အသက္(၄၀)နွစ္အရြယ္ ဆိုရင္ အေတာ္မ်ားမ်ားက ေႏြးေထြးတဲ့ မိသားစုနဲ႔အတူ ျပည့္စံုတဲ့ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းေနၾကၿပီ ျဖစ္ပါတယ္။
ဒါေပမဲ့ အသက္ (၄၀)အရြယ္ မီစတာဒက္ အတြက္ေတာ့ ကြဲျပားျခားနားသြားပါတယ္။ သူ႔ဘဝတစ္ေလွ်ာက္ လက္တြဲေဖာ္ဟာ အမ်ားသူငါလို လူတစ္ေယာက္ မဟုတ္ဘဲ အသက္မဲ့တဲ့ ေကာ္ရုပ္တစ္ရုပ္ျဖစ္ေနလို႔ပါ။
မီစတာဒက္ဟာ အရင္ကေတာ့ မိန္းကေလးတစ္ေယာက္နဲ႔ မဂၤလာေဆာင္ၿပီး ကေလး ရွိခဲ့ဖူးေပမဲ့ အဲဒီ အမ်ိဳးသမီးနဲ႔ လမ္းခြဲၿပီးေနာက္ပိုင္းမွာေတာ့ သူဟာ အေဖာ္မဲ့အထီးက်န္ဘဝကို ျဖတ္သန္းေနရတာပါ။
သူ႔အေနနဲ႔ အထီးက်န္ဆန္တဲ့ ဘဝကို ဆက္ၿပီး သည္းမခံႏိုင္ေတာ့တာေၾကာင့္ လူတစ္ေယာက္ အရြယ္အစားရိွၿပီး အေလးခ်ိန္ (၅၀)ကီလိုရိွတဲ့ ေကာ္ရုပ္တစ္ရုပ္ကို ဝယ္ယူဖို႔ ဆံုးျဖတ္လိုက္တယ္လို႔ ဆိုပါတယ္။
ဒီအရုပ္မေလးကို ၾကယ္နီလို႔ နာမည္ေပးထားၿပီးေတာ့ လူသားတစ္ေယာက္လိုပဲ ဆက္ဆံတယ္လို႔ ဆိုပါတယ္။
ၾကယ္နီဟာ သူ႔ဘဝရဲ႕ အရာရာ အားလံုး ပိုင္ဆိုင္သူျဖစ္လာၿပီး သူအခန္းထဲမွာ ေနတဲ့အခ်ိန္ ထိုင္ေနတာပဲ ျဖစ္ျဖစ္ အိပ္ေနတာပဲ ျဖစ္ျဖစ္ ၾကယ္နီကို အနားမွာ အၿမဲထားတယ္လို႔ သိရပါတယ္။
တနဂၤေႏြေန႔တိုင္း ေရခ်ိဳးေပးတာက ၾကယ္နီရဲ႕အသားအေရကို ပိုၿပီး ႏူးညံ့ေစတယ္လို႔ ဒက္က ဆုိပါတယ္။
ေနာက္ဆံုးမွာေတာ့ ဒက္ဟာ ၾကယ္နီကို မဂၤလာေဆာင္ ဆြဲႀကိဳးေပးၿပီး မဂၤလာေဆာင္ဖို႔ ဆံုးျဖတ္ လိုက္ပါတယ္။
(၄)နွစ္ၾကာ အတူလက္တြဲေနခဲ့ၿပီးတဲ့ေနာက္ မီစတာဒက္က ဂ်ာမန္လူမ်ိဳး ဆန္တာဟြန္ဆိုတဲ့ ဓာတ္ပံုဆရာကို လူနဲ႔ေကာ္ရုပ္ ခ်စ္သူဘဝရဲ႕ ေန႔စဥ္ေနထိုင္တဲ့ ပံုစံကို သူ႔မ်က္နွာ မေဖာ္ျပဘဲ ဓာတ္ပံု ရိုက္ကူးခြင့္ ျပဳခဲ့ပါတယ္။
ဒီဓာတ္ပံုေတြအရ ဒက္က ၾကယ္နီကို သူ႔အခ်စ္ဆံုး မိန္းကေလးလို ျပဳမူတာကို ေတြ႔ရပါတယ္။ ၾကယ္နီကို ဒက္က အလွျပင္ေပးတာ၊ ေရခ်ိဳး အဝတ္အစား လဲေပးတာနဲ႔ ေပြ႔ဖက္ျခင္းကို ခ်စ္သူတစ္ေယာက္လိုပဲ ၾကင္ၾကင္နာနာ ျပဳမူတာကို ေတြ႕ရပါတယ္။
ဒက္က လူေတြအေနနဲ႔ သူတို႔သံေယာဇဥ္ကို နားလည္ႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ တျခား စုံတြဲေတြနဲ႔ မျခား ဒက္က ၾကယ္နီကို ခ်စ္သလို ၾကယ္နီကလည္း သူ႔ကိုခ်စ္တဲ့ အသက္ဝိဥာဥ္ရိွတဲ့ လူတစ္ေယာက္လိုပဲ ခံစားရတယ္လို႔ ဆိုထားပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; hilight.kapook
( unicode )
အသက်(၄၀)နှစ်အရွယ် ဆိုရင် အတော်များများက နွေးထွေးတဲ့ မိသားစုနဲ့အတူ ပြည့်စုံတဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနကြပြေီ ဖြစ်ပါတယ်။
ဒါပေမဲ့ အသက် (၄၀)အရွယ် မီစတာဒက် အတွက်တော့ ကွဲပြားခြားနားသွားပါတယ်။ သူ့ဘဝတစ်လျှောက် လက်တွဲဖော်ဟာ အများသူငါလို လူတစ်ယောက် မဟုတ်ဘဲ အသက်မဲ့တဲ့ ကော်ရုပ်တစ်ရုပ်ဖြစ်နေလို့ပါ။
မီစတာဒက်ဟာ အရင်ကတော့ မိန်းကလေးတစ်ယောက်နဲ့ မင်္ဂလာဆောင်ပြီး ကလေး ရှိခဲ့ဖူးပေမဲ့ အဲဒီ အမျိုးသမီးနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာတော့ သူဟာ အဖော်မဲ့အထီးကျန်ဘဝကို ဖြတ်သန်းနေရတာပါ။
သူ့အနေနဲ့ အထီးကျန်ဆန်တဲ့ ဘဝကို ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် လူတစ်ယောက် အရွယ်အစားရှိပြီး အလေးချိန် (၅၀)ကီလိုရှိတဲ့ ကော်ရုပ်တစ်ရုပ်ကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
ဒီအရုပ်မလေးကို ကြယ်နီလို့ နာမည်ပေးထားပြီးတော့ လူသားတစ်ယောက်လိုပဲ ဆက်ဆံတယ်လို့ ဆိုပါတယ်။
ကြယ်နီဟာ သူ့ဘဝရဲ့ အရာရာ အားလုံး ပိုင်ဆိုင်သူဖြစ်လာပြီး သူအခန်းထဲမှာ နေတဲ့အချိန် ထိုင်နေတာပဲ ဖြစ်ဖြစ် အိပ်နေတာပဲ ဖြစ်ဖြစ် ကြယ်နီကို အနားမှာ အမြဲထားတယ်လို့ သိရပါတယ်။
တနင်္ဂေနွနေ့တိုင်း ရေချိုးပေးတာက ကြယ်နီရဲ့အသားအရေကို ပိုပြီး နူးညံ့စေတယ်လို့ ဒက်က ဆိုပါတယ်။
နောက်ဆုံးမှာတော့ ဒက်ဟာ ကြယ်နီကို မင်္ဂလာဆောင် ဆွဲကြိုးပေးပြီး မင်္ဂလာဆောင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
(၄)နှစ်ကြာ အတူလက်တွဲနေခဲ့ပြီးတဲ့နောက် မီစတာဒက်က ဂျာမန်လူမျိုး ဆန်တာဟွန်ဆိုတဲ့ ဓာတ်ပုံဆရာကို လူနဲ့ကော်ရုပ် ချစ်သူဘဝရဲ့ နေ့စဉ်နေထိုင်တဲ့ ပုံစံကို သူ့မျက်နှာ မဖော်ပြဘဲ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခဲ့ပါတယ်။
ဒီဓာတ်ပုံတွေအရ ဒက်က ကြယ်နီကို သူ့အချစ်ဆုံး မိန်းကလေးလို ပြုမူတာကို တွေ့ရပါတယ်။ ကြယ်နီကို ဒက်က အလှပြင်ပေးတာ၊ ရေချိုး အဝတ်အစား လဲပေးတာနဲ့ ပွေ့ဖက်ခြင်းကို ချစ်သူတစ်ယောက်လိုပဲ ကြင်ကြင်နာနာ ပြုမူတာကို တွေ့ရပါတယ်။
ဒက်က လူတွေအနေနဲ့ သူတို့သံယောဇဉ်ကို နားလည်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တခြား စုံတွဲတွေနဲ့ မခြား ဒက်က ကြယ်နီကို ချစ်သလို ကြယ်နီကလည်း သူ့ကိုချစ်တဲ့ အသက်ဝိဉါဉ်ရှိတဲ့ လူတစ်ယောက်လိုပဲ ခံစားရတယ်လို့ ဆိုထားပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်