အေမရိကန္မွ ေျမငလ်င္တိုင္းတာစက္တစ္လံုး က်ိဳင္းတုံၿမိဳ႕ မိုးဇလသို႔ လွဴဒါန္း

အေမရိကန္မွ ေျမငလ်င္တိုင္းတာစက္တစ္လံုး က်ိဳင္းတုံၿမိဳ႕ မိုးဇလသို႔ လွဴဒါန္း
ဇန်နဝါရီ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ မိုးေလဝသနွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနသို႔ အေမရိကန္ ဘူမိေဗဒေလ့လာေရးဌာန(USG)က အေမရိကန္ နိုင္ငံတကာ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႕(USAID)၏ ရန္ပုံေငြအကူအညီျဖင့္ ေျမငလ်င္တိုင္းတာစက္ကို လွဴဒါန္းလိုက္ေၾကာင္း သိရသည္။

''က်ိဳင္းတုံၿမိဳ႕ကို အေမရိကန္က ဒီေျမငလ်င္တိုင္းတာစက္ လာေရာက္တပ္ဆင္လွဴဒါန္းတဲ့အတြက္ ေျမငလ်င္လွဳပ္ရွားမႈကို အခ်ိန္နဲ႔ တေျပးညီ သိရွိႏိုင္လာမယ္။ ေျမငလ်င္ရဲ႕ တိုင္းတာႏႈန္းလည္း ပိုမို တိက်လာမယ္။ အရင္ကဆို ေျမငလ်င္တိုင္းရတာ မတိမက်ျဖစ္ေနတယ္”ဟု မိုးေလဝသနွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ဦးစီးအရာရွိ ဦးခင္ေမာင္ေအးက ေျပာသည္။

ရန္ကုန္၊ မႏၲေလး၊ ဟားခါး၊ က်ိဳင္းတုံႏွင့္ တမူးၿမိဳ႕မ်ားတြင္ KINEM ETRICS အမ်ိဳးအစား ေျမငလ်င္ တိုင္းတာစက္မ်ားကို အေမရိကန္မွ ပညာရွင္ ေျခာက္ဦးက လာေရာက္တပ္ဆင္ေပးျခင္းျဖစ္ေၾကာင္း ေျမငလ်င္ဌာနခြဲမွ ဦးစီးအရာရွိ ဦးထြန္းလင္းေက်ာ္(ေနျပည္ေတာ္)ထံမွ သိရသည္။

က်ိဳင္းတံုၿမိဳ႕မိုးေလဝသနွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနသို႔ ေျမငလ်င္တိုင္းတာစက္ကို ဇန္နဝါရီလ ၂၅ ရက္ေန႔က လာေရာက္ တပ္ဆင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဖူးႏွင္းျဖဴ
.....................

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန(USG)က အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(USAID)၏ ရန်ပုံငွေအကူအညီဖြင့် မြေငလျင်တိုင်းတာစက်ကို လှူဒါန်းလိုက်ကြောင်း သိရသည်။

''ကျိုင်းတုံမြို့ကို အမေရိကန်က ဒီမြေငလျင်တိုင်းတာစက် လာရောက်တပ်ဆင်လှူဒါန်းတဲ့အတွက် မြေငလျင်လှုပ်ရှားမှုကို အချိန်နဲ့ တပြေးညီ သိရှိနိုင်လာမယ်။ မြေငလျင်ရဲ့ တိုင်းတာနှုန်းလည်း ပိုမို တိကျလာမယ်။ အရင်ကဆို မြေငလျင်တိုင်းရတာ မတိမကျဖြစ်နေတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်အေးက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ ဟားခါး၊ ကျိုင်းတုံနှင့် တမူးမြို့များတွင် KINEM ETRICS အမျိုးအစား မြေငလျင် တိုင်းတာစက်များကို အမေရိကန်မှ ပညာရှင် ခြောက်ဦးက လာရောက်တပ်ဆင်ပေးခြင်းဖြစ်ကြောင်း မြေငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်(နပြေည်တော်)ထံမှ သိရသည်။

ကျိုင်းတုံမြို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသို့ မြေငလျင်တိုင်းတာစက်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က လာရောက် တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဖူးနှင်းဖြူ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~