိဳင္ပြဲမွ ပထမဆု ရရွိသူ Miss East Shan State 2016 သည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ကိုယ္စားျပဳကာ တစ္ႏိုင္ငံလံုးအဆင့္ က်င္းပေသာ Miss Golden Land Myanmar ၿပိဳင္ပြဲတြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲမ်ားအား Miss Golden Land Myanmar Organization ႏွင့္ Miss Eastern Shan State Organization တို႔ ပူးေပါင္း က်င္းပျခင္းျဖစ္ၿပီး ၿမိဳ႕နယ္အဆင့္ ၿပိဳင္ပြဲမ်ားကို သံုးရက္တာ က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ က်င္းပမည့္ Miss Tachileik 2016 တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ား အေနျဖင့္ ေလွ်ာက္လႊာမ်ားကို ဇန္န၀ါရီလ (၃၁)ရက္ေန႔ ေနာက္ဆံုးထား ေပးပို႔ႏိုင္ၿပီး ေဖေဖာ္၀ါရီလ (၇)ရက္ေန႔တြင္ ႀကိဳတင္ေလ့က်င့္မႈမ်ားႏွင့္ အလွဓာတ္ပံုရိုက္ကူးမႈမ်ားကို ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲႏွင့္ ပတ္သက္၍ City director မၾကည္ၾကည္ခိုင္၏( ျမန္မာဖုန္း - 09420083454 ) ဖုန္းအား ဆက္သြယ္ကာ စံုစမ္းေမးျမန္းႏိုင္ေၾကာင္း သိရသည္။

****************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း မြို့နယ်အဆင့်မှ ပြည်နယ်အဆင့်ထိ Miss ပြိုင်ပွဲများကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ အတွင်းမှစ၍ ကျိုင်းတုံမြို့နှင့် တာချိီလိတ်မြို့တို့တွင် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်အဆင့် ပြိုင်ပွဲများကို ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် လည်းကောင်း၊ တာချီလိတ်မြို့တွင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက် တရုတ်ဘုံကျောင်း မင်္ဂလာခန်းမတွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ပြိုင်ပွဲဝင်သူများနဲ့ ပတ်သက်ပြီး ကန့်သတ်ချက် အနေနဲ့ ပညာ အရည်အချင်းကတော့ အနည်းဆုံး (၁၀)တန်း တက်နေရပါမယ်။ အသက် (၁၆)နှစ်ကနေ (၂၆)နှစ်အကြား သတ်မှတ်ထားပါတယ်။ အသက်(၁၈)နှစ်အောက်ဆိုရင်တော့ မိဘထောက်ခံချက် ပါရမှာပါ၊"ဟု Miss Tachileik 2016 ပြိုင်ပွဲတာဝန်ခံ မကြည်ကြည်ခိုင်က ပြောသည်။

မြို့နယ်အဆင့်ပြိုင်ပွဲများမှ ထွက်ပေါ်လာသော (၁၀)ဦးစီ စုစုပေါင်း (၂၀)ဦးတို့သည် ကျိုင်းတုံမြို့တွင် ပြည်နယ်အဆင့်ပြိုင်ပွဲအဖြစ် ၂၀၁၆ခုနှစ် မတ်လအတွင်း၌ ဆက်လက်၍ ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အဆင့် ပြိုင်ပွဲမှ ပထမဆု ရရှိသူ Miss East Shan State 2016 သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုယ်စားပြုကာ တစ်နိုင်ငံလုံးအဆင့် ကျင်းပသော Miss Golden Land Myanmar ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများအား Miss Golden Land Myanmar Organization နှင့် Miss Eastern Shan State Organization တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အဆင့် ပြိုင်ပွဲများကို သုံးရက်တာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် Miss Tachileik 2016 တွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနဖြေင့် လျှောက်လွှာများကို ဇန်နဝါရီလ (၃၁)ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ပြီး ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကြိုတင်လေ့ကျင့်မှုများနှင့် အလှဓာတ်ပုံရိုက်ကူးမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ တာချီလိတ် တာဝန်ခံ မကြည်ကြည်ခိုင်၏( မြန်မာဖုန်း - 09420083454 ) ဖုန်းအား ဆက်သွယ်ကာ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~