ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာအမ်ိဳးသမီးႀကီး တစ္ဦးထံမွ ပိုက္ဆံအိတ္ကို ဆိုင္ကယ္စီးလူငယ္က လုယက္သြား

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာအမ်ိဳးသမီးႀကီး တစ္ဦးထံမွ ပိုက္ဆံအိတ္ကို ဆိုင္ကယ္စီးလူငယ္က လုယက္သြား
ဇန်နဝါရီ 11, 2016
By Tachileik News Agency
( မယ္ဆိုင္ရဲစခန္းတြင္ တိုင္ၾကားစဥ္ )

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ စက္ဘီးစီးလာသည့္ ျမန္မာအမ်ိဳးသမီးႀကီးတစ္ဦး၏ စက္ဘီးျခင္းအတြင္းမွ ပို္က္ဆံအိတ္ကို လူငယ္တစ္ဦးက လုယူမႈ ဇန္န၀ါရီ(၁၀)ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားသြားေၾကာင္း သိရသည္။

"အဘြားႀကီးတစ္ေယာက္ စက္ဘီးျခင္းထဲ ပိုက္ဆံအိတ္ထည့္ၿပီး စီးလာတာကို ပိုက္ဆံအိတ္လုၿပီးေျပးတာ။ တစ္ေနရာထဲမွာကို ဒါမ်ိဳး ျဖစ္တာ(၃)ႀကိမ္ေလာက္ရိွၿပီ.."ဟု မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားမ်ားအား ေစတနာျဖင့္ ကူညီေပးေနသည့္ ဦးထြန္း(မယ္ဆုိင္)က ေျပာသည္။

မယ္ဆိုင္ၿမိဳ႕၊ မယ့္ခြန္းလံုလမ္း၊ နတ္စင္လမ္းၾကားအနီးတြင္ ဆိုင္ကယ္စီးလာသည့္ လူငယ္တစ္ဦးက စက္ဘီးစီးလာေသာ အသက္အရြယ္ႀကီးသည့္ အမ်ိဳးသမီးထံမွ ပိုက္ဆံအိတ္ကို လုေျပးျခင္းျဖစ္ၿပီး အဆိုပါ လမ္းၾကားတြင္ ယင္းကဲ့သို႔ ျဖစ္စဥ္မ်ိဳး (၃)ႀကိမ္ခန္႔ ျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။

"သူမ်ားႏိုင္ငံမွာ အသြားအလာေတာ့ ဆင္ျခင္သင့္တယ္။ ပိုက္ဆံအိတ္ကို လြယ္လြယ္ကူကူ ဆိုင္ကယ္ျခင္းထဲ ထည့္သြားတာတို႔ စက္ဘီးျခင္းထဲထည့္ထားတာတို႔ မလုပ္သင့္ဘူး။ မိန္းကေလးမ်ားကို အဓိက ပစ္မွတ္ထားတာဆိုေတာ့ တစ္ဦးထဲ မသြားသင့္ဘူး"ဟု မယ္ဆိုင္ၿမိဳ႕တြင္ ေနထိုင္သည့္ ျမန္မာႏိုင္ငံသားတစ္ဦးက ေျပာသည္။

ယခုကဲ့သို႔ ေမာ္ေတာ္ဆိုင္ကယ္စီး၍ ပိုက္ဆံအိတ္လုျခင္းႏွင့္ ဓါးေထာက္၍ လုယက္ျခင္းမ်ားမွာ ထုိင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားမ်ား ၾကံဳရေလ့ရွိၿပီး အမ်ားအားျဖင့္ ညပိုင္း အလုပ္ဆင္းေသာ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံ အလုပ္သမား အမ်ားစု ႀကံဳၾကရျခင္းျဖစ္ေၾကာင္း ထိုင္းႏိုင္ငံတြင္း အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ျမန္မာႏိုင္ငံသားမ်ားထံမွသိရသည္။

အဆိုပါလုယက္ခံရမႈအား ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ရဲစခန္းသို႔ အေၾကာင္းၾကားထားၿပီး ထိုင္းရဲတပ္ဖြဲ႕မွလည္း စံုစမ္းစစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

********************

( unicode )

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် စက်ဘီးစီးလာသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ စက်ဘီးခြင်းအတွင်းမှ ပို်က်ဆံအိတ်ကို လူငယ်တစ်ဦးက လုယူမှု ဇန်နဝါရီ(၁၀)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားသွားကြောင်း သိရသည်။

"အဘွားကြီးတစ်ယောက် စက်ဘီးခြင်းထဲ ပိုက်ဆံအိတ်ထည့်ပြီး စီးလာတာကို ပိုက်ဆံအိတ်လုပြီးပြေးတာ။ တစ်နေရာထဲမှာကို ဒါမျိုး ဖြစ်တာ(၃)ကြိမ်လောက်ရှိပြီ.."ဟု မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအား စေတနာဖြင့် ကူညီပေးနေသည့် ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

မယ်ဆိုင်မြို့၊ မယ့်ခွန်းလုံလမ်း၊ နတ်စင်လမ်းကြားအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးက စက်ဘီးစီးလာသော အသက်အရွယ်ကြီးသည့် အမျိုးသမီးထံမှ ပိုက်ဆံအိတ်ကို လုပြေးခြင်းဖြစ်ပြီး အဆိုပါ လမ်းကြားတွင် ယင်းကဲ့သို့ ဖြစ်စဉ်မျိုး (၃)ကြိမ်ခန့် ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

"သူများနိုင်ငံမှာ အသွားအလာတော့ ဆင်ခြင်သင့်တယ်။ ပိုက်ဆံအိတ်ကို လွယ်လွယ်ကူကူ ဆိုင်ကယ်ခြင်းထဲ ထည့်သွားတာတို့ စက်ဘီးခြင်းထဲထည့်ထားတာတို့ မလုပ်သင့်ဘူး။ မိန်းကလေးများကို အဓိက ပစ်မှတ်ထားတာဆိုတော့ တစ်ဦးထဲ မသွားသင့်ဘူး"ဟု မယ်ဆိုင်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မော်တော်ဆိုင်ကယ်စီး၍ ပိုက်ဆံအိတ်လုခြင်းနှင့် ဓားထောက်၍ လုယက်ခြင်းများမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများ ကြုံရလေ့ရှိပြီး အများအားဖြင့် ညပိုင်း အလုပ်ဆင်းသော ရွှေ့ပြောင်း မြန်မာနိုင်ငံ အလုပ်သမား အများစု ကြုံကြရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများထံမှသိရသည်။

အဆိုပါလုယက်ခံရမှုအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရဲစခန်းသို့ အကြောင်းကြားထားပြီး ထိုင်းရဲတပ်ဖွဲ့မှလည်း စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~