ထိုင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕တြင္ ျမန္မာ ႏွင့္ ထိုင္းအၾကား ကသိကေအာက္ျဖစ္ေစသည့္ ဆီးစစ္ျခင္းကိစၥႏွင့္ ပတ္သက္၍ မယ္ဆုိင္ရဲစခန္းမွ ဆီးစစ္ေဆးခ်ိန္တြင္ ေဆာင္ရြက္ရမည့္ အခ်က္အလက္မ်ားကို ဇန္န၀ါရီလ(၆)ရက္ေန႔က စတင္ၿပီး ထုတ္ျပန္ေၾကညာထားေၾကာင္း သိရသည္။
"ဒီေၾကညာခ်က္က မၾကာေသးမီကမွ ေၾကညာထားတဲ့ သေဘာပါ၊ ျမန္မာႏိုင္ငံသား တစ္ဦးကို ဆီးစစ္မယ္ဆိုရင္ TBC ကို မျဖစ္မေန အေၾကာင္းၾကားၿပီး စစ္မွ ရမွာပါ၊ TBC ကို အေၾကာင္း မၾကားဘူး ဆိုရင္ ဒီေၾကညာခ်က္နဲ႔ ေထာက္ျပလို႔ ရႏိုင္ပါတယ္..."ဟု မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသား မ်ားအား အခမဲ့ ကူညီေဆာင္ရြက္ေပးေနသူ ဦးထြန္း(မယ္ဆိုင္)က ဆိုသည္။
ဆီးစစ္ေဆးမည့္ ရဲ၀န္ထမ္းမ်ား အေနျဖင့္ မိမိ၏ အမည္ႏွင့္ ရာထူး၊ ဌာနအမည္ကို ထင္ရွားစြာ ျပထားရမွာျဖစ္ေၾကာင္း၊ မစစ္ေဆးမွီတြင္ စစ္ေဆးခံရသူကို ဘာအေၾကာင္းေၾကာင့္ စစ္ေဆးခံရေၾကာင္းကို စစ္ေဆးခံရသူထံ ေျပာရမွာျဖစ္ေၾကာင္း ႏွင့္ စစ္ေဆးခံသူမွလည္း ျမန္မာႏိုင္ငံသားျဖစ္ပါက ထိုင္းနယ္ျခား ေကာ္မတီ(TBC) မွ တဆင့္ ျမန္မာနယ္ျခား ေကာ္မတီထံ(TBC)သို႔ ျမန္မာႏိုင္ငံသားကို ဆီးစစ္ရန္ အေၾကာင္း ၾကားရမည္ျဖစ္ေၾကာင္းကို ရဲ၀န္ထမ္းအေနျဖင့္ မစစ္ေဆးမီ ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားကို ထည့္သြင္း ေဖာ္ျပထားသည္။
"အသိေပး ေၾကညာထားခ်က္ကို ျမန္မာေတြ အသြားအလာမ်ားၿပီး ခဏခဏ ဆီးစစ္ခံရတဲ့ ေနရာျဖစ္တဲ့ ပါယန္းေစ်းလမ္းနဲ႔ ပီယေဖာင္းလမ္းဆံုမွာ လာခ်ထားတာကို ေတြ႕ရတယ္ဗ်၊ ျမန္မာ - ထိုင္း ႏွစ္ဘာသာနဲ႔ ေရးသားထားတာ ဆိုေတာ့ ကိုယ့္ျမန္မာႏိုင္ငံသားေတြလည္း အလြယ္တကူ သိရွိၿပီး မွတ္သား ထားႏိုင္မယ္လို႔ ယူဆပါတယ္.."ဟု ဦးထြန္း(မယ္ဆိုင္)မွ ေျပာသည္။
ရဲ၀န္ထမ္းမွ စစ္ေဆးေနခ်ိန္ႏွင့္ ပတ္သက္၍ "ဆီးစစ္ခံသူသည္ ျမန္မာႏုိင္ငံသားျဖစ္ပါက တာ၀န္ ထမ္းေဆာင္ခ်ိန္တြင္ ဓါတ္ပံုရိုက္ၿပီး မွတ္တမ္းအျဖစ္ သိမ္းထားရမည္ျဖစ္ေၾကာင္း ႏွင့္ ဆီးစစ္ၿပီးမွ မူးယစ္ေဆး၀ါး ေသာက္သံုးေၾကာင္း ေတြ႕ရွိရပါက မယ္ဆိုင္ၿမိဳ႕ ေဆးရံုသို႔ ထပ္မံသြားေရာက္ၿပီး ေဆးရံုမွ ေထာက္ခံစာ ယူရန္လိုေၾကာင္း "စသည့္ အခ်က္(၂)ခ်က္ျဖင့္ ေဖာ္ျပထားရွိသည္။
"ဆီးစစ္လို႔ မူးယစ္ေဆး၀ါးသံုးစြဲထားေၾကာင္း ေပၚလြင္တယ္ဆိုရင္ ထိုင္းဥပေဒအရ ျပန္လည္ျပဳျပင္ေရး စခန္းသြင္း ကာလအျဖစ္ ေထာင္ဒဏ္ (၂၁)ရက္ ခ်ပါတယ္၊ တစ္ခါတစ္ေလ အမႈစစ္တာေတြၾကာရင္ေတာ့ (၁)လေလာက္ ၾကာသြားတာေတြလည္း ရွိတတ္တယ္၊ အဲ့ဒီကေန လြတ္ရက္ေစ့ၿပီးရင္ ထိုင္းလ၀က လႊဲၿပီး ျမန္မာဘက္ကို ျပန္ပို႔ပါတယ္.."ဟု ျမန္မာ TBC ဘက္မွ ကိုသန္းထြန္းေအာင္က ဆိုသည္။
မူးယစ္ေဆး၀ါးသံုးစြဲထားေၾကာင္း ဆီးစစ္ေဆးသည့္အခါ၌ ေပၚလြင္ပါက ထိုင္းဥပေဒအရ မူးယစ္ေဆး၀ါး သံုးစြဲသူအား ေထာင္ဒဏ္(၂၁)ရက္ သတ္မွတ္ထားရွိေသာ္လည္း ျမန္မာဘက္ ဥပေဒတြင္ ေထာင္ဒဏ္(၅)ႏွစ္အထိ သတ္မွတ္ထားေၾကာင္း သိရသည္။
**********************
( unicode )
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာ နှင့် ထိုင်းအကြား ကသိကအောက်ဖြစ်စေသည့် ဆီးစစ်ခြင်းကိစ္စနှင့် ပတ်သက်၍ မယ်ဆိုင်ရဲစခန်းမှ ဆီးစစ်ဆေးချိန်တွင် ဆောင်ရွက်ရမည့် အချက်အလက်များကို ဇန်နဝါရီလ(၆)ရက်နေ့က စတင်ပြီး ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
"ဒီကြေညာချက်က မကြာသေးမီကမှ ကြေညာထားတဲ့ သဘောပါ၊ မြန်မာနိုင်ငံသား တစ်ဦးကို ဆီးစစ်မယ်ဆိုရင် TBC ကို မဖြစ်မနေ အကြောင်းကြားပြီး စစ်မှ ရမှာပါ၊ TBC ကို အကြောင်း မကြားဘူး ဆိုရင် ဒီကြေညာချက်နဲ့ ထောက်ပြလို့ ရနိုင်ပါတယ်..."ဟု မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား များအား အခမဲ့ ကူညီဆောင်ရွက်ပေးနေသူ ဦးထွန်း(မယ်ဆိုင်)က ဆိုသည်။
ဆီးစစ်ဆေးမည့် ရဲဝန်ထမ်းများ အနဖြေင့် မိမိ၏ အမည်နှင့် ရာထူး၊ ဌာနအမည်ကို ထင်ရှားစွာ ပြထားရမှာဖြစ်ကြောင်း၊ မစစ်ဆေးမှီတွင် စစ်ဆေးခံရသူကို ဘာအကြောင်းကြောင့် စစ်ဆေးခံရကြောင်းကို စစ်ဆေးခံရသူထံ ပြောရမှာဖြစ်ကြောင်း နှင့် စစ်ဆေးခံသူမှလည်း မြန်မာနိုင်ငံသားဖြစ်ပါက ထိုင်းနယ်ခြား ကော်မတီ(TBC) မှ တဆင့် မြန်မာနယ်ခြား ကော်မတီထံ(TBC)သို့ မြန်မာနိုင်ငံသားကို ဆီးစစ်ရန် အကြောင်း ကြားရမည်ဖြစ်ကြောင်းကို ရဲဝန်ထမ်းအနဖြေင့် မစစ်ဆေးမီ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ထည့်သွင်း ဖော်ပြထားသည်။
"အသိပေး ကြေညာထားချက်ကို မြန်မာတွေ အသွားအလာများပြီး ခဏခဏ ဆီးစစ်ခံရတဲ့ နေရာဖြစ်တဲ့ ပါယန်းဈေးလမ်းနဲ့ ပီယဖောင်းလမ်းဆုံမှာ လာချထားတာကို တွေ့ရတယ်ဗျ၊ မြန်မာ - ထိုင်း နှစ်ဘာသာနဲ့ ရေးသားထားတာ ဆိုတော့ ကိုယ့်မြန်မာနိုင်ငံသားတွေလည်း အလွယ်တကူ သိရှိပြီး မှတ်သား ထားနိုင်မယ်လို့ ယူဆပါတယ်.."ဟု ဦးထွန်း(မယ်ဆိုင်)မှ ပြောသည်။
ရဲဝန်ထမ်းမှ စစ်ဆေးနေချိန်နှင့် ပတ်သက်၍ "ဆီးစစ်ခံသူသည် မြန်မာနိုင်ငံသားဖြစ်ပါက တာဝန် ထမ်းဆောင်ချိန်တွင် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းအဖြစ် သိမ်းထားရမည်ဖြစ်ကြောင်း နှင့် ဆီးစစ်ပြီးမှ မူးယစ်ဆေးဝါး သောက်သုံးကြောင်း တွေ့ရှိရပါက မယ်ဆိုင်မြို့ ဆေးရုံသို့ ထပ်မံသွားရောက်ပြီး ဆေးရုံမှ ထောက်ခံစာ ယူရန်လိုကြောင်း "စသည့် အချက်(၂)ချက်ဖြင့် ဖော်ပြထားရှိသည်။
"ဆီးစစ်လို့ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ပေါ်လွင်တယ်ဆိုရင် ထိုင်းဥပဒေအရ ပြန်လည်ပြုပြင်ရေး စခန်းသွင်း ကာလအဖြစ် ထောင်ဒဏ် (၂၁)ရက် ချပါတယ်၊ တစ်ခါတစ်လေ အမှုစစ်တာတွကြောရင်တော့ (၁)လလောက် ကြာသွားတာတွေလည်း ရှိတတ်တယ်၊ အဲ့ဒီကနေ လွတ်ရက်စေ့ပြီးရင် ထိုင်းလဝက လွှဲပြီး မြန်မာဘက်ကို ပြန်ပို့ပါတယ်.."ဟု မြန်မာ TBC ဘက်မှ ကိုသန်းထွန်းအောင်က ဆိုသည်။
မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ဆီးစစ်ဆေးသည့်အခါ၌ ပေါ်လွင်ပါက ထိုင်းဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲသူအား ထောင်ဒဏ်(၂၁)ရက် သတ်မှတ်ထားရှိသော်လည်း မြန်မာဘက် ဥပဒေတွင် ထောင်ဒဏ်(၅)နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။