ကျိုင်းတုံ စည်ပင်မှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အရပ်ရပ် အခွင့်အရေး လိုင်စင် (၃၀)ခု အတွက် လေလံရောင်းချရန် လျှောက်လွှာများ ခေါ်ယူ

ကျိုင်းတုံ စည်ပင်မှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အရပ်ရပ် အခွင့်အရေး လိုင်စင် (၃၀)ခု အတွက် လေလံရောင်းချရန် လျှောက်လွှာများ ခေါ်ယူ
ဇန်နဝါရီ 17, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချခြင်းကို  ဇန်န၀ါရီလ(၂၆)ရက်နေ့တွင် ပြုလုပ်မှာဖြစ်သည့်အတွက် လျှောက်လွှာများအား ခေါ်ယူနေလျှက်ရှိကြောင်း သိရသည်။

အဆိုပါ လေလံရောင်းချမှု အစီအစဉ်အား ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးခန်းမတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ကျင်းပပြုလုပ်မှာဖြစ်ပြီး လျှောက်လွှာတင်ရမည့် နေ့ရက်အား ဇန်န၀ါရီလ(၂၅)ရက်နေ့ ညနေ(၄)နာရီအချိန်ထိ သတ်မှတ်ထားရှိသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net