ရွမ္း(အေရွ႕)အေ၀းေျပး လမ္းမေပၚ မိုးရြာသြန္းမႈေၾကာင့္ ယာဥ္မ်ား လမ္းေခ်ာ္မႈရွိေန

ရွမ္း(အေရွ႕)အေ၀းေျပး လမ္းမေပၚ မိုးရြာသြန္းမႈေၾကာင့္ ယာဥ္မ်ား လမ္းေခ်ာ္မႈရွိေန
ဇန်နဝါရီ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ အေ၀းေျပးလမ္းမ်ားေပၚတြင္ ယာဥ္မ်ား စလစ္ျဖစ္ၿပီး လမ္းေခ်ာ္ျခင္းမ်ား ျဖစ္ေပၚလွ်က္ရွိေၾကာင္း ခရီးသြားမ်ားထံမွ သိရသည္။

"လမ္းေခ်ာ္လို႔ ကားေတြ စလစ္ျဖစ္တာ ေတြ႕ရတယ္၊ ကားေတာ့ ေတာင္ေစာင္းနဲ႔ တိုက္လို႔ ပ်က္သြားတာေတြ႕တယ္၊ လူေတြေတာ့ ဘာမွမျဖစ္ဘူး (၃)စီးေလာက္ေတြ႕တယ္၊ ဒီလို မိုးရြာတဲ့ အခ်ိန္အခါမ်ဳိးမွာ အရွိန္ထိန္းေမာင္းေစခ်င္ပါတယ္"ဟု ခရီသြားဧည့္လမ္းညႊန္ ကိုစတီဗင္က ေျပာသည္။

မိုးရြာသြန္းျခင္းေၾကာင့္ က်ိဳင္းတံု - လြယ္ေမြေတာင္တက္လမ္းတြင္ တပ္ပိုင္ကားတစ္စီး၊ က်ိဳင္းတံု - တာခ်ီလိတ္လမ္း မိုင္းျဖတ္ၿမိဳ႕အနီးတြင္ ခရီးသည္တင္ ယာဥ္(၂)စီး ေတာင္နံရံႏွင့္ တုိက္မိ၍ ပ်က္စီးသြားသည္ကို ျမင္ေတြ႕ရေၾကာင္း ၎မွေျပာသည္။

"လမ္းက တအားေကာင္းေတာ့ ကားေတြ အရမ္းေမာင္းတာ ခုလို မိုးနည္းနည္းရြာရင္ သတိထားသင့္တယ္၊ ခရီးသည္ေတြရဲ႕ အသက္က ကားစတီယာတိုင္ေပၚမွာရွိတာ အခုမိုးက ျဖည္းျဖည္းနဲ႔ မနားတမ္း ပံုမွန္ ရြာေနတာ"ဟု ခရီးသည္တစ္ဦးက ဆိုသည္။

တာခ်ီလိတ္ - က်ိဳင္းတံု လမ္းမႀကီးသည္ (၄)လမ္းသြား ႏိုင္လြန္ကတၱရာ လမ္းမႀကီးျဖစ္သည့္ အတြက္ မိုးရြာသြန္းပါက လမ္းေခ်ာ္တတ္ၿပီး ယာဥ္မ်ား တိမ္းေမွာက္မႈ ျဖစ္ႏိုင္ျခင္းေၾကာင့္ ကားေမာင္းႏွင္သူမ်ား အရွိန္ေလွ်ာ့ကာ ေမာင္းသင့္ေၾကာင္း က်ဳိင္းတံုၿမိဳ႕ခံတစ္ဦးက သတိေပး စကားေျပာလာသည္။
********************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အေဝးပြေးလမ်းများပေါ်တွင် ယာဉ်များ စလစ်ဖြစ်ပြီး လမ်းချော်ခြင်းများ ဖြစ်ပေါ်လျှက်ရှိကြောင်း ခရီးသွားများထံမှ သိရသည်။

"လမ်းချော်လို့ ကားတွေ စလစ်ဖြစ်တာ တွေ့ရတယ်၊ ကားတော့ တောင်စောင်းနဲ့ တိုက်လို့ ပျက်သွားတာတွေ့တယ်၊ လူတွေတော့ ဘာမှမဖြစ်ဘူး (၃)စီးလောက်တွေ့တယ်၊ ဒီလို မိုးရွာတဲ့ အချိန်အခါမျိုးမှာ အရှိန်ထိန်းမောင်းစေချင်ပါတယ်"ဟု ခရီသွားဧည့်လမ်းညွှန် ကိုစတီဗင်က ပြောသည်။

မိုးရွာသွန်းခြင်းကြောင့် ကျိုင်းတုံ - လွယ်မွေတောင်တက်လမ်းတွင် တပ်ပိုင်ကားတစ်စီး၊ ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်းဖြတ်မြို့အနီးတွင် ခရီးသည်တင် ယာဉ်(၂)စီး တောင်နံရံနှင့် တိုက်မိ၍ ပျက်စီးသွားသည်ကို မြင်တွေ့ရကြောင်း၎င်းမှပြောသည်။

"လမ်းက တအားကောင်းတော့ ကားတွေ အရမ်းမောင်းတာ ခုလို မိုးနည်းနည်းရွာရင် သတိထားသင့်တယ်၊ ခရီးသည်တွေရဲ့ အသက်က ကားစတီယာတိုင်ပေါ်မှာရှိတာ အခုမိုးက ဖြည်းဖြည်းနဲ့ မနားတမ်း ပုံမှန် ရွာနေတာ"ဟု ခရီးသည်တစ်ဦးက ဆိုသည်။

တာချီလိတ် - ကျိုင်းတုံ လမ်းမကြီးသည် (၄)လမ်းသွား နိုင်လွန်ကတ္တရာ လမ်းမကြီးဖြစ်သည့် အတွက် မိုးရွာသွန်းပါက လမ်းချော်တတ်ပြီး ယာဉ်များ တိမ်းမှောက်မှု ဖြစ်နိုင်ခြင်းကြောင့် ကားမောင်းနှင်သူများ အရှိန်လျှော့ကာ မောင်းသင့်ကြောင်း ကျိုင်းတုံမြို့ခံတစ်ဦးက သတိပေး စကားပြောလာသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ေၾကာ္ျငာ ~~~~~~~