ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ အခြေခံပညာ အထက်တန်း အဆင့်ရှိသူ အမျိုးသား၊ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရရှိစေရန်၊ မူကြိုပညာရပ်များဖြင့် အသက် မွေးဝမ်းကျောင်း ပြုနိုင်စေရန်၊ မိမိတို့အိမ်၌ မူကြိုကျောင်းဖွင့်လှစ်နိုင်ရန်၊ ရင်သွေး ငယ်များကို ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်း များ နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်လိုသော မိဘများအနေဖြင့် မူကြိုကျောင်းသို့ ပို့ရန်မလိုဘဲ မိမိတို့အိမ်တွင် လေ့ကျင့်ပေးနိုင်ရန် အတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းကို ၂၀၁၆ခုနှစ် ၊ ဖေဖော်ဝါရီလ
၁၅ ရက်နေ့မှ မတ်လ ၆ ရက်နေ့ အထိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမူလတန်းကြို ကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ပြုစု ပျိုးထောင်ရေး ဆိုင်ရာ ကျွမ်းကျင်သော နည်းပြဆရာများက သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်း ပြီးဆုံးပါက အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ် ပေးအပ်သွားမည်ဖြစ်သည်။
သင်တန်းတွင် သင်တန်းကြေးအဖြစ် ငွေကျပ် (၂၅၀၀၀)ကို ပေးသွင်းရမည်ဖြစ်ပြီး ၊ နေထိုင်ရေးအတွက်
စီစဉ်ပေးသွားမည်ဖြစ်သည်။
သင်တန်းအား တက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နောက်ဆုံးထားကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းရုံး ဖုန်း (၀၈၄- ၂၂၅၂၉ ၊ ၀၉ ၄၂၀၇၀၇၆၁၉ )၊ တာချီလိတ် မူလတန်း ကြိုကျောင်းဖုန်း (၀၉၂၆၀၉၉၄၆၉၇၊ ၀၉၄၂၈၃၄၂၁၀၆ ၊ ၀၉၃၆၃၅၆၈၃၉)သို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။