မိုင်းဖြတ်မြို့နယ်တွင်၂၀၁၅ -၂၀၁၆ ပညာရေး စုံညီပွဲတော် ကျင်းပ

မိုင်းဖြတ်မြို့နယ်တွင်၂၀၁၅ -၂၀၁၆ ပညာရေး စုံညီပွဲတော် ကျင်းပ
ဇန်နဝါရီ 11, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၅ -၂၀၁၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက် နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ ကျင်းပသည်။

ယင်းအခမ်းအနားတွင် ထူးချွန်ဆုရ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်း၊ အဆို၊ အကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၁၈)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် အထက(၂)၊ အလကခွဲ(၂)၊ မူလွန်(၃) နှင့် အမက(၄၆) စသည် ကျောင်းတို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

သတင်း/ဓါတ်ပုံ။  ။ ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~