ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏိုင္ငံမွ တင္သြင္းသည့္ စက္သံုးေလာင္စာဆီေစ်းႏွဳန္းမွာ ေဒၚလာေငြလဲႏႈန္း အတက္အက်ေပၚ မူတည္၍ ပံုမွန္တစ္လႏွစ္ႀကိမ္ ေျပာင္းလဲမႈရွိေၾကာင္း တာခ်ီလိတ္ ဆီပန္႔လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
"စက္သံုး ေလာင္စာဆီကို အေရာင္းဆိုင္ ဆီပန္႔ေတြမွာ ေစ်းႏွဳန္း တေျပးညီျဖစ္ဖို႔ တစ္လႏွစ္ႀကိမ္ အစည္းအေ၀းလုပ္ၿပီး ဆံုးျဖတ္ၾကပါတယ္။ ဒီလို ဆံုးျဖတ္တဲ့ေနရာမွာ ေဒၚလာနဲ႔၀ယ္ၿပီး တင္သြင္းရတဲ့အတြက္ ေငြေစ်းအတက္အက်နဲ႔ အခြန္ေဆာင္ရတဲ့ ရာခိုင္ႏွဳန္းေပၚမူတည္ၿပီး ေစ်းႏွဳန္းသတ္မွတ္တာပါ"ဟု တာခ်ီလိတ္ၿမိဳ႕ ဆီပန္႔လုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ စက္သံုးဆီေစ်းႏွဳန္းအား ဇန္န၀ါရီလ(၁၂)ရက္ေန႔မွ ဇန္န၀ါရီလ (၂၅)ရက္ေန႔ အထိ ဓာတ္ဆီတစ္လီတာလွ်င္ (၂၅)ဘတ္ႏွင့္ ဒီဇယ္တစ္လီတာလွ်င္ (၂၃)ဘတ္ႏွဳန္းအျဖင့္ သတ္မွတ္ထားေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံမွ ေလာင္စာဆီမ်ားအား ရွမ္းျပည္နယ္အေရွ႕ပိုင္းအျပင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ကြန္ဟိန္းအထိ ျဖန္႔ျဖဴးေရာင္းခ်လွ်က္ရွိၿပီး တစ္လလွ်င္ ေလာင္စာဆီဂါလံေပါင္းတစ္သန္း၀န္းက်င္ခန္႔ အထိ တင္သြင္းရေၾကာင္း ၎ထံမွသိရသည္။
ေလာင္စာဆီတင္သြင္းေသာ ကုမၸဏီမ်ားသည္ ႏိုင္ငံေတာ္သို႔ အခြန္ေပးေဆာင္ကာ တင္သြင္းေနျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေလာင္စာဆီတင္သြင္းေသာ ဆီပန္႔ေျခာက္ခုႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေသာ ဆီပန္႔ဆိုင္ေပါင္း(၁၆)ဆိုင္၀န္းက်င္ရွိေၾကာင္း ဆီပန္႔လုပ္ငန္းရွင္အသင္းမွ သိရသည္။
( unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စက်သုံးလောင်စာဆီဈေးနှုန်းမှာ ဒေါ်လာငွေလဲနှုန်း အတက်အကျပေါ် မူတည်၍ ပုံမှန်တစ်လနှစ်ကြိမ် ပြောင်းလဲမှုရှိကြောင်း တာချီလိတ် ဆီပန့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
"စက်သုံး လောင်စာဆီကို အရောင်းဆိုင် ဆီပန့်တွေမှာ ဈေးနှုန်း တပြေးညီဖြစ်ဖို့ တစ်လနှစ်ကြိမ် အစည်းအေဝးလုပ်ပြီး ဆုံးဖြတ်ကြပါတယ်။ ဒီလို ဆုံးဖြတ်တဲ့နေရာမှာ ဒေါ်လာနဲ့ဝယ်ပြီး တင်သွင်းရတဲ့အတွက် ငွေဈေးအတက်အကျနဲ့ အခွန်ဆောင်ရတဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်တာပါ"ဟု တာချီလိတ်မြို့ ဆီပန့်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။
တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်းအား ဇန်နဝါရီလ(၁၂)ရက်နေ့မှ ဇန်နဝါရီလ (၂၅)ရက်နေ့ အထိ ဓာတ်ဆီတစ်လီတာလျှင် (၂၅)ဘတ်နှင့် ဒီဇယ်တစ်လီတာလျှင် (၂၃)ဘတ်နှုန်းအဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ လောင်စာဆီများအား ရှမ်းပြည်နယ်အရှေ့ပိုင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းအထိ ဖြန့်ဖြူးရောင်းချလျှက်ရှိပြီး တစ်လလျှင် လောင်စာဆီဂါလံပေါင်းတစ်သန်းဝန်းကျင်ခန့် အထိ တင်သွင်းရကြောင်း၎င်းထံမှသိရသည်။
လောင်စာဆီတင်သွင်းသော ကုမ္ပဏီများသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ကာ တင်သွင်းနခြေင်းဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်း လောင်စာဆီတင်သွင်းသော ဆီပန့်ခြောက်ခုနှင့် ဖြန့်ဖြူးရောင်းချသော ဆီပန့်ဆိုင်ပေါင်း(၁၆)ဆိုင်ဝန်းကျင်ရှိကြောင်း ဆီပန့်လုပ်ငန်းရှင်အသင်းမှ သိရသည်။