(၁၀)ႀကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူးပြဲ တာခ်ီလိတ္၌ က်င္းပ

(၁၀)ႀကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူးပြဲ တာခ်ီလိတ္၌ က်င္းပ
ဇန်နဝါရီ 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေနထိုင္သည့္ လူနည္းစု ကရင္အမ်ိဳးသားမ်ား စုေပါင္း၍ (၁၀)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဇန္န၀ါရီလ ၁၀ ရက္ေန႔က ဆန္ဆိုင္း(ခ) ရပ္ကြက္တြင္ က်င္းပသည္။

"ဒီမွာက လူနည္းစု ျဖစ္ေနေတာ့ ပြဲေတာ္က်င္းပရတာ အခက္အခဲ နည္းနည္းရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ အနယ္နယ္ အရပ္ရပ္က လာေရာက္ အလုပ္ လုပ္ကိုင္ၾကတဲ့ သူေတြျဖစ္တာေၾကာင့္ ခ်မ္းသာတဲ့ အသိုင္းအ၀ိုင္းက မဟုတ္ပါဘူး။ ဒီဘက္မွာရွိတဲ့ လူနည္းစုကပဲ စုေပါင္း၍ က်င္းပတာ ေငြေၾကး အခက္အခဲဘဲ ရွိတာပါ။ က်န္တာေတာ့ ဘာမွ အခက္အခဲ မရွိပါဘူး.."ဟု ပြဲက်င္းပေရးအဖြဲ႕ေခါင္းေဆာင္ ဦးေစာေမာင္တူးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေနထိုင္သည့္ ကရင္တိုင္းရင္းသားဦးေရမွာ ခန္႔မွန္းေျခ ရာဂဏန္းသာရိွၿပီး ကိုးကြယ္သည့္ ဘာသာေပါင္းစံု ရိွေသာ္လည္း ယခုပြဲေတာ္ကို ဘာသာေရး အေျခမခံဘဲ လူမ်ိဳးေရး အေျခခံ၍ က်င္းပျခင္း ျဖစ္ေၾကာင္း ပြဲက်င္းပေရးအဖြဲ႕ထံမွ သိရသည္။

"ကၽြန္မတို႔ ဒီမွာရွိတာ လူနည္းစုဘဲ ရွိပါတယ္။ ဒါေပမဲ့ အားလုံး စုေပါင္းၿပီးေတာ့ လုပ္အားျဖင့္ လည္းေကာင္း၊ ေငြအားျဖင့္ လည္းေကာင္း စည္းစည္းလုံးလုံးနဲ႔ တစ္ႏွစ္တစ္ခါ က်င္းပႏိုင္ေအာင္ စုေပါင္း ေဆာင္ရြက္ၾကပါတယ္။ ကၽြန္မတို႔ဟာ တကြဲတျပားနဲ႔ အလုပ္ လာလုပ္ကိုင္ၾကၿပီး တစ္ႏွစ္တစ္ခါမွာ ဒီလို စည္းစည္းလုံးလုံးနဲ႔ စုေပါင္းက်င္းပရျခင္း ျဖစ္ပါတယ္ " ဟု ပြဲေတာ္တက္ေရာက္သူ မနက့္လမ္းကိန္က ေျပာသည္။

ကရင္သကၠရာဇ္ ၂၇၅၅ ခုႏွစ္၊ ကရင္အမ်ိဳးသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၁၀ ရက္ေန႔၊ နံနက္ ၇ နာရီ တိတိက ကရင္အလံေတာ္္လႊင့္တင္ၿပီး ကရင္အမ်ိဳးသားစုေပါင္း ႏွစ္သစ္ကူးပြဲေတာ္ကို ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။

 

ႏွစ္သစ္ကူးပြဲေတာ္တြင္ ကရင္တိုင္းရင္သား အကမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၿပီး ရိုးရာဓေလ့အရ အသက္ ႀကီးသူမ်ားကို ပူေဇာ္ကန္ေတာ့ျခင္းကိုလည္း ျပဳလုပ္ခဲ့ၾကသည္။

တာခ်ီလိတ္တြင္ ကရင္တိုင္းရင္းသားဦးေရမွာ (၄၉၂)ဦးရိွသည္ဟု တာခ်ီလိတ္ခရိုင္၏ ေဒသဆိုင္ရာ အခ်က္အလက္မ်ားအရ သိရသည္။

ဓါတ္ပံု။  ။ ေဇာင္းညီ

******************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် နေထိုင်သည့် လူနည်းစု ကရင်အမျိုးသားများ စုပေါင်း၍ (၁၀)ကြိမ်မြောက် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဆန်ဆိုင်း(ခ) ရပ်ကွက်တွင် ကျင်းပသည်။

"ဒီမှာက လူနည်းစု ဖြစ်နေတော့ ပွဲတော်ကျင်းပရတာ အခက်အခဲ နည်းနည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ အနယ်နယ် အရပ်ရပ်က လာရောက် အလုပ် လုပ်ကိုင်ကြတဲ့ သူတွဖြေစ်တာကြောင့် ချမ်းသာတဲ့ အသိုင်းအဝိုင်းက မဟုတ်ပါဘူး။ ဒီဘက်မှာရှိတဲ့ လူနည်းစုကပဲ စုပေါင်း၍ ကျင်းပတာ ငွေကြေး အခက်အခဲဘဲ ရှိတာပါ။ ကျန်တာတော့ ဘာမှ အခက်အခဲ မရှိပါဘူး.."ဟု ပွဲကျင်းပရေးအဖွဲ့ခေါင်းဆောင် ဦးစောမောင်တူးက ပြောသည်။

တာချီလိတ်မြို့တွင် နေထိုင်သည့် ကရင်တိုင်းရင်းသားဦးရေမှာ ခန့်မှန်းခြေ ရာဂဏန်းသာရှိပြီး ကိုးကွယ်သည့် ဘာသာပေါင်းစုံ ရှိသော်လည်း ယခုပွဲတော်ကို ဘာသာရေး အခြေမခံဘဲ လူမျိုးရေး အခြေခံ၍ ကျင်းပခြင်း ဖြစ်ကြောင်း ပွဲကျင်းပရေးအဖွဲ့ထံမှ သိရသည်။

"ကျွန်မတို့ ဒီမှာရှိတာ လူနည်းစုဘဲ ရှိပါတယ်။ ဒါပေမဲ့ အားလုံး စုပေါင်းပြီးတော့ လုပ်အားဖြင့် လည်းကောင်း၊ ငွေအားဖြင့် လည်းကောင်း စည်းစည်းလုံးလုံးနဲ့ တစ်နှစ်တစ်ခါ ကျင်းပနိုင်အောင် စုပေါင်း ဆောင်ရွက်ကြပါတယ်။ ကျွန်မတို့ဟာ တကွဲတပြားနဲ့ အလုပ် လာလုပ်ကိုင်ကြပြီး တစ်နှစ်တစ်ခါမှာ ဒီလို စည်းစည်းလုံးလုံးနဲ့ စုပေါင်းကျင်းပရခြင်း ဖြစ်ပါတယ် " ဟု ပွဲတော်တက်ရောက်သူ မနက့်လမ်းကိန်က ပြောသည်။

ကရင်သက္ကရာဇ် ၂၇၅၅ ခုနှစ်၊ ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၇ နာရီ တိတိက ကရင်အလံတော်လွှင့်တင်ပြီး ကရင်အမျိုးသားစုပေါင်း နှစ်သစ်ကူးပွဲတော်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်သား အကများဖြင့် ဖျော်ဖြေခဲ့ပြီး ရိုးရာဓလေ့အရ အသက် ကြီးသူများကို ပူဇော်ကန်တော့ခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

တာချီလိတ်တွင် ကရင်တိုင်းရင်းသားဦးရေမှာ (၄၉၂)ဦးရှိသည်ဟု တာချီလိတ်ခရိုင်၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~