အိႏၵိယနိုင္ငံ ကန္းပူးလၿမိဳ႕က အသက္(၃၀)အရြယ္ မစ္အနိသာကုမန္းဟာ သားေယာက်္ားေလး အျမႊာေမြးလိုက္ေပမဲ့ ဦးေခါင္းႏွစ္ခုနဲ႔ ခႏၶာကိုယ္တစ္ခုသာပါတဲ့အျမႊာျဖစ္ေနပါတယ္။
သားအျမႊာေလးေတြကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး သူ႔ကေလးေတြဟာ အသက္ရွင္ဖို႔ အခြင့္အေရး အနည္းငယ္သာ ရိွတယ္လို႔ ဆရာဝန္ေတြက ေျပာထားပါတယ္။
အျမႊာကေလးငယ္ေလးေတြဟာ ေမြးစမွာ ကိုယ္အေလးခ်ိန္ ေျခာက္ေပါင္ခြဲသာရိွၿပီး ခႏၶာကိုယ္တစ္ခုထဲက နွလံုးနဲ႔အဆုတ္ကို အတူသံုးေနၾကတာျဖစ္တယ္လို႔ သိရပါတယ္။
"နွလံုးအရမ္းအားနည္းေနတဲ့ အတြက္ေၾကာင့္ ကေလးနွစ္ေယာက္လံုး အသက္ရွင္ဖို႔ အင္မတန္ ခက္ခဲပါတယ္"လို႔ ကေလးကို ေမြးေပးတဲ့ ဆရာဝန္ရိခ်ိ ကေျပာပါတယ္။
"ထိတ္လန္႔တုန္လႈပ္ၿပီး နွလံုးေၾကကြဲေစပါတယ္။ ေမြးလာတဲ့ ကေလးနွစ္ေယာက္လံုး ဒီတိုင္းျဖစ္လာတာ ရက္စက္တဲ့ ကံၾကမၼာလို႔ပဲ အျပစ္တင္ရမွာေပါ့။ ဘုရားက ကၽြန္ေတာ္တို႔ကို စိတ္တိုလို႔ အခုလို အျပစ္ေပးတာျဖစ္မယ္။ အသက္္ရွင္ဖို႔ အခြင့္အေရး နည္းနည္းပဲရိွတယ္ဆိုေပမဲ့ ကၽြန္ေတာ္တို႔ ကေလးႏွစ္ေယာက္လံုးကို တတ္နိုင္သမွ် အေကာင္းဆံုး ၾကည့္ရႈေစာင့္ေရွာက္သြားမွာပါ" လို႔ အသက္(၃၅)နွစ္အရြယ္ ကေလးတို႔ရဲ႕ ဖခင္ျဖစ္သူ ဆာထစ္ကုမန္းက ဆိုပါတယ္။
ဆာထစ္ကုမန္းတို႔ မိသားစုမွာ သမီးမိန္းကေလး (၂)ဦးေမြးထားၿပီး ယခုအေခါက္မွာ သားေယာက္်ားေလးေတြ ေမြးလာဖို႔ ေမွ်ာ္လင့္ထားခဲ့ေပမဲ့လည္း တကယ္တမ္း ေမြးလာတဲ့ ကေလးေလးေတြဟာ အခုလို ပံုစံေလးေတြ ျဖစ္ေနတဲ့အတြက္ ေၾကကြဲရတယ္လို႔ ဆိုပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; yohaig, ghazipurlive
...................
( unicode )
အိန္ဒိယနိုင်ငံ ကန်းပူးလမြို့က အသက်(၃၀)အရွယ် မစ်အနိသာကုမန်းဟာ သားယောကျာ်းလေး အမြွှာမွေးလိုက်ပေမဲ့ ဦးခေါင်းနှစ်ခုနဲ့ ခန္ဓာကိုယ်တစ်ခုသာပါတဲ့အမြွှာဖြစ်နေပါတယ်။
သားအမြွှာလေးတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ကလေးတွေဟာ အသက်ရှင်ဖို့ အခွင့်အရေး အနည်းငယ်သာ ရှိတယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။
အမြွှာကလေးငယ်လေးတွေဟာ မွေးစမှာ ကိုယ်အလေးချိန် ခြောက်ပေါင်ခွဲသာရှိပြီး ခန္ဓာကိုယ်တစ်ခုထဲက နှလုံးနဲ့အဆုတ်ကို အတူသုံးနကြေတာဖြစ်တယ်လို့ သိရပါတယ်။
"နှလုံးအရမ်းအားနည်းနေတဲ့ အတွက်ကြောင့် ကလေးနှစ်ယောက်လုံး အသက်ရှင်ဖို့ အင်မတန် ခက်ခဲပါတယ်"လို့ ကလေးကို မွေးပေးတဲ့ ဆရာဝန်ရိချိ ကပြောပါတယ်။
"ထိတ်လန့်တုန်လှုပ်ပြီး နှလုံးကြေကွဲစေပါတယ်။ မွေးလာတဲ့ ကလေးနှစ်ယောက်လုံး ဒီတိုင်းဖြစ်လာတာ ရက်စက်တဲ့ ကံကြမ္မာလို့ပဲ အပြစ်တင်ရမှာပေါ့။ ဘုရားက ကျွန်တော်တို့ကို စိတ်တိုလို့ အခုလို အပြစ်ပေးတာဖြစ်မယ်။ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းပဲရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့ ကလေးနှစ်ယောက်လုံးကို တတ်နိုင်သမျှ အကောင်းဆုံး ကြည့်ရှုစောင့်ရှောက်သွားမှာပါ" လို့ အသက်(၃၅)နှစ်အရွယ် ကလေးတို့ရဲ့ ဖခင်ဖြစ်သူ ဆာထစ်ကုမန်းက ဆိုပါတယ်။
ဆာထစ်ကုမန်းတို့ မိသားစုမှာ သမီးမိန်းကလေး (၂)ဦးမွေးထားပြီး ယခုအခေါက်မှာ သားယောက်ျားလေးတွေ မွေးလာဖို့ မျှော်လင့်ထားခဲ့ပေမဲ့လည်း တကယ်တမ်း မွေးလာတဲ့ ကလေးလေးတွေဟာ အခုလို ပုံစံလေးတွေ ဖြစ်နေတဲ့အတွက် ကြေကွဲရတယ်လို့ ဆိုပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; yohaig, ghazipurlive