အိႏၵိယနိုင္ငံမွ အသက္(၁၈)နွစ္အရြယ္ နလင္ထာကုမန္ဆိုတဲ့ လူငယ္တစ္ဦး ဗိုက္နာၿပီး ေအာ့အန္ရာကေန ကိုယ္အေလးခ်ိန္လည္း သိသိသာသာ က်သြားတာေၾကာင့္ အန္လားဟားပတ္ၿမိဳ႕က ဆဝါးလြပ္နားလားယန္း ေဆးရံုကို သြားျပရပါတယ္။
ေဆးရံုမွာ ဆရာဝန္က ဓာတ္မွန္ရိုက္ၾကည့္တဲ့ အခါမွာ သူ႔ဗိုက္ထဲက (၂.၅)ကီလိုဂရမ္ အေလးခ်ိန္ရွိ အရိုးတံုး၊ ဆံပင္နဲ႔ သြားေတြကို ေတြ႔လိုက္ရပါတယ္။
ဒါေတြကို ခြဲစိတ္ထုတ္လိုက္တဲ့ အခါမွာေတာ့ နလင္ထာဟာ Fetus in fetus ေခၚ "ကပ္ပါးအျမႊာ" ခႏၶာကိုယ္ထဲ ျမႇဳပ္ဝင္ေနတာကို ဆရာဝန္ေတြ သိလိုက္ရပါတယ္။
"ကပ္ပါးအျမႊာက ေမြးကတည္းက သူ႕ရဲ႕ခႏၶာကိုယ္ထဲမွာ မွီခိုေနတာပါ။ သံုးနာရီၾကာ ခြဲစိတ္ၿပီး ေနာက္ဆံုးေတာ့ ကပ္ပါးအျမႊာကို ေအာင္ျမင္စြာ ခြဲထုတ္ေပးႏိုင္ခဲ့ပါတယ္။ ပံုသဏၭာန္မမွန္တဲ့ ဦးေခါင္းခြံ၊ ေက်ာရိုး၊ သြားနဲ႔ ဆံပင္ေတြ ရိွပါတယ္”လို႔ ဆရာဝန္က ဆိုပါတယ္။
ကပ္ပါးအျမႊာဟာ သားအိမ္ထဲက သေႏၶေလာင္းဖြံ႔ၿဖိဳးမႈ မူမမွန္တဲ့ အေျခအေနမွာ ပံုမွန္အတိုင္း မဖြံ႕ၿဖိဳးတဲ့ အျမႊာတစ္ေယာက္က ေနာက္အျမႊာတစ္ေယာက္ရဲ႕ခႏၶာကိုယ္ထဲကို ဝင္ေနတာျဖစ္ပါတယ္။
ကပ္ပါးအျမႊာဟာ တျခားခႏၶာကိုယ္ထဲမွာ ႀကီးထြားလာေနၿပီး ဆံပင္ရွည္လာတာ၊ သြားတစ္ေခ်ာင္းခ်င္းစီ ေပါက္လာတာေတြ ျဖစ္လာတာပါ။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref;kapook
****************
( unicode )
အိန္ဒိယနိုင်ငံမှ အသက်(၁၈)နှစ်အရွယ် နလင်ထာကုမန်ဆိုတဲ့ လူငယ်တစ်ဦး ဗိုက်နာပြီး အော့အန်ရာကနေ ကိုယ်အလေးချိန်လည်း သိသိသာသာ ကျသွားတာကြောင့် အန်လားဟားပတ်မြို့က ဆဝါးလွပ်နားလားယန်း ဆေးရုံကို သွားပြရပါတယ်။
ဆေးရုံမှာ ဆရာဝန်က ဓာတ်မှန်ရိုက်ကြည့်တဲ့ အခါမှာ သူ့ဗိုက်ထဲက (၂.၅)ကီလိုဂရမ် အလေးချိန်ရှိ အရိုးတုံး၊ ဆံပင်နဲ့ သွားတွေကို တွေ့လိုက်ရပါတယ်။
ဒါတွေကို ခွဲစိတ်ထုတ်လိုက်တဲ့ အခါမှာတော့ နလင်ထာဟာ Fetus in fetus ခေါ် "ကပ်ပါးအမြွှာ" ခန္ဓာကိုယ်ထဲ မြှုပ်ဝင်နေတာကို ဆရာဝန်တွေ သိလိုက်ရပါတယ်။
"ကပ်ပါးအမြွှာက မွေးကတည်းက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မှီခိုနေတာပါ။ သုံးနာရီကြာ ခွဲစိတ်ပြီး နောက်ဆုံးတော့ ကပ်ပါးအမြွှာကို အောင်မြင်စွာ ခွဲထုတ်ပေးနိုင်ခဲ့ပါတယ်။ ပုံသဏ္ဌာန်မမှန်တဲ့ ဦးခေါင်းခွံ၊ ကျောရိုး၊ သွားနဲ့ ဆံပင်တွေ ရှိပါတယ်”လို့ ဆရာဝန်က ဆိုပါတယ်။
ကပ်ပါးအမြွှာဟာ သားအိမ်ထဲက သန္ဓလောင်းဖွံ့ဖြိုးမှု မူမမှန်တဲ့ အခြေအနေမှာ ပုံမှန်အတိုင်း မဖွံ့ဖြိုးတဲ့ အမြွှာတစ်ယောက်က နောက်အမြွှာတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်နေတာဖြစ်ပါတယ်။
ကပ်ပါးအမြွှာဟာ တခြားခန္ဓာကိုယ်ထဲမှာ ကြီးထွားလာနပြေီး ဆံပင်ရှည်လာတာ၊ သွားတစ်ချောင်းချင်းစီ ပေါက်လာတာတွေ ဖြစ်လာတာပါ။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref;kapook